တောင်ကိုရီးယားရဲ့ ကလေးမွေးဖွားမှုနှုန်း ကမ္ဘာ့အနိမ့်ဆုံးဖြစ်နေ

ဆိုးလ်၊ သြဂုတ်-၂၅-၂၀၂၂
မျိုးဆက်(VOM)

တောင်ကိုရီးယားနိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ အနိမ့်ဆုံးကျဆင်းသွားခြင်းနဲ့အတူ ကမ္ဘာ့ပေါ်မှာ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနိုင်ငံအဖြစ် မှတ်တမ်း၀င်သွားပါတယ်။

နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ အမျိုးသမီးတဦးကို ကလေးတဦးနှုန်းမွေးဖွားတဲ့ ၂၀၁၈ ခုနှစ်က နှုန်းထက် ပထမဆုံးအကြိမ်ကျဆင်းသွားတာဖြစ်ပါတယ်။

မွေးဖွားမှုနှုန်းဟာ ယခင်နှစ်ကထက် ၀ ဒသမ ၈၁ ရာခိုင်နှုန်းကျဆင်းသွားပြီး ယမန်နှစ်ကထက် သုံးမှတ်ကျဆင်းသွားကာ ခြောက်နှစ်ဆက်တိုက် ကျဆင်းမှုလည်းဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့အတိုးတက်ဆုံးသောနိုင်ငံတွေရဲ့ ပျှမ်းမျှကလေးမွေးဖွားမှုနှုန်းဟာ ၁ ဒသမ ၆ ရှိတာကြောင့် တောင်ကိုရီးယားရဲ့ မွေးဖွားမှုနှုန်းက အလွန်ကျဆင်းနေတာဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေအတွင်းမှာတော့ တောင်ကိုရီးယားအမျိုးသမီးတဦးဟာ ပျှမ်းမျှကလေးလေးယောက် မွေးဖွားခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ရွှေ့ပြောင်းအခြေချသူတွေမပါ၀င်ဘဲ နိုင်ငံ့လူဦးရေကို ထိန်းသိမ်းဖို့ရာမှာ စုံတွဲတတွဲကို ကလေးနှစ်ဦး မွေးဖွားဖို့လိုအပ်ပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW