နေအိမ်တွေ မီးရှို့ခံရပြီး အနာဂတ်ပျောက်ဆုံးနေရတဲ့ ယင်းမာပင်နယ်ထဲက လူငယ်များ

သြဂုတ် ၂၄-၂၀၂၂ Voice Of Myanmar(VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကပိုင်၊ သီးကုန်း၊ ပေါင်းဝ၊ ဝင်းကုန်း၊သလောက်ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၁၈) ရက်နေ့ကစပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ အဲ့ဒီရွာတွေထဲက အိမ်ခြေ (၈၀၀) ဝန်းကျင်ရှိတဲ့ကပိုင်ကျေးရွာမှာတော့ (၁၈) ရက်နေ့နဲ့ (၁၉) ရက်နေ့မှာ နေအိမ်တွေမီးရှိုခံရတာကြောင့် အိမ်ခြေ (၂၀၀) ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလိုမီးရှို့ခံရမှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့မိသားစုတွေထဲက လူငယ်တွေဟာ မိသားစုစားဝတ်နေရေးနဲ့အိုးအိမ်ပြန်လည်ထူထောင်နိုင်ဖို့ အတွက် တနယ်တကျေးနဲ့ ပြည်ပနိုင်ငံတွေအထိအလုပ်ထွက်လုပ်ဖို့ စဉ်းစားလာကြပါတယ်။ လက်ရှိမှာလည်း ပြည်ပမှာသွားရောက်အလုပ်လုပ်နေတဲ့လူငယ်တွေရှိနေပြီး တချို့ကတရားဝင်သွားကြသလို တချို့ကတရားမဝင်သွားကြတာတွေကြောင့် ဖမ်းဆီးခံရမှုတွေလည်းရှိနေပါတယ်။ ဒါပေမယ့် ကပိုင်ကျေးရွာက မီးဘေးသင့်လူငယ်တွေမှာတော့ ဒေသတွင်းမှာ အလုပ်အကိုင်ရှားပါးတဲ့အတွက် အိုးအိမ်ပြန်လည်ထူထောင်နိုင်ဖို့ မဖြစ်မနေသွားရောက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ထားသူတွေရှိနေကြပါတယ်။ #voiceofmyanmar #VOM #ယင်းမာပင် Youtube Link – https://youtu.be/-dmaMuQ6ct4

Read More

ဖျာပုံမှာ ထွေ/အုပ်ဝန်ထမ်း အမျိုးသမီး ၂ ဦးသေနတ်နဲ့ပစ်သတ်ခံရ

သြဂုတ်၊၂၃-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းအမျိုးသမီး ၂ ယောက်ဟာ ဒီနေ့ သြဂုတ်၂၃ ရက် နေ့လယ် ၂ နာရီကျော်လောက်က သေနတ်နဲ့ပစ်သတ်ခံရလို့ အခင်းဖြစ်နဲ့နေရာမှာပဲ သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိတဲ့ဒေသခံတွေဆီကနေ သိရပါတယ်။ သေနတ်နဲ့ပစ်သတ်ခံရတဲ့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းအမျိုးသမီး ၂ ယောက်ဟာ မနှင်းဝေခိုင်(စာရေး)နဲ့ အခြားဝန်ထမ်း မနိုးနိုးဝေတို့ဖြစ်ပြီး ဖျာပုံမြို့နယ်ရဲ့အစပ် ကျိုက်လတ်မြို့အထွက် ချောင်းတွင်းတံတားအဆင်းနားက KM စားသောက်ဆိုင်မှာ ထိုင်နေချိန် အမည်မသိ သေနတ်သမားတွေက လာရောက်ပစ်သတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ”ဒီကနေ့ နေ့လယ်၂ နာရီကျော်လောက်က ပစ်သတ်ခံရတာ ၊ ၁ ယောက်က အမှတ် ၁၅ ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးစာရေမပါ ၊နောက် ၁ ယောက်ကလည်း ဝန်ထမ်းဘာရာထူးလည်းတော့မသိဘူး ၊အဲ့ဒီကောင်းမလေး ၂ ယောက်က အတူတူ ရုံးသွားနေကျပါ ၊ စားသောက်ဆိုင်မှာထိုင်နေတုန်း…

Read More

ယူကရိန်း အရပ်ဘက်နဲ့ အစိုးရအခြေခံအဆောက်အအုံတွေကို ရုရှားကတိုက်ခိုက်ဖို့ စီစဉ်နေကြောင်း အမေရိကန်သတိပေး

၀ါရှင်တန်၊ သြဂုတ်-၂၃-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းရဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေနဲ့ အစိုးရအခြေခံအအောက်အအုံတွေကို ရုရှားက နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက သတိပေးလိုက်ပါတယ်။ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှု ခြောက်လပြည့်လည်းဖြစ် ယူကရိန်းလွတ်လပ်ရေးနေ့လည်းဖြစ်တဲ့ သြဂုတ် ၂၄ ရက်မတိုင်မီ အခုလို သတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံကနေ ယူကရိန်းလွတ်လပ်ရေးရရှိခဲ့တဲ့ အထိမ်းအမှတ်ပွဲတွေကို လက်ရှိအခြေအနေတွေကြောင့် မပြုလုပ်ဖို့ ယူကရိန်းအာဏာပိုင်တွေက တားမြစ်ထားပြီးဖြစ်ပါတယ်။ ရုရှားတို့သိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားဒေသမှာ ပေါက်ကွဲမှုတွေနဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဘက်အကြား တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။ စနေနေ့က မော်စကိုမှာဖြစ်ပွားခဲ့တဲ့ ကားဗုံးပေါက်ကွဲမှုမှာ ပူတင်မဟာမိတ်ရဲ့ သမီးဖြစ်သူ ဒါရီယာသေဆုံးခဲ့ပြီး ဒီတိုက်ခိုက်မှုကို ယူကရိန်းကပြုလုပ်တယ်လို့ ရုရှားကစွပ်စွဲထားပေမယ့် ယူကရိန်းကတော့ ငြင်းဆိုထားပါတယ်။ Ref: BBC Photo:AP #voiceofmyanmar #VOM #၀ါရှင်တန်

Read More

ဘင်္ဂလားဒေ့ရ်ှမှာ လျှပ်စစ်ချွေတာဖို့ ကျောင်းပိတ်ရက်တိုးပြီး ရုံးချိန်တွေလျှော့မယ်

ဒါကာ၊ သြဂုတ်-၂၃-၂၀၂၂ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုကို လျော့ပါးစေဖို့အတွက် တပတ်ကိုတရက် ကျောင်းပိတ်ရက်ကို ထပ်တိုးပြီး ရုံးချိန်တွေကိုလည်း လျှော့ချသွားမယ်လို့ အစိုးရတာ၀န်ရှိသူတဦးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ပြီးခဲ့တဲ့လကတည်းက နေ့စဉ်နှစ်နာရီကြာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေ ဖြစ်ပွားနေပါတယ်။ အစိုးရက ဓါတ်ဆီစျေးကို ၅၀ ရာခိုင်နှုန်းကျော် တိုးမြှင့်လိုက်ပြီးနောက်မှာ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေလည်း ဖြစ်ပွားနေပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် လောင်စာဆီတင်သွင်းမှုစရိတ်တွေ မြင့်တက်လာတာကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံခြားအရန်ငွေထားရှိမှုအပေါ် သက်ရောက်မှုတွေရှိနေပါတယ်။ လက်ရှိအခြေအနေအရ သောကြာနေ့မှာသာပိတ်ခဲ့တဲ့ စာသင်ကျောင်းတွေကို ယခုအခါ စနေနေ့မှာလည်း ပိတ်ထားတော့မယ်လို့ အစိုးရအဖွဲ့အတွင်းရေးမှူး Khandker Anwarul Islam ကပြောပါတယ်။ ပုံမှန်အားဖြင့် ဘင်္ဂလားဒေ့ရ်ှမှာရှိတဲ့ စာသင်ကျောင်းတွေဟာ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ စနေနဲ့ တနင်္ဂနွေနေ့ တပတ်ကို ၆ ရက်ဖွင့်ပါတယ်။ အစိုးရရုံးနဲ့ ဘဏ်တွေရဲ့ အလုပ်လုပ်ချိန်ကိုလည်း တရက်ကိုရှစ်နာရီအစား…

Read More

မန္တလေးမြို့ လမ်း၃၀ပေါ်မှာ ဟိုတယ်ဝန်ထမ်း လင်မယား သေနတ်နဲ့ပစ်သတ်ခံရ

ဩဂုတ် ၂၃-၂၀၂၂ Voice Of Myanmar မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀နဲ့ ၅၇လမ်းထောင့်မှာ ဒီကနေ့မနက်ပိုင်းက ဟိုတယ်ဝန်ထမ်း လင်မယား သေနတ်နဲ့ပစ်သတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတဦးကတော့ ” သေနတ်နဲ့ပစ်သွားတာတော့ အချက်ရေ တော်တော်များတယ်၊ သူတို့ကလည်း ဆိုင်ကယ်နဲ့ ပစ်သွားတဲ့သူတွေကလည်း ဆိုင်ကယ်နဲ့ပဲ၊ ဘာကြောင့်ပစ်သွားလဲဆိုတာတော့ စုံစမ်းနေတုန်းပဲ”လို့ ပြောပါတယ်။ သေနတ်နဲ့ပစ်ခံရတဲ့ လင်မယားဟာ လမ်း၃၀ ၅၆နဲ့၅၇လမ်းကြားကို ဆိုင်ကယ်စီးလာချိန် နံပါတ်မပါ ဆိုင်ကယ်နဲ့အမျိုးသား၂ဦးက အနောက်မှကပ်ပါလာပြီးသေနတ်အတိုနဲ့ အချက်ရေများစွာ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားဖြစ်သူ နောက်စေ့ ဖောက်ဝင်၁ချက်၊ ဘယ်လက်ညိုးရှပ်ထိ တချက်၊ ဝမ်းဗိုက်ဖေါက်ဝင်တချက်၊ ညာလက်ကောက်ရှက်ထိတချက်၊ အမျိုးသမီးဖြစ်သူက ဘယ်ဘက်ရင်အုပ် ဖောက်ဝင်ဒဏ်ရာတချက်နဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူ အမျိုးသားဖြစ်သူဟာ အထည်ရောင်းသူ အသက် ၄၃နှစ်ဖြစ်တယ်လို့ သိရပြီး အမျိုးသမီးဖြစ်သူက ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဟိုတယ်တခုရဲ့…

Read More

ဝါးခယ်မမြို့နယ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၅၆ ဦး ဖမ်းမိ

သြဂုတ်၊ ၂၃-၂၀၂၂ မင်းမြတ် ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့ ၊ သရွက်မြိုက်တံတား အနီးမှာ ရန်ကုန်မြို့ကိုသွားဖို့လာတဲ့ စက်လှေ ၁ စီးပေါ်ကနေ နိုင်ငံသားအထောက်အထားမဲ့သူ ၅၆ ယောက်ကို သြဂုတ်လ ၂၁ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကနေသိရပါတယ်။ ရန်ကုန်ကို သွားမယ့် စက်လှေ ၁ စီးပေါ်မှာ နိုင်ငံသား အထောက်အထားမဲ့သူတွေပါတယ်ဆိုတဲ့ သတင်းအရ သရက်မြိုက်တံတားအနီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က စောင်းဆိုင်းဖမ်းဆီးခဲ့တာလို့သိရပြီး နိုင်ငံသား အထောက်အထားမဲ့သူတွေကို စက်လှေနဲ့လိုက်ပို့သူကိုလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ “မနက်ပိုင်းဖမ်းမိတာ စက်လှေကို စောင့်ပြီး စစ်ဆေးပြီးတော့ ဖမ်းမိတာပါ ၊ရန်ကုန်ဘက်ကိုသွားမှာ လို့သိရတယ် ၊ ကျား အယောက် ၃၀ နဲ့ မ ကလေးတွေ အပါ ၂၆ ယောက်ပါ ၊ အားလုံး ၅၆ ယောက်လို့သိရတယ် ”လို့ ရဲတပ်ဖွဲ့နဲ့…

Read More

ဖမ်းဆီးခံရသူတွေကို နောက်ထပ်သတ်ဖြတ်မှုတွေမလုပ်ဖို့ မိသားစုဝင်တွေတောင်းဆို

သြဂုတ် ၂၃-၂၀၂၂ Voice Of Myanmar မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ကျေးရွာက ဒေသခံပြည်သူ(၂၀)ဝန်းကျင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၂) ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် ဓားစာခံအဖြစ် ခေါ်ဆောင်သွားခံခဲ့ရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ အခုလို ခေါ်ဆောင်သွားတာကြောင့် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေက စိုးရိမ်နေခဲ့ပေမယ့် အနီးနားကျေးရွာတွေက အခုလိုဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသူတွေက ‘အချိန်တန်ရင်ပြန်လွှတ်ပေးမှာပါ ဘာမှမဖြစ်ဘူး’ဆိုတဲ့ အားပေးနှစ်သိမ့်စကားတွေကြောင့် ပြန်လာချိန်ကို ယုံကြည်စွာစောင့်မျှော်နေခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် (၁၀)ရက်ကျော်အကြာမှာတော့ ဖမ်းဆီခေါ်ဆောင်ခံရသူတွေထဲက ကိုဌေးလွင်နဲ့ကိုမောင်တာဆိုသူကို သတ်ထားခဲ့ပြီဆိုတဲ့သတင်းဟာ သေဆုံးသူမိသားစုဝင်တွေဆီကို ကြားသိခဲ့ရပါတယ်။ အသတ်ခံရသူ ကိုဌေးလွင်မှာ ဇနီးနဲ့အရွယ်မရောက်သေးတဲ့ သားနှစ်ယောက်ကျန်ရစ်ခဲ့ပြီး လက်ရှိမှာတော့ အဖေမဲ့သွားတဲ့ဘဝနဲ့ လောကဓံကိုအန်တုနေကြရပါတယ်။ ကိုဌေးလွင်ဟာ မိသားစုကို ထန်းတက်ပြီးလုပ်ကိုင်ကျွေးမွေးနေတဲ့ တောသူတောင်သားဖြစ်ရက်နဲ့ အခုလိုသတ်ဖြတ်ခံလိုက်တဲ့အပေါ် မိသားစုဝင်တွေအနေနဲ့ များစွာယူကြုံးမရဖြစ်နေပြီး နောက်နောင် အခုလိုမသတ်ဖြတ် မိသားစုဝင်တွေက တောင်းဆိုထားကြပါတယ်။ အခုလို အဖြစ်အပျက်တွေကြောင့် တချို့မိသားစု‌ဝင်တွေမှာလည်း ဒီကနေ့အချိန်ထိ…

Read More

ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်းအိုင်မရာခန်း တရားစွဲခံရ ၊ သူ့ကိုဖမ်းရင် မြို့တော်ကို သိမ်းမယ်လို့ ထောက်ခံသူတွေ ခြိမ်းခြောက်

အစ္စလာမ္မာဘတ်၊ သြဂုတ်-၂၂-၂၀၂၂ မျိုးဆက်(VOM) ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ သြဂုတ် ၂၁ ရက်မှာ တာ၀န်ရှိသူတွေက တရားစွဲဆိုလိုက်ပါတယ်။ သူ့ရဲ့အနီးကပ်လက်ထောက်တစ်ဦးကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်တယ်လို့ ရဲနဲ့တရားရေးဌာနတို့ကို ၀န်ကြီးချုပ်ဟောင်းက စွပ်စွဲပြီးနောက် သူ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မစ္စတာခန်းက အစ္စလာမ္မာဘတ်ရဲချုပ်နဲ့ အမျိုးသမီးတရားသူကြီးတဦးတို့ကို သြဂုတ် ၂၀ ရက်မှာ ပြောကြေားတဲ့ လူသိရှင်ကြားမိန့်ခွန်းတရပ်မှာ ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုခဲ့ပါတယ်။ ဒီလို နိုင်ငံတော်အဆင့်ပုဂ္ဂိုဟ်တွေကို ခြိမ်းခြောက်ပြောဆိုတာဟာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ တာ၀န်ရှိသူတွေကစွပ်စွဲထားပါတယ်။ အိုင်မရာခန်း ဖမ်းဆီးခံရပါက မြို့ကိုသိမ်းယူသွားမှာဖြစ်ကြောင်း သူ့ရဲ့နေအိမ်ပြင်မှာ ရောက်ရှိနေတဲ့ ထောက်ခံသူတွေက ကတိပြုပြောဆိုပါတယ်။ အဲဒီနေရာကို ရောက်ရှိနေတဲ့ ရဲတွေကတော့ ၀န်ကြီးချုပ်ဟောင်းကို ဖမ်းဆီးဖို့ မဟုတ်ဘဲ ဥပဒေစိုးမိုးရေး ထိန်းသိမ်းဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ အယုံအကြည်မရှိအဆိုတင်သွင်းမှုကြောင့် ဧပြီလမှာ ရာထူးမှထွက်ခွာသွားပြီးနောက်ပိုင်း ၀န်ကြီးချုပ်ဟောင်း မစ္စတာခန်းဟာ လက်ရှိပါကစ္စတန်အစိုးရနဲ့…

Read More

ကိုဗစ်သတ္တမလှိုင်းအတွင်း ဂျပန်၀န်ကြီးချုပ်ကီရှီဒါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရ

တိုကျို၊ သြဂုတ်-၂၂-၂၀၂၂ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ သတ္တမလှိုင်းဖြစ်ပွားနေချိန်မှာ ၀န်ကြီးချုပ် ကီရှီဒါဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရကြောင်း ဂျပန်အစိုးရတာ၀န်ရှိသူတွေက သြဂုတ် ၂၁ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ ၀န်ကြီးချုပ် ကီရှီဒါဟာ သြဂုတ် ၂၀ ရက်ညမှာ အနည်းငယ် ဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေ ဖြစ်ပွားပြီးနောက် သြဂုတ် ၂၁ ရက်နံနက်ပိုင်းမှာ စစ်ဆေးမှုပြုခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်နေတာကို တွေ့ရှိခဲ့ရကြောင်း အစိုးရအဖွဲ့ အတွင်းရေးမှူးကပြောပါတယ်။ လက်ရှိမှာတော့ ၀န်ကြီးချုပ်ဟာ နေအိမ်မှာသီးခြားခွဲနေထိုင်နေပြီး ရောဂါကူးစက်နေကြောင်း စစ်ဆေးမှုမပြုမီ ဇနီးဖြစ်သူ ယူကိုနဲ့ အခြားမိသားစု၀င်တွေနဲ့သာ အနီးကပ်အဆက်အသွယ်ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ သူ့ကို ရောဂါကူးစက်ခဲ့တဲ့ လမ်းကြောင်းကိုတော့ မသိရသေးပါဘူး။ ၀န်ကြီးချုပ်ကာရှီဒါဟာ ပြီးခဲ့တဲ့ ရက်တ္တပတ်က သူ့ရဲ့နွေရာသီအားလပ်ရက် ကုန်ဆုံးခဲ့ပြီး သြဂုတ် ၂၂ ရက်မှာ တာ၀န်ပြန်လည်ထမ်းဆောင်ဖို့ စီစဉ်ထားပေမယ့်…

Read More

ရှမ်းနီ စာပေနဲ့ယဥ်ကျေးမှု ကော်မတီဝင် ဘုန်းကြီး ၁ ပါးနဲ့လူ ၃ ဦးကို KIAက ဖမ်းဆီးသွားတယ်လို့သိရ

  သြဂုတ် ၊ ၂၂ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့နယ် ၊ ကြောင်လည်ကျေးရွာ ဘုန်းကြီးကျောင်းမှာ သီတင်းသုံးတဲ့ ရှမ်းနီဘုန်းကြီး ၁ ပါးအပါအဝင် လူပုဂ္ဂိုလ် ၃ ဦးကို KIAက မနေ့ သြဂုတ် ၂၁ ရက် ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရှမ်းနီရေးရာ စာပေနဲ့ယဥ်ကျေးမှုကော်မတီအဖွဲ့ဝင်တွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်းက ရွာထဲကို KIA တွေဝင်လာပြီး ဖမ်းဆီးခေါ်သွားတာပါ ၊ ဗုဒ္ဓတရားတော်တွေကို ရှမ်းနီဘာသာ စာပေနဲ့ ပြုစုနေတဲ့ ဆရာတော် ဥူးသူရိယ သက်တော် ၅၆ နှစ် ၊ ဝါတော် ၂၀ ရ ဆရာတော်ပင်းခါးလမ်းဆုံကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူး ဦးဝင်းစိုး ၊ ကျောင်းဆရာ ဦးအောင်ပန်း…

Read More
VOM News

FREE
VIEW