ဘင်္ဂလားဒေ့ရ်ှမှာ လျှပ်စစ်ချွေတာဖို့ ကျောင်းပိတ်ရက်တိုးပြီး ရုံးချိန်တွေလျှော့မယ်

ဒါကာ၊ သြဂုတ်-၂၃-၂၀၂၂
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုကို လျော့ပါးစေဖို့အတွက် တပတ်ကိုတရက် ကျောင်းပိတ်ရက်ကို ထပ်တိုးပြီး ရုံးချိန်တွေကိုလည်း လျှော့ချသွားမယ်လို့ အစိုးရတာ၀န်ရှိသူတဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ပြီးခဲ့တဲ့လကတည်းက နေ့စဉ်နှစ်နာရီကြာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေ ဖြစ်ပွားနေပါတယ်။

အစိုးရက ဓါတ်ဆီစျေးကို ၅၀ ရာခိုင်နှုန်းကျော် တိုးမြှင့်လိုက်ပြီးနောက်မှာ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေလည်း ဖြစ်ပွားနေပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် လောင်စာဆီတင်သွင်းမှုစရိတ်တွေ မြင့်တက်လာတာကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံခြားအရန်ငွေထားရှိမှုအပေါ် သက်ရောက်မှုတွေရှိနေပါတယ်။

လက်ရှိအခြေအနေအရ သောကြာနေ့မှာသာပိတ်ခဲ့တဲ့ စာသင်ကျောင်းတွေကို ယခုအခါ စနေနေ့မှာလည်း ပိတ်ထားတော့မယ်လို့ အစိုးရအဖွဲ့အတွင်းရေးမှူး Khandker Anwarul Islam ကပြောပါတယ်။

ပုံမှန်အားဖြင့် ဘင်္ဂလားဒေ့ရ်ှမှာရှိတဲ့ စာသင်ကျောင်းတွေဟာ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ စနေနဲ့ တနင်္ဂနွေနေ့ တပတ်ကို ၆ ရက်ဖွင့်ပါတယ်။

အစိုးရရုံးနဲ့ ဘဏ်တွေရဲ့ အလုပ်လုပ်ချိန်ကိုလည်း တရက်ကိုရှစ်နာရီအစား ခုနှစ်နာရီသတ်မှတ်မှာဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီတွေကိုတော့ သူတို့ရဲ့ ကိုယ်ပိုင်အချိန်ဇယားအတိုင်း စီမံခွင့်ပေးမယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW