နေအိမ်တွေ မီးရှို့ခံရပြီး အနာဂတ်ပျောက်ဆုံးနေရတဲ့ ယင်းမာပင်နယ်ထဲက လူငယ်များ

သြဂုတ် ၂၄-၂၀၂၂ Voice Of Myanmar(VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကပိုင်၊ သီးကုန်း၊ ပေါင်းဝ၊ ဝင်းကုန်း၊သလောက်ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၁၈) ရက်နေ့ကစပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ အဲ့ဒီရွာတွေထဲက အိမ်ခြေ (၈၀၀) ဝန်းကျင်ရှိတဲ့ကပိုင်ကျေးရွာမှာတော့ (၁၈) ရက်နေ့နဲ့ (၁၉) ရက်နေ့မှာ နေအိမ်တွေမီးရှိုခံရတာကြောင့် အိမ်ခြေ (၂၀၀) ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလိုမီးရှို့ခံရမှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့မိသားစုတွေထဲက လူငယ်တွေဟာ မိသားစုစားဝတ်နေရေးနဲ့အိုးအိမ်ပြန်လည်ထူထောင်နိုင်ဖို့ အတွက် တနယ်တကျေးနဲ့ ပြည်ပနိုင်ငံတွေအထိအလုပ်ထွက်လုပ်ဖို့ စဉ်းစားလာကြပါတယ်။ လက်ရှိမှာလည်း ပြည်ပမှာသွားရောက်အလုပ်လုပ်နေတဲ့လူငယ်တွေရှိနေပြီး တချို့ကတရားဝင်သွားကြသလို တချို့ကတရားမဝင်သွားကြတာတွေကြောင့် ဖမ်းဆီးခံရမှုတွေလည်းရှိနေပါတယ်။ ဒါပေမယ့် ကပိုင်ကျေးရွာက မီးဘေးသင့်လူငယ်တွေမှာတော့ ဒေသတွင်းမှာ အလုပ်အကိုင်ရှားပါးတဲ့အတွက် အိုးအိမ်ပြန်လည်ထူထောင်နိုင်ဖို့ မဖြစ်မနေသွားရောက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ထားသူတွေရှိနေကြပါတယ်။ #voiceofmyanmar #VOM #ယင်းမာပင် Youtube Link – https://youtu.be/-dmaMuQ6ct4

Read More

ဖျာပုံမှာ ထွေ/အုပ်ဝန်ထမ်း အမျိုးသမီး ၂ ဦးသေနတ်နဲ့ပစ်သတ်ခံရ

သြဂုတ်၊၂၃-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းအမျိုးသမီး ၂ ယောက်ဟာ ဒီနေ့ သြဂုတ်၂၃ ရက် နေ့လယ် ၂ နာရီကျော်လောက်က သေနတ်နဲ့ပစ်သတ်ခံရလို့ အခင်းဖြစ်နဲ့နေရာမှာပဲ သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိတဲ့ဒေသခံတွေဆီကနေ သိရပါတယ်။ သေနတ်နဲ့ပစ်သတ်ခံရတဲ့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းအမျိုးသမီး ၂ ယောက်ဟာ မနှင်းဝေခိုင်(စာရေး)နဲ့ အခြားဝန်ထမ်း မနိုးနိုးဝေတို့ဖြစ်ပြီး ဖျာပုံမြို့နယ်ရဲ့အစပ် ကျိုက်လတ်မြို့အထွက် ချောင်းတွင်းတံတားအဆင်းနားက KM စားသောက်ဆိုင်မှာ ထိုင်နေချိန် အမည်မသိ သေနတ်သမားတွေက လာရောက်ပစ်သတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ”ဒီကနေ့ နေ့လယ်၂ နာရီကျော်လောက်က ပစ်သတ်ခံရတာ ၊ ၁ ယောက်က အမှတ် ၁၅ ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးစာရေမပါ ၊နောက် ၁ ယောက်ကလည်း ဝန်ထမ်းဘာရာထူးလည်းတော့မသိဘူး ၊အဲ့ဒီကောင်းမလေး ၂ ယောက်က အတူတူ ရုံးသွားနေကျပါ ၊ စားသောက်ဆိုင်မှာထိုင်နေတုန်း…

Read More

ယူကရိန်း အရပ်ဘက်နဲ့ အစိုးရအခြေခံအဆောက်အအုံတွေကို ရုရှားကတိုက်ခိုက်ဖို့ စီစဉ်နေကြောင်း အမေရိကန်သတိပေး

၀ါရှင်တန်၊ သြဂုတ်-၂၃-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းရဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေနဲ့ အစိုးရအခြေခံအအောက်အအုံတွေကို ရုရှားက နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက သတိပေးလိုက်ပါတယ်။ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှု ခြောက်လပြည့်လည်းဖြစ် ယူကရိန်းလွတ်လပ်ရေးနေ့လည်းဖြစ်တဲ့ သြဂုတ် ၂၄ ရက်မတိုင်မီ အခုလို သတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံကနေ ယူကရိန်းလွတ်လပ်ရေးရရှိခဲ့တဲ့ အထိမ်းအမှတ်ပွဲတွေကို လက်ရှိအခြေအနေတွေကြောင့် မပြုလုပ်ဖို့ ယူကရိန်းအာဏာပိုင်တွေက တားမြစ်ထားပြီးဖြစ်ပါတယ်။ ရုရှားတို့သိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားဒေသမှာ ပေါက်ကွဲမှုတွေနဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဘက်အကြား တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။ စနေနေ့က မော်စကိုမှာဖြစ်ပွားခဲ့တဲ့ ကားဗုံးပေါက်ကွဲမှုမှာ ပူတင်မဟာမိတ်ရဲ့ သမီးဖြစ်သူ ဒါရီယာသေဆုံးခဲ့ပြီး ဒီတိုက်ခိုက်မှုကို ယူကရိန်းကပြုလုပ်တယ်လို့ ရုရှားကစွပ်စွဲထားပေမယ့် ယူကရိန်းကတော့ ငြင်းဆိုထားပါတယ်။ Ref: BBC Photo:AP #voiceofmyanmar #VOM #၀ါရှင်တန်

Read More

ဘင်္ဂလားဒေ့ရ်ှမှာ လျှပ်စစ်ချွေတာဖို့ ကျောင်းပိတ်ရက်တိုးပြီး ရုံးချိန်တွေလျှော့မယ်

ဒါကာ၊ သြဂုတ်-၂၃-၂၀၂၂ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုကို လျော့ပါးစေဖို့အတွက် တပတ်ကိုတရက် ကျောင်းပိတ်ရက်ကို ထပ်တိုးပြီး ရုံးချိန်တွေကိုလည်း လျှော့ချသွားမယ်လို့ အစိုးရတာ၀န်ရှိသူတဦးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ပြီးခဲ့တဲ့လကတည်းက နေ့စဉ်နှစ်နာရီကြာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေ ဖြစ်ပွားနေပါတယ်။ အစိုးရက ဓါတ်ဆီစျေးကို ၅၀ ရာခိုင်နှုန်းကျော် တိုးမြှင့်လိုက်ပြီးနောက်မှာ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေလည်း ဖြစ်ပွားနေပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် လောင်စာဆီတင်သွင်းမှုစရိတ်တွေ မြင့်တက်လာတာကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံခြားအရန်ငွေထားရှိမှုအပေါ် သက်ရောက်မှုတွေရှိနေပါတယ်။ လက်ရှိအခြေအနေအရ သောကြာနေ့မှာသာပိတ်ခဲ့တဲ့ စာသင်ကျောင်းတွေကို ယခုအခါ စနေနေ့မှာလည်း ပိတ်ထားတော့မယ်လို့ အစိုးရအဖွဲ့အတွင်းရေးမှူး Khandker Anwarul Islam ကပြောပါတယ်။ ပုံမှန်အားဖြင့် ဘင်္ဂလားဒေ့ရ်ှမှာရှိတဲ့ စာသင်ကျောင်းတွေဟာ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ စနေနဲ့ တနင်္ဂနွေနေ့ တပတ်ကို ၆ ရက်ဖွင့်ပါတယ်။ အစိုးရရုံးနဲ့ ဘဏ်တွေရဲ့ အလုပ်လုပ်ချိန်ကိုလည်း တရက်ကိုရှစ်နာရီအစား…

Read More

မန္တလေးမြို့ လမ်း၃၀ပေါ်မှာ ဟိုတယ်ဝန်ထမ်း လင်မယား သေနတ်နဲ့ပစ်သတ်ခံရ

ဩဂုတ် ၂၃-၂၀၂၂ Voice Of Myanmar မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀နဲ့ ၅၇လမ်းထောင့်မှာ ဒီကနေ့မနက်ပိုင်းက ဟိုတယ်ဝန်ထမ်း လင်မယား သေနတ်နဲ့ပစ်သတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတဦးကတော့ ” သေနတ်နဲ့ပစ်သွားတာတော့ အချက်ရေ တော်တော်များတယ်၊ သူတို့ကလည်း ဆိုင်ကယ်နဲ့ ပစ်သွားတဲ့သူတွေကလည်း ဆိုင်ကယ်နဲ့ပဲ၊ ဘာကြောင့်ပစ်သွားလဲဆိုတာတော့ စုံစမ်းနေတုန်းပဲ”လို့ ပြောပါတယ်။ သေနတ်နဲ့ပစ်ခံရတဲ့ လင်မယားဟာ လမ်း၃၀ ၅၆နဲ့၅၇လမ်းကြားကို ဆိုင်ကယ်စီးလာချိန် နံပါတ်မပါ ဆိုင်ကယ်နဲ့အမျိုးသား၂ဦးက အနောက်မှကပ်ပါလာပြီးသေနတ်အတိုနဲ့ အချက်ရေများစွာ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားဖြစ်သူ နောက်စေ့ ဖောက်ဝင်၁ချက်၊ ဘယ်လက်ညိုးရှပ်ထိ တချက်၊ ဝမ်းဗိုက်ဖေါက်ဝင်တချက်၊ ညာလက်ကောက်ရှက်ထိတချက်၊ အမျိုးသမီးဖြစ်သူက ဘယ်ဘက်ရင်အုပ် ဖောက်ဝင်ဒဏ်ရာတချက်နဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူ အမျိုးသားဖြစ်သူဟာ အထည်ရောင်းသူ အသက် ၄၃နှစ်ဖြစ်တယ်လို့ သိရပြီး အမျိုးသမီးဖြစ်သူက ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဟိုတယ်တခုရဲ့…

Read More

ဝါးခယ်မမြို့နယ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၅၆ ဦး ဖမ်းမိ

သြဂုတ်၊ ၂၃-၂၀၂၂ မင်းမြတ် ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့ ၊ သရွက်မြိုက်တံတား အနီးမှာ ရန်ကုန်မြို့ကိုသွားဖို့လာတဲ့ စက်လှေ ၁ စီးပေါ်ကနေ နိုင်ငံသားအထောက်အထားမဲ့သူ ၅၆ ယောက်ကို သြဂုတ်လ ၂၁ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကနေသိရပါတယ်။ ရန်ကုန်ကို သွားမယ့် စက်လှေ ၁ စီးပေါ်မှာ နိုင်ငံသား အထောက်အထားမဲ့သူတွေပါတယ်ဆိုတဲ့ သတင်းအရ သရက်မြိုက်တံတားအနီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က စောင်းဆိုင်းဖမ်းဆီးခဲ့တာလို့သိရပြီး နိုင်ငံသား အထောက်အထားမဲ့သူတွေကို စက်လှေနဲ့လိုက်ပို့သူကိုလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ “မနက်ပိုင်းဖမ်းမိတာ စက်လှေကို စောင့်ပြီး စစ်ဆေးပြီးတော့ ဖမ်းမိတာပါ ၊ရန်ကုန်ဘက်ကိုသွားမှာ လို့သိရတယ် ၊ ကျား အယောက် ၃၀ နဲ့ မ ကလေးတွေ အပါ ၂၆ ယောက်ပါ ၊ အားလုံး ၅၆ ယောက်လို့သိရတယ် ”လို့ ရဲတပ်ဖွဲ့နဲ့…

Read More
VOM News

FREE
VIEW