နေအိမ်တွေ မီးရှို့ခံရပြီး အနာဂတ်ပျောက်ဆုံးနေရတဲ့ ယင်းမာပင်နယ်ထဲက လူငယ်များ

သြဂုတ် ၂၄-၂၀၂၂
Voice Of Myanmar(VOM)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကပိုင်၊ သီးကုန်း၊ ပေါင်းဝ၊ ဝင်းကုန်း၊သလောက်ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၁၈) ရက်နေ့ကစပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

အဲ့ဒီရွာတွေထဲက အိမ်ခြေ (၈၀၀) ဝန်းကျင်ရှိတဲ့ကပိုင်ကျေးရွာမှာတော့ (၁၈) ရက်နေ့နဲ့ (၁၉) ရက်နေ့မှာ နေအိမ်တွေမီးရှိုခံရတာကြောင့် အိမ်ခြေ (၂၀၀) ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလိုမီးရှို့ခံရမှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့မိသားစုတွေထဲက လူငယ်တွေဟာ မိသားစုစားဝတ်နေရေးနဲ့အိုးအိမ်ပြန်လည်ထူထောင်နိုင်ဖို့ အတွက် တနယ်တကျေးနဲ့ ပြည်ပနိုင်ငံတွေအထိအလုပ်ထွက်လုပ်ဖို့ စဉ်းစားလာကြပါတယ်။

လက်ရှိမှာလည်း ပြည်ပမှာသွားရောက်အလုပ်လုပ်နေတဲ့လူငယ်တွေရှိနေပြီး တချို့ကတရားဝင်သွားကြသလို တချို့ကတရားမဝင်သွားကြတာတွေကြောင့် ဖမ်းဆီးခံရမှုတွေလည်းရှိနေပါတယ်။

ဒါပေမယ့် ကပိုင်ကျေးရွာက မီးဘေးသင့်လူငယ်တွေမှာတော့ ဒေသတွင်းမှာ အလုပ်အကိုင်ရှားပါးတဲ့အတွက် အိုးအိမ်ပြန်လည်ထူထောင်နိုင်ဖို့ မဖြစ်မနေသွားရောက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ထားသူတွေရှိနေကြပါတယ်။

#voiceofmyanmar #VOM #ယင်းမာပင်

Youtube Link – https://youtu.be/-dmaMuQ6ct4

Related posts

VOM News

FREE
VIEW