ဖမ်းဆီးခံရသူတွေကို နောက်ထပ်သတ်ဖြတ်မှုတွေမလုပ်ဖို့ မိသားစုဝင်တွေတောင်းဆို

သြဂုတ် ၂၃-၂၀၂၂
Voice Of Myanmar

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ကျေးရွာက ဒေသခံပြည်သူ(၂၀)ဝန်းကျင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၂) ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် ဓားစာခံအဖြစ် ခေါ်ဆောင်သွားခံခဲ့ရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

အခုလို ခေါ်ဆောင်သွားတာကြောင့် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေက စိုးရိမ်နေခဲ့ပေမယ့် အနီးနားကျေးရွာတွေက အခုလိုဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသူတွေက ‘အချိန်တန်ရင်ပြန်လွှတ်ပေးမှာပါ ဘာမှမဖြစ်ဘူး’ဆိုတဲ့ အားပေးနှစ်သိမ့်စကားတွေကြောင့် ပြန်လာချိန်ကို ယုံကြည်စွာစောင့်မျှော်နေခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမယ့် (၁၀)ရက်ကျော်အကြာမှာတော့ ဖမ်းဆီခေါ်ဆောင်ခံရသူတွေထဲက ကိုဌေးလွင်နဲ့ကိုမောင်တာဆိုသူကို သတ်ထားခဲ့ပြီဆိုတဲ့သတင်းဟာ သေဆုံးသူမိသားစုဝင်တွေဆီကို ကြားသိခဲ့ရပါတယ်။

အသတ်ခံရသူ ကိုဌေးလွင်မှာ ဇနီးနဲ့အရွယ်မရောက်သေးတဲ့ သားနှစ်ယောက်ကျန်ရစ်ခဲ့ပြီး လက်ရှိမှာတော့ အဖေမဲ့သွားတဲ့ဘဝနဲ့ လောကဓံကိုအန်တုနေကြရပါတယ်။

ကိုဌေးလွင်ဟာ မိသားစုကို ထန်းတက်ပြီးလုပ်ကိုင်ကျွေးမွေးနေတဲ့ တောသူတောင်သားဖြစ်ရက်နဲ့ အခုလိုသတ်ဖြတ်ခံလိုက်တဲ့အပေါ် မိသားစုဝင်တွေအနေနဲ့ များစွာယူကြုံးမရဖြစ်နေပြီး နောက်နောင် အခုလိုမသတ်ဖြတ် မိသားစုဝင်တွေက တောင်းဆိုထားကြပါတယ်။

အခုလို အဖြစ်အပျက်တွေကြောင့် တချို့မိသားစု‌ဝင်တွေမှာလည်း ဒီကနေ့အချိန်ထိ ရွာကိုမပြန်ရဲကြသေးဘဲ ဆွေမျိုးသားချင်းအိမ်တွေမှာ အခက်အခဲတွေနဲ့ခိုလှုံနေကြရတယ်လို့ သိရပါတယ်၊

#voiceofmyanmar #VOM #မကွေး #မြိုင်နယ်

Youtube Link – https://youtu.be/25SThyDFtzI

Related posts

Leave a Comment

VOM News

FREE
VIEW