ဖမ်းဆီးခံရသူတွေကို နောက်ထပ်သတ်ဖြတ်မှုတွေမလုပ်ဖို့ မိသားစုဝင်တွေတောင်းဆို

သြဂုတ် ၂၃-၂၀၂၂ Voice Of Myanmar မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ကျေးရွာက ဒေသခံပြည်သူ(၂၀)ဝန်းကျင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၂) ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် ဓားစာခံအဖြစ် ခေါ်ဆောင်သွားခံခဲ့ရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ အခုလို ခေါ်ဆောင်သွားတာကြောင့် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေက စိုးရိမ်နေခဲ့ပေမယ့် အနီးနားကျေးရွာတွေက အခုလိုဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသူတွေက ‘အချိန်တန်ရင်ပြန်လွှတ်ပေးမှာပါ ဘာမှမဖြစ်ဘူး’ဆိုတဲ့ အားပေးနှစ်သိမ့်စကားတွေကြောင့် ပြန်လာချိန်ကို ယုံကြည်စွာစောင့်မျှော်နေခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် (၁၀)ရက်ကျော်အကြာမှာတော့ ဖမ်းဆီခေါ်ဆောင်ခံရသူတွေထဲက ကိုဌေးလွင်နဲ့ကိုမောင်တာဆိုသူကို သတ်ထားခဲ့ပြီဆိုတဲ့သတင်းဟာ သေဆုံးသူမိသားစုဝင်တွေဆီကို ကြားသိခဲ့ရပါတယ်။ အသတ်ခံရသူ ကိုဌေးလွင်မှာ ဇနီးနဲ့အရွယ်မရောက်သေးတဲ့ သားနှစ်ယောက်ကျန်ရစ်ခဲ့ပြီး လက်ရှိမှာတော့ အဖေမဲ့သွားတဲ့ဘဝနဲ့ လောကဓံကိုအန်တုနေကြရပါတယ်။ ကိုဌေးလွင်ဟာ မိသားစုကို ထန်းတက်ပြီးလုပ်ကိုင်ကျွေးမွေးနေတဲ့ တောသူတောင်သားဖြစ်ရက်နဲ့ အခုလိုသတ်ဖြတ်ခံလိုက်တဲ့အပေါ် မိသားစုဝင်တွေအနေနဲ့ များစွာယူကြုံးမရဖြစ်နေပြီး နောက်နောင် အခုလိုမသတ်ဖြတ် မိသားစုဝင်တွေက တောင်းဆိုထားကြပါတယ်။ အခုလို အဖြစ်အပျက်တွေကြောင့် တချို့မိသားစု‌ဝင်တွေမှာလည်း ဒီကနေ့အချိန်ထိ…

Read More

ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်းအိုင်မရာခန်း တရားစွဲခံရ ၊ သူ့ကိုဖမ်းရင် မြို့တော်ကို သိမ်းမယ်လို့ ထောက်ခံသူတွေ ခြိမ်းခြောက်

အစ္စလာမ္မာဘတ်၊ သြဂုတ်-၂၂-၂၀၂၂ မျိုးဆက်(VOM) ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ သြဂုတ် ၂၁ ရက်မှာ တာ၀န်ရှိသူတွေက တရားစွဲဆိုလိုက်ပါတယ်။ သူ့ရဲ့အနီးကပ်လက်ထောက်တစ်ဦးကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်တယ်လို့ ရဲနဲ့တရားရေးဌာနတို့ကို ၀န်ကြီးချုပ်ဟောင်းက စွပ်စွဲပြီးနောက် သူ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မစ္စတာခန်းက အစ္စလာမ္မာဘတ်ရဲချုပ်နဲ့ အမျိုးသမီးတရားသူကြီးတဦးတို့ကို သြဂုတ် ၂၀ ရက်မှာ ပြောကြေားတဲ့ လူသိရှင်ကြားမိန့်ခွန်းတရပ်မှာ ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုခဲ့ပါတယ်။ ဒီလို နိုင်ငံတော်အဆင့်ပုဂ္ဂိုဟ်တွေကို ခြိမ်းခြောက်ပြောဆိုတာဟာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ တာ၀န်ရှိသူတွေကစွပ်စွဲထားပါတယ်။ အိုင်မရာခန်း ဖမ်းဆီးခံရပါက မြို့ကိုသိမ်းယူသွားမှာဖြစ်ကြောင်း သူ့ရဲ့နေအိမ်ပြင်မှာ ရောက်ရှိနေတဲ့ ထောက်ခံသူတွေက ကတိပြုပြောဆိုပါတယ်။ အဲဒီနေရာကို ရောက်ရှိနေတဲ့ ရဲတွေကတော့ ၀န်ကြီးချုပ်ဟောင်းကို ဖမ်းဆီးဖို့ မဟုတ်ဘဲ ဥပဒေစိုးမိုးရေး ထိန်းသိမ်းဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ အယုံအကြည်မရှိအဆိုတင်သွင်းမှုကြောင့် ဧပြီလမှာ ရာထူးမှထွက်ခွာသွားပြီးနောက်ပိုင်း ၀န်ကြီးချုပ်ဟောင်း မစ္စတာခန်းဟာ လက်ရှိပါကစ္စတန်အစိုးရနဲ့…

Read More

ကိုဗစ်သတ္တမလှိုင်းအတွင်း ဂျပန်၀န်ကြီးချုပ်ကီရှီဒါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရ

တိုကျို၊ သြဂုတ်-၂၂-၂၀၂၂ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ သတ္တမလှိုင်းဖြစ်ပွားနေချိန်မှာ ၀န်ကြီးချုပ် ကီရှီဒါဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရကြောင်း ဂျပန်အစိုးရတာ၀န်ရှိသူတွေက သြဂုတ် ၂၁ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ ၀န်ကြီးချုပ် ကီရှီဒါဟာ သြဂုတ် ၂၀ ရက်ညမှာ အနည်းငယ် ဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေ ဖြစ်ပွားပြီးနောက် သြဂုတ် ၂၁ ရက်နံနက်ပိုင်းမှာ စစ်ဆေးမှုပြုခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်နေတာကို တွေ့ရှိခဲ့ရကြောင်း အစိုးရအဖွဲ့ အတွင်းရေးမှူးကပြောပါတယ်။ လက်ရှိမှာတော့ ၀န်ကြီးချုပ်ဟာ နေအိမ်မှာသီးခြားခွဲနေထိုင်နေပြီး ရောဂါကူးစက်နေကြောင်း စစ်ဆေးမှုမပြုမီ ဇနီးဖြစ်သူ ယူကိုနဲ့ အခြားမိသားစု၀င်တွေနဲ့သာ အနီးကပ်အဆက်အသွယ်ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ သူ့ကို ရောဂါကူးစက်ခဲ့တဲ့ လမ်းကြောင်းကိုတော့ မသိရသေးပါဘူး။ ၀န်ကြီးချုပ်ကာရှီဒါဟာ ပြီးခဲ့တဲ့ ရက်တ္တပတ်က သူ့ရဲ့နွေရာသီအားလပ်ရက် ကုန်ဆုံးခဲ့ပြီး သြဂုတ် ၂၂ ရက်မှာ တာ၀န်ပြန်လည်ထမ်းဆောင်ဖို့ စီစဉ်ထားပေမယ့်…

Read More

ရှမ်းနီ စာပေနဲ့ယဥ်ကျေးမှု ကော်မတီဝင် ဘုန်းကြီး ၁ ပါးနဲ့လူ ၃ ဦးကို KIAက ဖမ်းဆီးသွားတယ်လို့သိရ

  သြဂုတ် ၊ ၂၂ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့နယ် ၊ ကြောင်လည်ကျေးရွာ ဘုန်းကြီးကျောင်းမှာ သီတင်းသုံးတဲ့ ရှမ်းနီဘုန်းကြီး ၁ ပါးအပါအဝင် လူပုဂ္ဂိုလ် ၃ ဦးကို KIAက မနေ့ သြဂုတ် ၂၁ ရက် ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရှမ်းနီရေးရာ စာပေနဲ့ယဥ်ကျေးမှုကော်မတီအဖွဲ့ဝင်တွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်းက ရွာထဲကို KIA တွေဝင်လာပြီး ဖမ်းဆီးခေါ်သွားတာပါ ၊ ဗုဒ္ဓတရားတော်တွေကို ရှမ်းနီဘာသာ စာပေနဲ့ ပြုစုနေတဲ့ ဆရာတော် ဥူးသူရိယ သက်တော် ၅၆ နှစ် ၊ ဝါတော် ၂၀ ရ ဆရာတော်ပင်းခါးလမ်းဆုံကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူး ဦးဝင်းစိုး ၊ ကျောင်းဆရာ ဦးအောင်ပန်း…

Read More

အမေရိကန်-တောင်ကိုရီးယား (၁၁) ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ဆိုးလ်၊ သြဂုတ်-၂၂-၂၀၂၂ မျိုးဆက်(VOM) ကိုရီးယားကျွန်းဆွယ်မှာ အရေးပေါ်အခြေအနေဖြစ်ပေါ်လာနိုင်ခြေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၂ ရက်မှာ စတင်လိုက်ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၂ ရက်မှ စက်တင်ဘာ ၁ ရက်ထိ ၁၁ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး လေးနှစ်အတွင်း ပထမဆုံးသော အကြီးစားစစ်ရေးလေ့ကျင့်မှုဖြစ်ကာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ် သမ္မတအဖြစ် တာ၀န်ယူပြီးနောက် ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုကို မြှင့်တင်လိုတဲ့ သမ္မတမွန်ဂျေးအင်လက်ထက်မှာတော့ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဖျက်သိမ်းခြင်း သို့မဟုတ် အရွယ်အစားလျှော့ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကွန်ဆာဗေးတစ်တစ်ဦးဖြစ်သူ သမ္မတယွန်းဆက်ခ်ယိုးလ်ရဲ့ လက်ရှိ အစိုးရကတော့ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ကာကွယ်ရေးဆိုင်ရာ အရေးကြီးတဲ့ အဟန့်အတားအဖြစ် ရှုမြင်ထားပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုဖျက်သိမ်းဖို့ တောင်းဆိုထားတဲ့ မြောက်ကိုရီးယားကတော့ ဒီကိစ္စအပေါ် ပြင်းထန်စွာ တုံ့ပြန်သွားဖွယ်ရှိနေပါတယ်။ ဒီလို စစ်ရေးလေ့ကျင့်မှုဟာ အရှက်မရှိတဲ့…

Read More

မုံရွာမြို့မှာ အငြိမ်းစားဝန်ထမ်း ၂ ဦးနဲ့ အလယ်တန်းပြ ကျောင်းဆရာမ ၁ ဦး ပစ်သတ်ခံရ

သြဂုတ် ၊ ၂၂ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ပြည်တော်သာ (အက်တော) ရပ်ကွက် ၊ ရွှေလက်ပံ ကွက်သစ်ရပ်မှာ ဒီကနေ့မနက်ပိုင်းက အငြိမ်းစားဝန်ထမ်း ၂ ဦးနဲ့ အလယ်တန်းပြ ကျောင်းဆရာမ ၁ ဦးတို့ ပစ်သတ်ခံရပြီး အိမ်နီးနာချင်း လူတချို့လည်း ကျည်ဆံထိမှန် ဒဏ်ရာရတာတွေဖြစ်ပွားခဲ့တယ်လို့ ရွှေပြည်သာရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ” ပစ်သတ်ခံရတာက နမခဘက်က ၉၂၉ တပ်က တပ်ကြပ်ကြီးအငြိမ်းစား စစ်မှုထမ်းဟောင်း ဦးသန်းဝင်းစိန် အသက် ၆၇ နှစ် ၊ အိမ်နီးနားချင်းဖြစ်သူ ကနီမြို့နယ် သမဝါယမဦးစီးအရာရှိအငြိမ်စား ဒေါ်ညိုညိုသန်း အသက် ၆၄ နှစ် နဲ့ မုံရွာမြို့နယ် ၊ ပလ္လင်ကျေးရွာ ၊ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်လတ်လတ်အောင် အသက် ၄၁…

Read More

တလုတ္ထော်ထွေ/အုပ်ရုံးကို လာပစ်ထားတဲ့အိတ်ကနေ ဗုံးပေါက်ကွဲလို့ အသက်၈၀အရွယ် အမျိုးသား ၁ ဦးသေဆုံး၊ အမျိုးသမီး ၁ ဦးဒဏ်ရာရ

သြဂုတ်၊ ၂၁-၂၀၂၂ မင်းမြတ် ဧရာ၀တီတိုင်း၊ ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ် ၊ တလုတ္ထော်မြို့၊ ထွေအုပ်ရုံးကို မနေ့ သြဂုတ် ၂၁ ရက် ညနေပိုင်းက အမည်းရောင်အိတ်နဲ့ လာပစ်ထားတဲ့ အထုတ်ကနေ ဗုံးပေါက်ကွဲမှုဖြစ်ပွားလို့ အသက် ၈၀ အရွယ်ရှိ အမျိုးသား ၁ ဦးသေဆုံးသွားပြီး အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဟင်္သာတမြို့နယ် ဟင်္သာတ-ကြံခင်းလမ်းမပေါ်မှာတဲ့ အထွေထွေအုပ်ချုပ်ရေးဦးဌာနရုံးနဲ့ တိုက်နယ်ဆေးရုံကြားမှာတွေ့ရှိတဲ့ အထုပ် ၁ ခုကို ဖွင့်ကြည့်တဲ့အခါ အိတ်ထုပ်ထဲက ဗုံးပေါက်ကွဲမှုမှုဖြစ်ပွားလို့ အသက် (၈၀)နှစ်အရွယ် ဦးတင်ဆိုသူ အခင်းဖြစ်နေရာမှာသေဆုံးသွားပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာနဲ့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ ဒေါ်သန်းသန်းဌေး အသက်(၃၅)နှစ်အရွယ် လည်းယာ ဘက် ခြေထောက်နဲ့ ကျောဘက်တို့မှာထိခိုက်ဒဏ်ရာတွေ ရရှိသွားတာလို့သိရပါတယ်။ ”သေဆုံးသူ ဦးတင်က ထွေးအုပ်ရုံးရှေ့နဲ့ တိုက်နယ်ဆေးရုံး အနီးမှာတွေ့တဲ့ အထုပ်ကို ဖွင့်ဖောက်ကြည့်ရာကနေ…

Read More

မြန်မာနိုင်ငံသား ၁ ဦးကို အိန္ဒိယနိုင်ငံမှာ အကြမ်းဖက်မှုဥပဒေနဲ့ ဖမ်းဆီးထား

သြဂုတ် ၊ ၂၂ ၊ ၂၀၂၂ SP(VOM) အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသား ၁ ဦးကို အကြမ်းဖက်မှုဆိုင်ရာတိုက်ဖျက်ရေး ဥပဒေပုဒ်မအရ သြဂုတ် ၂၀ ရက်က အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဒေသဆိုင်ရာသတင်းမီဒီယာတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရသူဟာ မြန်မာနိုင်ငံမှာ သတင်းထောက်လုပ်ငန်းလုပ်ကိုင်ဖူးသူ တယောက်ဖြစ်တယ်လို့ သိရတာကြောင့် အိန္ဒိယရောက် မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ မိုးရေးမြို့ခံ ဦးဂျမားကို ဆက်သွယ်ရာမှာတော့ ” အိန္ဒိယမှာ ရောက်နေတဲ့ စစ်ကိုင်းတိုင်း ၊ တမူးမြို့ ၊ အမှတ် ၅ ရပ်ကွက်မှာနေတဲ့ အရင်က တမူး မဇ္စျိမ သတင်းထောက်ဟောင်း ဘိုဘိုအောင် ဆိုသူကို ပစ္စတိုသေနတ် ၂ လက် ၊ ကျည်အိမ် ၄ ခု အပါအဝင် ခဲယမ်းတွေနဲ့ ဖမ်းမိတယ်လို့ သိရတယ် ၊ မိုးရေး…

Read More

အလောင်းတော် ကဿပ ဘုရားတောင်ခြေက ရွာ ၄ ရွာ မီးရှို့ဖျက်ဆီးခံရမှုမှာ လူ ၄ ဦး သေဆုံးပြီး ၃၀ ကျော် ပျောက်ဆုံးနေ ​

သြဂုတ် ၊ ၂၂ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် နဲ့ ကနီမြို့နယ် အကြား အလောင်းတော် ကဿပ ဘုရားတောင်ခြေမှာရှိတဲ့ ရွာ ၄ ရွာ ဟာ ပြီးခဲ့တဲ့ရက်ပိုင်း အခုလ ၁၇ ရက်က စလို့ မီးရှို့ဖျက်ဆီးခံရတာတွေ ဖြစ်ပေါ်ကာ လူသေဆုံးတာတွေနဲ့ ပျောက်ဆုံးတာတွေ ရှိတယ်လို့ အဲ့ဒီ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မီးရှို့ဖျက်ဆီးခံရတဲ့ ရွာ ၄ ရွာက ကပိုင် ၊ ဝင်းကုန်း ၊ သလောက် နဲ့ ကြပ်ရွာတွေဖြစ်တယ် ၊ ဟိုဘက်ရွာကို ရှို့လိုက် ၊ ပျောက်သွားလိုက် ၊ တခါ ဒီဘက်ရွာမှာ ပြန်ပေါ်လာပြီး ဒီဘက်ရွာကို ရှို့လိုက်နဲ့ နေ့တိုင်းနီးပါး ရှို့ခံနေရတာပါ…

Read More
VOM News

FREE
VIEW