အမေရိကန်-တောင်ကိုရီးယား (၁၁) ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ဆိုးလ်၊ သြဂုတ်-၂၂-၂၀၂၂
မျိုးဆက်(VOM)

ကိုရီးယားကျွန်းဆွယ်မှာ အရေးပေါ်အခြေအနေဖြစ်ပေါ်လာနိုင်ခြေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၂ ရက်မှာ စတင်လိုက်ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၂ ရက်မှ စက်တင်ဘာ ၁ ရက်ထိ ၁၁ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး လေးနှစ်အတွင်း ပထမဆုံးသော အကြီးစားစစ်ရေးလေ့ကျင့်မှုဖြစ်ကာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ် သမ္မတအဖြစ် တာ၀န်ယူပြီးနောက် ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုကို မြှင့်တင်လိုတဲ့ သမ္မတမွန်ဂျေးအင်လက်ထက်မှာတော့ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဖျက်သိမ်းခြင်း သို့မဟုတ် အရွယ်အစားလျှော့ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကွန်ဆာဗေးတစ်တစ်ဦးဖြစ်သူ သမ္မတယွန်းဆက်ခ်ယိုးလ်ရဲ့ လက်ရှိ အစိုးရကတော့ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ကာကွယ်ရေးဆိုင်ရာ အရေးကြီးတဲ့ အဟန့်အတားအဖြစ် ရှုမြင်ထားပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုဖျက်သိမ်းဖို့ တောင်းဆိုထားတဲ့ မြောက်ကိုရီးယားကတော့ ဒီကိစ္စအပေါ် ပြင်းထန်စွာ တုံ့ပြန်သွားဖွယ်ရှိနေပါတယ်။

ဒီလို စစ်ရေးလေ့ကျင့်မှုဟာ အရှက်မရှိတဲ့ လုပ်ရပ်လို့ ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက တောင်ကိုရီးယားအစိုးရကို လွန်ခဲ့တဲ့သီတင်းပတ်က ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုထားပါတယ်။

Ref:NHK
Photo:Yonhap
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW