ကိုဗစ်သတ္တမလှိုင်းအတွင်း ဂျပန်၀န်ကြီးချုပ်ကီရှီဒါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရ

တိုကျို၊ သြဂုတ်-၂၂-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ သတ္တမလှိုင်းဖြစ်ပွားနေချိန်မှာ ၀န်ကြီးချုပ် ကီရှီဒါဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရကြောင်း ဂျပန်အစိုးရတာ၀န်ရှိသူတွေက သြဂုတ် ၂၁ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

၀န်ကြီးချုပ် ကီရှီဒါဟာ သြဂုတ် ၂၀ ရက်ညမှာ အနည်းငယ် ဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေ ဖြစ်ပွားပြီးနောက် သြဂုတ် ၂၁ ရက်နံနက်ပိုင်းမှာ စစ်ဆေးမှုပြုခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်နေတာကို တွေ့ရှိခဲ့ရကြောင်း အစိုးရအဖွဲ့ အတွင်းရေးမှူးကပြောပါတယ်။

လက်ရှိမှာတော့ ၀န်ကြီးချုပ်ဟာ နေအိမ်မှာသီးခြားခွဲနေထိုင်နေပြီး ရောဂါကူးစက်နေကြောင်း စစ်ဆေးမှုမပြုမီ ဇနီးဖြစ်သူ ယူကိုနဲ့ အခြားမိသားစု၀င်တွေနဲ့သာ အနီးကပ်အဆက်အသွယ်ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

သူ့ကို ရောဂါကူးစက်ခဲ့တဲ့ လမ်းကြောင်းကိုတော့ မသိရသေးပါဘူး။ ၀န်ကြီးချုပ်ကာရှီဒါဟာ ပြီးခဲ့တဲ့ ရက်တ္တပတ်က သူ့ရဲ့နွေရာသီအားလပ်ရက် ကုန်ဆုံးခဲ့ပြီး သြဂုတ် ၂၂ ရက်မှာ တာ၀န်ပြန်လည်ထမ်းဆောင်ဖို့ စီစဉ်ထားပေမယ့် လက်ရှိအခြေအနေကြောင့် အွန်လိုင်းကနေသာ တာ၀န်ထမ်းဆောင်မှာဖြစ်ပါတယ်။

၀န်ကြီးချုပ်ဟာ ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ယခုလနှောင်းပိုင်းမှာ ကျင်းပမယ့် အာဖရိကဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တိုကျိုအပြည်ပြည်ဆိုင်ရာ ညီလာခံအတွက် သူ့ရဲ့ တူနီးရှားခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW