ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်းအိုင်မရာခန်း တရားစွဲခံရ ၊ သူ့ကိုဖမ်းရင် မြို့တော်ကို သိမ်းမယ်လို့ ထောက်ခံသူတွေ ခြိမ်းခြောက်

အစ္စလာမ္မာဘတ်၊ သြဂုတ်-၂၂-၂၀၂၂
မျိုးဆက်(VOM)

ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ သြဂုတ် ၂၁ ရက်မှာ တာ၀န်ရှိသူတွေက တရားစွဲဆိုလိုက်ပါတယ်။

သူ့ရဲ့အနီးကပ်လက်ထောက်တစ်ဦးကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်တယ်လို့ ရဲနဲ့တရားရေးဌာနတို့ကို ၀န်ကြီးချုပ်ဟောင်းက စွပ်စွဲပြီးနောက် သူ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မစ္စတာခန်းက အစ္စလာမ္မာဘတ်ရဲချုပ်နဲ့ အမျိုးသမီးတရားသူကြီးတဦးတို့ကို သြဂုတ် ၂၀ ရက်မှာ ပြောကြေားတဲ့ လူသိရှင်ကြားမိန့်ခွန်းတရပ်မှာ ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုခဲ့ပါတယ်။

ဒီလို နိုင်ငံတော်အဆင့်ပုဂ္ဂိုဟ်တွေကို ခြိမ်းခြောက်ပြောဆိုတာဟာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ တာ၀န်ရှိသူတွေကစွပ်စွဲထားပါတယ်။

အိုင်မရာခန်း ဖမ်းဆီးခံရပါက မြို့ကိုသိမ်းယူသွားမှာဖြစ်ကြောင်း သူ့ရဲ့နေအိမ်ပြင်မှာ ရောက်ရှိနေတဲ့ ထောက်ခံသူတွေက ကတိပြုပြောဆိုပါတယ်။

အဲဒီနေရာကို ရောက်ရှိနေတဲ့ ရဲတွေကတော့ ၀န်ကြီးချုပ်ဟောင်းကို ဖမ်းဆီးဖို့ မဟုတ်ဘဲ ဥပဒေစိုးမိုးရေး ထိန်းသိမ်းဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

အယုံအကြည်မရှိအဆိုတင်သွင်းမှုကြောင့် ဧပြီလမှာ ရာထူးမှထွက်ခွာသွားပြီးနောက်ပိုင်း ၀န်ကြီးချုပ်ဟောင်း မစ္စတာခန်းဟာ လက်ရှိပါကစ္စတန်အစိုးရနဲ့ စစ်တပ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #အစ္စလာမ္မာဘတ်

Related posts

Leave a Comment

VOM News

FREE
VIEW