ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူပန်းချီထိန်လင်း အလုပ်ကြမ်းနဲ့ ထောင် ၁နှစ်စီ ချမှတ်ခံရ

စက်တင်ဘာ ၂-၂၀၂၂
VOM (GG)

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူပန်းချီထိန်လင်းတို့ကို ဖမ်းဆီးပြီး ၁၀ ရက်အကြာမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့မှာ အင်းစိန်ထောင်အထူးတရားရုံးကနေ လဝကအက်ဥပဒေနဲ့ အမိန့်ချမှတ်လိုက်တာဖြစ််တယ်လို့ သိရပါတယ်။

” ဒီနေ့ အမိန့်ချတယ်။အလုပ်နဲ့ထောင် ၁ နှစ်စီပါ။ မနေ့က အကျဥ်းရုံးစစ်ဆေးမှုလုပ်ပြီး ဒီနေ့အမိန့်ချလိုက်တာ ။လောလောဆယ် ဒီလောက်ပဲသိရသေးတယ်။အသေးစိတ်တော့ မရသေးဘူး”လို့ တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။

ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ခင်ပွန်းဖြစ်သူ ကိုထိန်လင်းတို့ကို ပြီးခဲ့တဲ့ဩဂုတ်၂၄ ရက်နေ့မှာ ရန်ကုန်၊စမ်းချောင်းမြို့နယ်က နေအိမ်မှာ ဖမ်းဆီးကာ လဝကအက်ဥပဒေပုဒ်မ ၁၃ (၁)၊ ၁၃ (၅) နဲ့ တရားစွဲ
ဆိုခဲ့တာဖြစ်ပါတယ်။

ဗစ်ကီဘိုးမန်းဟာ ဗီဇာ နေခွင့်သက်တမ်းချပေးထားတဲ့ စမ်းချောင်းမြို့နယ်မှာ မနေဘဲ ကလောမြို့က ဦးထိန်လင်းအိမ်မှာ သွားရောက်နေထိုင်ခဲ့တဲ့အပေါ် နိုင်ငံခြားသား မှတ်ပုံတင်မှာ လက်မှတ်၊လိပ်စာပြောင်း လျှောက်ထားဖို့ ပျက်ကွက်ခဲ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ နစက ဘက်ကထုတ်ပြန်ထားပါတယ်။

ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းကိုလည်း ဇနီးဖြစ်သူ နေရာပြောင်းရွှေ့နေတဲ့အပေါ် တာဝန်ရှိိသူတွေအကြောင်းမကြားဘဲ နေထိုင်မှုကို အားပေးအားမြှောက်ပြုလုပ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မစ္စဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအ မတ်အဖြစ်ကနေ အငြိမ်းစားယူခဲ့တာဟာ ၁၀ နှစ်ကျော်ရှိပြီ ဖြစ်ပြီး အငြိမ်းစားယူပြီးနောက် ခင်ပွန်းဖြစ်သူ ဦးထိန်လင်းနဲ့အတူ မြန်မာနိုင်ငံမှာ အခြေချနေထိုင်ခဲ့တာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ ဦးထိန်လင်းကလည်း မြန်မာနိုင်ငံ ပန်းချီပညာရှင်အသိုင်းအဝိုင်းမှာ လူသိများတဲ့ ပန်းချီပညာရှင်တဦးဖြစ်သလို ABSDF တပ်ဖွဲ့ဝင်ဟောင်းတဦးလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဗြိတိန်သံမတ်ကြီးဟောင်းဗစ်ကီဘိုးမန်းနဲ့ခင်ပွန်းဖြစ်သူပန်းချီထိန်လင်း #အလုပ်ကြမ်းနဲ့ထောင်၁နှစ်ချမှတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW