တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ အင်အားပြင်းငလျင်လှုပ်ခတ်မှု လူ ၆၅ ဦး သေဆုံး

ပေကျင်း၊ စက်တင်ဘာ-၆-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာ ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၆၅ ဦးထက်မနည်းသေဆုံးသွားပါတယ်။

အင်အားပြင်မြေငလျင်ဟာ စီချွမ်ပြည်နယ် မြေအောက်အနက် ခြောက်မိုင်မှ စက်တင်ဘာ ၅ ရက်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

မြေငလျင်ကြောင့် ဆက်သွယ်ရေးလိုင်းများပြတ်တောက်ကာ ဆိုးဆိုးရွားရွားပျက်စီးမှုတွေဖြစ်ပေါ်စေခဲ့တဲ့ တောင်ပြိုမှုတွေ ဖြစ်ပွားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

ငလျင်ရဲ့ ဗဟိုချက်ဟာ ချန်ဒူးမြို့ရဲ့အနောက်တောင်ဘက် ၂၂၆ ကီလိုမီတာအကွာရှိ ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသရှိ လူဒင်းမြို့ဖြစ်ကြောင်း တရုတ်ငလျင်ကွန်ရက်စင်တာက ထုတ်ပြန်ထားပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၆ ဦးပျောက်ဆုံးနေပြီး ၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ကယ်ဆယ်ရေးသမား ၅၀၀ ကျော်ဖြန့်ကြက်ထားကြောင်း တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက စက်တင်ဘာ ၅ ရက်နှောင်းပိုင်းမှာ ဖော်ပြထားပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW