သတိလစ်ပြီး ဆေးရုံတက်ခဲ့တဲ့ ၇ တန်းကျောင်းသူ ကိုဗစ်ရောဂါနဲ့သေဆုံး၊ စာသင်ကျောင်းကို ပိတ်တာမျိုးမရှိဘဲ ဆက်ဖွင့်နေ

စက်တင်ဘာ ၆-၂၀၂၂ VOM (GG) ပဲခူးတိုင်း အရှေ့ပိုင်း၊ အုတ်တွင်းမြို့၊အထက်တန်းကျောင်းက ၇ တန်းကျောင်းသူ ၁ ဦး သတိလစ်ပြီး မူးလဲကျလို့ ဆေးရုံပို့ခဲ့ပေမယ့် ဒီနေ့ စက်တင်ဘာလ ၆ ရက်နေ့မနက်အစောပိုင်းက နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ကိုဗစ်ရောဂါ နဲ့သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ကိုဗစ်ပိုးတွေ့တဲ့ ကျောင်းသူရုပ်အလောင်းကို ဆေးရုံမှာပဲ ချက်ခြင်းသဂြိုလ်လိုက်ကြောင်း၊ အဲ့ဒီနောက် အုတ်တွင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသူရဲ့ မိဘအပါအဝင် ဆက်စပ်သူ ၁၀ ယောက်ကို ရောဂါပိုးစစ်ဆေးခဲ့ပေမယ့် အားလုံးက Negative ပိုးမတွေ့ရှိတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ” ကလေးက ကိုဗစ် positive နဲ့ဆုံးတယ် အလောင်းတောင်ပြန်မရဘဲ ဟိုမှာသဂြိုလ်လိုက်ပြီလို့ သတင်းရတော့ ကလေးရဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုဆက်မေးတော့ ဟုတ်တယ်ပြောတယ်။ကလေးက ဒီမနက် ၆ နာရီခွဲမှာဆုံးတယ်။ ကလေးက မနေ့က သတိလစ်တော့ အုတ်တွင်းဆေးခန်းပြတယ်၊နောက်တောင်ငူဆေးရုံပို့တယ်၊ နူတ်ခမ်းတွေပါပြာတော့…

Read More

အူရီဒူးက မြန်မာနိုင်ငံရှိ လုပ်ငန်းစုကို စင်ကာပူကုမ္ပဏီထံ ရောင်းဖို့ စီစဉ်

စင်ကာပူ၊ စက်တင်ဘာ-၆-၂၀၂၂ မျိုးဆက်(VOM) ကာတာဆက်သွယ်ရေးကုမ္ပဏီ အူရီဒူးဟာ မြန်မာနိုင်ငံကလုပ်ငန်းစုကို စင်ကာပူအခြေစိုက် နည်းပညာကုမ္ပဏီ The One Matrix Ventures (TOMV) ကိုရောင်းချဖို့ စီစဉ်နေကြောင်း ဒီကိစ္စကိုတိုက်ရိုက်သိရှိတဲ့ သတင်းရင်းမြစ် သုံးဦးကပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပြည်ပကုမ္ပဏီတွေ နိုင်ငံကနေထွက်ခွာကြာရာမှာ အူရီဒူးဟာ မြန်မာနိုင်ငံမှာကျန်ရှိနေသေးတဲ့ နောက်ဆုံးပြည်ပဆက်သွယ်ရေးကုမ္ပဏီဖြစ်ပါတယ်။ တယ်လီနောကနေ မတ်လအတွင်းက မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပါတယ်။ အူရီဒူးကို၀ယ်ယူမယ့် The One Matrix Ventures (TOMV) က အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပေမယ့် ၀ယ်ယူဖို့ကိစ္စကို အတည်ပြုချက်ရရှိနိုင်ဖို့ အလားအလာရှိတဲ့ မိတ်ဖက်တွေနဲ့ ဆွေးနွေးနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ The One Matrix Ventures (TOMV) ဟာ ဆက်သွယ်ရေးအခြေခံအဆောက်အအုံနဲ့ နည်းပညာပိုင်းဆိုင်ရာ အဓိကလုပ်ကိုင်နေတဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီဖြစ်ပြီး Campana Group ကိုဦးဆောင်နေတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်…

Read More

ယူကရိန်းစစ်ပွဲမှာသုံးဖို့ မြောက်ကိုရီးယားရဲ့ စစ်လက်နက်ပစ္စည်းအမြောက်အများ ရုရှားဝယ်ယူနေ

ဝါရှင်တန်၊ စက်တင်ဘာ-၆-၂၀၂၂ မျိုးဆက်(VOM) ရုရှားဟာ မြောက်ကိုရီးယားကနေ အမြောက်ကျည်ဆံတွေနဲ့ ဒုံးကျည်အမြောက်အများ ဝယ်ယူနေကြောင်း အမေရိကန်ထောက်လှမ်းရေးက အကဲဖြတ်ထားကြောင်း နယူးယောက်တိုင်းမ်သတင်းစာက ရေးသားဖော်ပြထားပါတယ်။ နယူးယောက်ခ်တိုင်းမ်သတင်းစာရဲ့ ဖော်ပြချက်ဟာ မှန်ကန်တယ်ဆိုတာ အတည်ပြုနိုင်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုထားပြီး မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်းတွေကို ရုရှားက ထပ်ပြီးဝယ်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။ ရုရှားဟာ အီရန်က ဝယ်ယူထားတဲ့ မောင်းသူမဲ့လေယာဉ်တွေကို ယူကရိန်းစစ်ပွဲမှာ စတင်အသုံးပြုနေပြီလို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့အတွက် မြောက်ကိုရီးယားက သန်းနဲ့ချီတဲ့ ဒုံးကျည်နဲ့ အမြောက်ကျည်တွေကို ဝယ်ယူနေကြောင်း အဲဒီသတင်းနဲ့ပတ်သက်ပြီး အမေရိကန်တာဝန်ရှိသူတဦးက ရိုက်တာရဲ့မေးမြန်းမှုကို အီးမေးလ်နဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ရုရှားဟာ နောက်ထပ်လည်း မြောက်ကိုရီးယားရဲ့ စစ်လက်နက်ပစ္စည်းတွေကို ဝယ်ဖို့ကြိုးစားနိုင်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူက ပြောပါတယ်။ Ref:Reuters Photo: Russia Defence Ministry #voiceofmyanmar #VOM #ဝါရှင်တန်

Read More

ဧရာဝတီတိုင်းမှာ ကုန်ကျစရိတ်နဲ့အမြတ်ရရှိမှု အဆမတန်လျော့ကျနေလို့ မွေးမြူရေးလုပ်ငန်းတွေ ရပ်နားလာရ

စက်တင်ဘာ၊ ၆-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းထဲက မွေးမြူရေးလုပ်ငန်းရှင်တွေဟာ ကုန်ကျစရိတ်နဲ့အကျိုးအမြတ်ရရှိမှု အဆမတန်လျော့ကျနေလို့ လုပ်ငန်းတွေ ရပ်နားလိုက်ရတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေဆီကနေသိရပါတယ်။ ”ကြက်ပေါက်ဈေးက ၁၇၀၀ အထိ ဈေးတက်လာလို့ ၁၇၀၀ နဲ့ဝယ်မွေးနေရတယ် ၊ ကြက်သားဈေးက တစ်ပိသာ ကို ငွေကျပ် ၄၅၀၀ နဲ့ ရောင်းနေရတယ် ကြက်အစာ အိတ်ဖိုးက တစ်အိတ်ကို အရင်က ၂၅၀၀၀ ဝယ်ခဲ့ရတယ် အခု ၅၅၀၀၀ အထိဈေးတက်လာတယ် ၊ အတက်ဈေးနဲ့ ဝယ်နေရတယ် ၊မွေးမြူရေးကုန်ကျစရိတ်နဲ့ နှိုင်းယှဉ်တဲ့အခါ အတော်ကိုအရှုံးပြနေလို့ ရပ်နားလိုက်ရတာပါ၊ အရင်က ကြက်ခြံ ၅ ခြံနဲ့ အကောင် ၁ သိန်း ငါးသောင်း အထိမွေးမြူတာပါ”လို့ မအူပင်မြို့ကအသားတိုးကြက်မွေးမြူရးလုပ်ငန်းရှင်တဦးကပြောပါတယ်။ ဧရာဝတီတိုင်းက အသားတိုးကြက်မွေးမြူရေးလုပ်ငန်းရှင်တွေဟာ ကြက်စာဈေးတက်လာတာ ၊ ကြက်စာအိတ်တွေ အရင်လို ဝယ်မရတာ ၊ ကြက်သားဈေး မတည်ငြိမ်တာ…

Read More

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ အင်အားပြင်းငလျင်လှုပ်ခတ်မှု လူ ၆၅ ဦး သေဆုံး

ပေကျင်း၊ စက်တင်ဘာ-၆-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာ ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၆၅ ဦးထက်မနည်းသေဆုံးသွားပါတယ်။ အင်အားပြင်မြေငလျင်ဟာ စီချွမ်ပြည်နယ် မြေအောက်အနက် ခြောက်မိုင်မှ စက်တင်ဘာ ၅ ရက်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ မြေငလျင်ကြောင့် ဆက်သွယ်ရေးလိုင်းများပြတ်တောက်ကာ ဆိုးဆိုးရွားရွားပျက်စီးမှုတွေဖြစ်ပေါ်စေခဲ့တဲ့ တောင်ပြိုမှုတွေ ဖြစ်ပွားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ငလျင်ရဲ့ ဗဟိုချက်ဟာ ချန်ဒူးမြို့ရဲ့အနောက်တောင်ဘက် ၂၂၆ ကီလိုမီတာအကွာရှိ ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသရှိ လူဒင်းမြို့ဖြစ်ကြောင်း တရုတ်ငလျင်ကွန်ရက်စင်တာက ထုတ်ပြန်ထားပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၆ ဦးပျောက်ဆုံးနေပြီး ၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ကယ်ဆယ်ရေးသမား ၅၀၀ ကျော်ဖြန့်ကြက်ထားကြောင်း တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက စက်တင်ဘာ ၅ ရက်နှောင်းပိုင်းမှာ ဖော်ပြထားပါတယ်။ Ref: BBC Photo:AP #voiceofmyanmar #VOM #ပေကျင်း

Read More

မြန်မာ ယန်စီကုမ္မဏီ အလုပ်ဆိုက်ထဲမှာ ဒုတိယအကြိမ် ပစ္စည်းတွေ လုယူခံရမှုဖြစ်ပွား

စက်တင်ဘာ ၆ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ကျောက်မျက်ကျေးရွာနားက စံပယ်တောင် – ကြေးစင်းတောင် ကြေးနီစီမံကိန်း မြန်မာ ယန်စီ ကုမ္မဏီ အလုပ်ဆိုက်ဟာ မနေ့ စက်တင်ဘာ ၅ ရက် ညနေပိုင်းက ဒုတိယအကြိမ် ပစ္စည်းတွေလုယူခံခဲ့ရတယ်လို့ ကုမ္မဏီဝန်ထမ်း အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ကျောက်မျက်ရွာနားက မြန်မာ ယန်စီ စက်သုံးဆီ သိုလ်လှောင်ရုံ ဆိုက်မှာ လုယူခံရတာ ” လို့ မြန်မာ ယမ်စီ ကုမ္မဏီဝန်ထမ်းတယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက” ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက် ၊ ညပိုင်း ၁၀ နာရီဝန်းကျင်က ဓားပြတိုက်ခံရတဲ့ မြန်မာ…

Read More
VOM News

FREE
VIEW