ယူကရိန်းစစ်ပွဲမှာသုံးဖို့ မြောက်ကိုရီးယားရဲ့ စစ်လက်နက်ပစ္စည်းအမြောက်အများ ရုရှားဝယ်ယူနေ

ဝါရှင်တန်၊ စက်တင်ဘာ-၆-၂၀၂၂
မျိုးဆက်(VOM)

ရုရှားဟာ မြောက်ကိုရီးယားကနေ အမြောက်ကျည်ဆံတွေနဲ့ ဒုံးကျည်အမြောက်အများ ဝယ်ယူနေကြောင်း အမေရိကန်ထောက်လှမ်းရေးက အကဲဖြတ်ထားကြောင်း နယူးယောက်တိုင်းမ်သတင်းစာက ရေးသားဖော်ပြထားပါတယ်။

နယူးယောက်ခ်တိုင်းမ်သတင်းစာရဲ့ ဖော်ပြချက်ဟာ မှန်ကန်တယ်ဆိုတာ အတည်ပြုနိုင်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုထားပြီး မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်းတွေကို ရုရှားက ထပ်ပြီးဝယ်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။

ရုရှားဟာ အီရန်က ဝယ်ယူထားတဲ့ မောင်းသူမဲ့လေယာဉ်တွေကို ယူကရိန်းစစ်ပွဲမှာ စတင်အသုံးပြုနေပြီလို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့အတွက် မြောက်ကိုရီးယားက သန်းနဲ့ချီတဲ့ ဒုံးကျည်နဲ့ အမြောက်ကျည်တွေကို ဝယ်ယူနေကြောင်း အဲဒီသတင်းနဲ့ပတ်သက်ပြီး အမေရိကန်တာဝန်ရှိသူတဦးက ရိုက်တာရဲ့မေးမြန်းမှုကို အီးမေးလ်နဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရုရှားဟာ နောက်ထပ်လည်း မြောက်ကိုရီးယားရဲ့ စစ်လက်နက်ပစ္စည်းတွေကို ဝယ်ဖို့ကြိုးစားနိုင်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူက ပြောပါတယ်။

Ref:Reuters
Photo: Russia Defence Ministry
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW