အူရီဒူးက မြန်မာနိုင်ငံရှိ လုပ်ငန်းစုကို စင်ကာပူကုမ္ပဏီထံ ရောင်းဖို့ စီစဉ်

စင်ကာပူ၊ စက်တင်ဘာ-၆-၂၀၂၂
မျိုးဆက်(VOM)

ကာတာဆက်သွယ်ရေးကုမ္ပဏီ အူရီဒူးဟာ မြန်မာနိုင်ငံကလုပ်ငန်းစုကို စင်ကာပူအခြေစိုက် နည်းပညာကုမ္ပဏီ The One Matrix Ventures (TOMV) ကိုရောင်းချဖို့ စီစဉ်နေကြောင်း ဒီကိစ္စကိုတိုက်ရိုက်သိရှိတဲ့ သတင်းရင်းမြစ် သုံးဦးကပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပြည်ပကုမ္ပဏီတွေ နိုင်ငံကနေထွက်ခွာကြာရာမှာ အူရီဒူးဟာ မြန်မာနိုင်ငံမှာကျန်ရှိနေသေးတဲ့ နောက်ဆုံးပြည်ပဆက်သွယ်ရေးကုမ္ပဏီဖြစ်ပါတယ်။

တယ်လီနောကနေ မတ်လအတွင်းက မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပါတယ်။

အူရီဒူးကို၀ယ်ယူမယ့် The One Matrix Ventures (TOMV) က အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပေမယ့် ၀ယ်ယူဖို့ကိစ္စကို အတည်ပြုချက်ရရှိနိုင်ဖို့ အလားအလာရှိတဲ့ မိတ်ဖက်တွေနဲ့ ဆွေးနွေးနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

The One Matrix Ventures (TOMV) ဟာ ဆက်သွယ်ရေးအခြေခံအဆောက်အအုံနဲ့ နည်းပညာပိုင်းဆိုင်ရာ အဓိကလုပ်ကိုင်နေတဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီဖြစ်ပြီး Campana Group ကိုဦးဆောင်နေတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမြင့်အုန်းက တည်ထောင်ထားတာဖြစ်ပါတယ်။

အူရီဒူးရဲ့ မြန်မာနိုင်ငံကလုပ်ငန်းစုကို ဦးမျိုးမြင့်အုန်းကိုရောင်းချဖို့ မြန်မာနိုင်ငံ စာတိုက်နဲ့ ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနကို အူရီဒူးက အကြောင်းကြားထားပေမယ့် ရောင်းချဖို့အတွက် တရား၀င်အတည်ပြုချက် မရသေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #စင်ကာပူ

Related posts

Leave a Comment

VOM News

FREE
VIEW