ဗြိတိန်၀န်ကြီးချုပ်အဖြစ် လစ်ဇ်ထရပ်စ် ရွေးချယ်ခန့်အပ်ခံရ

လန်ဒန်၊ စက်တင်ဘာ-၇-၂၀၂၂
မျိုးဆက်(VOM)

ဗြိတိန်အာဏာရ ကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်သစ် လစ်ဇ်ထရပ်စ်ကို ဗြိတိန်၀န်ကြီးချုပ်အဖြစ် စက်တင်ဘာ ၆ ရက်မှာ ခန့်အပ်လိုက်ပါတယ်။

လစ်ဇ်ထရပ်စ်ဟာ အဲဒီနေ့မှာ စကော့တလန်ကိုသွားရောက်ပြီး ဘုရင်မကြီး အဲလိဇဘက်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

၀န်ကြီးချုပ်သစ် မစ္စထရပ်စ်ဟာ ယခင်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်လက်ထက်က ဖြစ်ပွားခဲ့တဲ့ အကျပ်အတည်းတွေကို ဖြေရှင်းရဖို့ရှိနေပါတယ်။

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရဲရင့်တဲ့ အစီအစဉ်တွေနဲ့ ဗြိတိန်ပြည်သူတွေကို အကာအကွယ်ပေးမယ်လို့ ဒေါင်းနင်းလမ်းမှာရှိတဲ့ ၀န်ကြီးချုပ်ရုံးမှာ ပထမဆုံးပြောတဲ့ မိန့်ခွန်းမှာ သူက ကတိပြုခဲ့ပါတယ်။

ဗြိတိန်ပြည်သူတွေအနေနဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တုန်လှုပ်မနေသင့်ဘဲ ကြံ့ကြံ့ခံရင်ဆိုင်ရမယ်လို့ သူကပြောပါတယ်။

ဗြိတိန်မှာ ငွေကြေးဖောင်းပွမှု ၁၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာပြီး စီးပွားရေးတိုးတက်မှု နှေးကွေးကာ အတိုးနှုန်းတွေမြင့်တက်လာချိန်မှာ လစ်ဇ်ထရပ်စ်က ၀န်ကြီးချုပ်တာ၀န် ထမ်းဆောင်ရမှာဖြစ်ပါတယ်။

ဗြိတိန်မှာ စွမ်းအင်ကုန်ကျစရိတ်တွေမြင့်တက်လာမှုကို လျှော့ချမယ်လို့ သူမက ကတိပြုခဲ့သလို ပြည်သူတွေအတွက် ကျန်းမာရေး၀န်ဆောင်မှုတွေကိုလည်း အဆင့်မြှင့်တင်လိုကြောင်း ကတိပြုပြောဆိုခဲ့ပါတယ်။

Ref: NHK
Photo:NO 10
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW