အမေရိကန်နည်းပညာကုမ္ပဏီတွေ တရုတ်နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုမပြုဖို့ တားမြစ်

ဝါရှင်တန်၊ စက်တင်ဘာ-၇-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်အစိုးရထံကနေ ရန်ပုံငွေရရှိထားတဲ့ အမေရိကန်နည်းပညာကုမ္ပဏီတွေအနေနဲ့ တရုတ်နိုင်ငံမှာ အဆင့်မြင့်နည်းပညာစက်ရုံ အလုပ်ရုံတွေလုပ်ကိုင်ခြင်းကို ၁၀နှစ်ကြာ ပိတ်ပင်သွားမယ်လို့ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်မှာ တပိုင်းလျှပ်ကူးပစ္စည်းထုတ်ကုန် လုပ်ငန်းတွေ တည်ဆောက်ဖို့ အစိုးရက နည်းပညာကုမ္ပဏီတွေကို ထောက်ပံ့ဖို့ ဒေါ်လာ ၅၀ ဘီလီယံ အသုံးပြုဖို့စီစဉ်ပြီးနောက် အခုလို ကန့်သတ်မှု ပြုလိုက်တာဖြစ်ပါတယ်။ အမေရိကန်နည်းပညာကုမ္ပဏီတွေဟာ တရုတ်နိုင်ငံအပေါ် မှီခိုအားထားနေရတာတွေကို လျှော့ချဖို့ကြိုးပမ်းမှုမှာ အစိုးရရဲ့ ပံ့ပိုးကူညီမှုရရှိဖို့ တွန်းအားပေးမှုတွေပြုလုပ်ပြီးနောက် အစိုးရက ရန်ပုံငွေထောက်ပံ့ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီတွေအနေနဲ့ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မတွေနဲ့ ထုတ်လုပ်မှုနှေးကွေးမှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ရန်ပုံငွေရရှိထားတဲ့ ကုမ္ပဏီတွေအနေနဲ့ နိုင်ငံတော်လုံခြုံရေးအတွက် အကာအကွယ်နည်းလမ်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပြီး ရန်ပုံငွေတွေကို အသုံးပြုပြီး တရုတ်နိုင်ငံမှာ ၁၀ နှစ်ကြာ ရင်းနှီးမြုပ်နှံမှု မပြုရကြောင်း…

Read More

မူဆယ်မှာ ငွေလဲလုပ်ငန်း လုပ်ကိုင်တဲ့အိမ် သိန်း ၅ ရာ ကျော် ဓားပြတိုက်ခံရ

စက်တင်ဘာ ၊ ၇ ၊ ၂၀၂၂ SP( VOM) ရှမ်ပြည်နယ်မြောက်ပိုင်း ၊ မူဆယ်ခရိုင် ၊ မူဆယ်မြို့ ၊ တောင်ရပ်ကွက်မှာရှိတဲ မြန်မာငွေနဲ့ တရုတ်ငွေ လဲလှယ်ပေးတဲ့ လုပ်ငန်း လုပ်ကိုင်နေတဲ့ နေအိမ်ဟာ ဒီကနေ့မနက် အစောပိုင်းက ဓားပြတိုက်ခံရတယ်လို့ မူဆယ်မြို့ခံ ငွေကြေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ငွေလဲပေးတဲ့အိမ်ကို ဒီမနက် ၆ နာရီဝန်းကျင်က ကား ၁ စီးနဲ့ လူ ၃ ယောက်ရောက်လာပြီး တိုက်သွားတာဖြစ်တယ် “လို့ မူဆယ်တောင်ရပ်ကွက်နေ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး မူဆယ်ခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က ” ဒီမနက် မိုးလင်းခါစအချိန်မှာ အခင်းဖြစ်နေရာကို ကား ၁ စီးနဲ့ ၊ လူ ၃ ယောက်ရောက်လာတယ်၊…

Read More

ဗီယက်နမ်မှာ ကာရာအိုကေဆိုင်မီးလောင်မှု လူ ၁၄ ဦးသေဆုံး

ဟနွိုင်း၊ စက်တင်ဘာ-၇-၂၀၂၂ မျိုးဆက်(VOM) ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဟိုချီမင်းမြို့တော်အနီးရှိ ကာရာအိုကေဆိုင်တခုမှာ မီးလောင်ကျွမ်းမှုကြောင့် လူ ၁၄ ဦးထက်မနည်းသေဆုံးပြီး အများပြားဒဏ်ရာရရှိခဲ့ပါတယ်။ ကာရာအိုကေဆိုင်ရဲ့ အပေါ်ထပ်မှာ စက်တင်ဘာ ၆ ရက်ညပိုင်းက မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လာရောက်သီဆိုသူ အများအပြား ပိတ်မိခဲ့ပါတယ်။ မီးလောင်ချိန်မှာ ဒုတိယထပ်နဲ့ တတိယထပ်ကနေ လူလေးဦးခုန်ချခဲ့ပြီး ဒဏ်ရာတွေရခဲ့ပေမယ့် အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ပြောပါတယ်။ မီးလောင်မှုကို ထိန်းချုပ်ဖို့ တနာရီကျော်ကြာ အချိန်ယူခဲ့ရပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ကာရာအိုကေဆိုင်မီးလောင်မှုဟာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လအတွင်းကလည်း ဟနွိုင်းမြို့မှာရှိတဲ့ ကာရာအိုကေဆိုင်တခုမီးလောင်ခဲ့ပြီး မီးငြှိမ်းဖို့ကြိုးစားတဲ့ မီးသတ်သမားသုံးဦး သေဆုံးခဲ့ပါတယ်။ Ref: BBC Photo: AN PHONG #voiceofmyanmar #VOM #ဟနွိုင်း

Read More

ဗြိတိန်၀န်ကြီးချုပ်အဖြစ် လစ်ဇ်ထရပ်စ် ရွေးချယ်ခန့်အပ်ခံရ

လန်ဒန်၊ စက်တင်ဘာ-၇-၂၀၂၂ မျိုးဆက်(VOM) ဗြိတိန်အာဏာရ ကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်သစ် လစ်ဇ်ထရပ်စ်ကို ဗြိတိန်၀န်ကြီးချုပ်အဖြစ် စက်တင်ဘာ ၆ ရက်မှာ ခန့်အပ်လိုက်ပါတယ်။ လစ်ဇ်ထရပ်စ်ဟာ အဲဒီနေ့မှာ စကော့တလန်ကိုသွားရောက်ပြီး ဘုရင်မကြီး အဲလိဇဘက်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ၀န်ကြီးချုပ်သစ် မစ္စထရပ်စ်ဟာ ယခင်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်လက်ထက်က ဖြစ်ပွားခဲ့တဲ့ အကျပ်အတည်းတွေကို ဖြေရှင်းရဖို့ရှိနေပါတယ်။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရဲရင့်တဲ့ အစီအစဉ်တွေနဲ့ ဗြိတိန်ပြည်သူတွေကို အကာအကွယ်ပေးမယ်လို့ ဒေါင်းနင်းလမ်းမှာရှိတဲ့ ၀န်ကြီးချုပ်ရုံးမှာ ပထမဆုံးပြောတဲ့ မိန့်ခွန်းမှာ သူက ကတိပြုခဲ့ပါတယ်။ ဗြိတိန်ပြည်သူတွေအနေနဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တုန်လှုပ်မနေသင့်ဘဲ ကြံ့ကြံ့ခံရင်ဆိုင်ရမယ်လို့ သူကပြောပါတယ်။ ဗြိတိန်မှာ ငွေကြေးဖောင်းပွမှု ၁၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာပြီး စီးပွားရေးတိုးတက်မှု နှေးကွေးကာ အတိုးနှုန်းတွေမြင့်တက်လာချိန်မှာ လစ်ဇ်ထရပ်စ်က ၀န်ကြီးချုပ်တာ၀န် ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဗြိတိန်မှာ စွမ်းအင်ကုန်ကျစရိတ်တွေမြင့်တက်လာမှုကို လျှော့ချမယ်လို့ သူမက ကတိပြုခဲ့သလို ပြည်သူတွေအတွက် ကျန်းမာရေး၀န်ဆောင်မှုတွေကိုလည်း…

Read More

မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ DENKO ဆီဘောက်ဆာကား ၁ စီး ပျောက်ဆုံးနေ

စက်တင်ဘာ ၊ ၇ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာ ဘုန်းကြီးကျောင်းအနီး ၊ မန္တလေး မုံရွာ ကားလမ်းမှာ မနေ့ စက်တင်ဘာ ၆ ရက် ၊ မနက်ပိုင်းက စက်သုံးဆီတွေသယ်ဆောင်လာတဲ့ ဆီဘောက်ဆာ ကား ၁ စီးနဲ့အတူ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်ဖြစ်သူပါ ပျောက်ဆုံးနေတယ်လို့ မုံရွာ စက်သုံးဆီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မန္တလေးကနေ မုံရွာဘက်ကို ဆီသယ်လာတဲ့ ဘောက်ဆာကား ၃ စီးအနက် ၊ ၂ စီးက မုံရွာကို ရောက်လာပြီး ၊ ကျန် ၁ စီးက လမ်းမှာပျောက်ဆုံးနေတာ”လို့ မုံရွာမြို့ခံ ဆီလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး မြင်းမူမြို့နယ် လုံခြုံရေး အဖွဲ့ရုံးနဲ့…

Read More

ကွတ်ခိုင်မြို့အဝင်နားမှာ တပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားပြီး အရပ်သား ၅ ဦး လက်နက်ကြီးကျည်ထိမှန်

စက်တင်ဘာ ၇၊ ၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အဝင် တိုးဂိတ်အနီးမှာ တပ်နဲ့ KIA တပ်မဟာ ၄ တို့အကြား မနေ့ စက်တင်ဘာ ၆ ရက်ည ၇ နာရီ ၄၅ ခန့်က လက်နက်ကြီး/ငယ် တွေနဲ့ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားပြီး မော်ဟစ်ရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၅ ဦး လက်နက်ကြီးကျည်ထိမှန်​ခဲ့တယ်လို့ ကာယကံရှင် မိသားစုဝင် ၁ ဦး ဆီက သိရပါတယ်။ “ကျနော်တို့အိမ်မှာကို လာထိတယ်။ ရွာကလူတွေကို မြန်မြန်ရှောင်ဖို့ လိုက်ပြောနေတဲ့ အချိန်မှာပဲ ကျနော်တို့ အိမ်မှာ မီးခိုးတလူလူ ဖြစ်နေပြီ၊ မောင်နော်ဆန့်နန်က တင်ပါးနားထိသွားပြီး ညီဖြစ်သူရဲ့ သား မောင်ဘရန်ထွယ်နန်က ညိုသကျည်းမှာ နည်းနည်း ထိသွားတယ်၊ ကျန်တဲ့ မိသားစုဝင်တွေက…

Read More

ဧရာဝတီတိုင်းမှာ စိုက်ဘဏ်ချေးငွေ အတင်း တောင်းနေလို့ တောင်သူတွေ အခက်တွေ့နေ

စက်တင်ဘာ၊၇-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းမှာ အစိုးရစိုက်ပျိုးစရိတ်ချးငွေတွေကို တရားစွဲမယ်လို့ဆိုပြီး အတင်းတောင်းနေတာကြောင့် အပြင်ကနေ ငွေ ၁ သိန်းကို တလအတိုး ၂သောင်းနဲ့ပေးရတဲ့သူတွေဆီကနေ ချေးငှားဆပ်နေရလို့ ဒေသခံတွေအခက်အခဲတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။ ချေးငွေကြွေးကျန်တွေကို အခုနှစ် စိုက်ပျိုးရာသီမကုန်မီ နောက်ဆုံးထားပြန်လည်းပေးဆပ်ဖို့နဲ့ ပေးဆပ်ဖို့ပျက်ကွက်ရင် ဘဏ်ရဲ့တည်ဆဲဥပဒေအရလည်းကောင်း၊ မြေခွန်မပြေကျန်ငွေ ဖြစ်ဘိသကဲ့သို့လည်းကောင်း အရေးယူမည်ဆိုတာကို ချေးငွေကျန်တောင်သူလယ်သမားတွေဆီ နို့တစ်စာပို့ အကြောင်းကြားနေလို့ ငွေ ၁သိန်းကို တလအတိုး ၂ သောင်းနှုန်းပေးရတဲ့ အပြင်ကနေချေးယူပြီး စိုက်ပျိုးရေးဘဏ်ကိုပေးဆပ်နေရတာဖြစ်တယ်လို့သိရပါတယ်။ “စိုက်ပျိုးရေး စရိတ်ချေးငွေတွေကို ဆပ်ကြတဲ့သူတွေလည်းရှိတယ်၊ မဆပ်နိုင်သူတွေလည်း မနည်းရှိနေတယ် ၊ မဆပ်နိုင်သူတွေက စပါးတွေအထွက်နှုန်း လျော့ကျ ၊ ဓာတ်မြေသြဇာဈေးတွေတက် ၊ စက်သုံးဆီဈေးတွေတက်တော့ စပါးတွေကို စိုက် ဧကပြည့်အောင် မစိုက်နိုင်ခဲ့တာကြောင့် စပါးအထွက်နည်းတော့ စိုက်ဘဏ်ချေးငွေကို ပြန်ဆပ်ဖို့ကျွန်တော်တို့မှာ ခက်ခဲသွားတယ် ၊ ဒါ့ကြောင့် အရင်နှစ်တွေတိုင်း လွယ်လွယ်…

Read More

လာလေ ဈေးရောင်းကြမှ ဒို့ တော်ကာကျမယ်

  ဆူးငှက် မန္တလေးတောင် ဆုတောင်းပြည့်ဘုရားရင်ပြင်တော်မှ ပတ်ဝန်းကျင်တစ်ခွင် လှမ်းမျှော်ကြည့်လိုက်လျှင် မန္တလေးသည် မြူထဲ၌ လူးလွန့်နေ၏။ တစ်ခါတစ်ရံအဆောက်အအုံသစ်တချို့၏ သွပ်မိုးပြောင်ပြောင်သည် မှန်ထိုးပြနေသဖြင့် တဖျပ်ဖျပ်…။မန္တလေးကိုပတ်လည် ဝန်းရံနေတာက ရေရိပ်၊ လယ်ရိပ်များသာဖြစ်ခဲ့ကြောင်း အစွန်းအထင်းအစအနတွေ တွေ့နေရပါသေးသည်။ အရင်ကတော့ … အောင်ပင်လယ်ကန်၊ နန္ဒာကန်တွေမှာ ရေရိပ်သမ်းခဲ့မှာပေါ့…။ အရင်ကတော့ ငွေတော်ကြည်ကုန်း၊သင်ပန်းကုန်း၊ ထွန်တုံး၊ ရဲမွန်တောင်နှင့် ကံကောက်နယ်တစ်ကြောမှာ လယ်ရိပ် စိမ်းမြမြ ပင်လယ်ပြင်ကြီး ဖြစ်မှာပေါ့။ အခုတော့ … ထိုရေရိပ်၊ လယ်ရိပ်များဆီမှ သွပ်မိုးပြောင်ပြောင်များတဖျပ်ဖျပ် မှန်ရိပ်ထိုးပြနေပြန်သည်။ ကုန်လွန်ခဲ့သောကာလများဆီကတော့ သစ်ရိပ် ဝါးရိပ်တွေအောက်ကဣန္ဒြေကြီးသော မန္တလေး…။ ဒီကနေ့တော့ နိုင်လွန် ကတ္တရာလမ်းနှင့် ကွန်ကရစ်တောမှာ လျှပ်ပေါ်လော်လီသော မန္တလေး…။ မန္တလေးမှာ သစ်၊ဝါး အတွေ့အထိတွေ ချိနဲ့ပါးလျားစပြုလာ၏။ သစ်၊ ဝါး သည် ဧည့်ခန်းဆောင် ကြမ်းခင်း ပါးကေးများအဖြစ် ပေါလစ်ရောင်အောက်မှာပဲ ပွတ်သပ်ကြည့်ရတော့မည်။…

Read More
VOM News

FREE
VIEW