ဗီယက်နမ်မှာ ကာရာအိုကေဆိုင်မီးလောင်မှု လူ ၁၄ ဦးသေဆုံး

ဟနွိုင်း၊ စက်တင်ဘာ-၇-၂၀၂၂
မျိုးဆက်(VOM)

ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဟိုချီမင်းမြို့တော်အနီးရှိ ကာရာအိုကေဆိုင်တခုမှာ မီးလောင်ကျွမ်းမှုကြောင့် လူ ၁၄ ဦးထက်မနည်းသေဆုံးပြီး အများပြားဒဏ်ရာရရှိခဲ့ပါတယ်။

ကာရာအိုကေဆိုင်ရဲ့ အပေါ်ထပ်မှာ စက်တင်ဘာ ၆ ရက်ညပိုင်းက မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လာရောက်သီဆိုသူ အများအပြား ပိတ်မိခဲ့ပါတယ်။

မီးလောင်ချိန်မှာ ဒုတိယထပ်နဲ့ တတိယထပ်ကနေ လူလေးဦးခုန်ချခဲ့ပြီး ဒဏ်ရာတွေရခဲ့ပေမယ့် အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ပြောပါတယ်။

မီးလောင်မှုကို ထိန်းချုပ်ဖို့ တနာရီကျော်ကြာ အချိန်ယူခဲ့ရပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ကာရာအိုကေဆိုင်မီးလောင်မှုဟာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။

ပြီးခဲ့တဲ့လအတွင်းကလည်း ဟနွိုင်းမြို့မှာရှိတဲ့ ကာရာအိုကေဆိုင်တခုမီးလောင်ခဲ့ပြီး မီးငြှိမ်းဖို့ကြိုးစားတဲ့ မီးသတ်သမားသုံးဦး သေဆုံးခဲ့ပါတယ်။

Ref: BBC
Photo: AN PHONG
#voiceofmyanmar #VOM #ဟနွိုင်း

Related posts

✕
VOM News

FREE
VIEW