ကွတ်ခိုင်မြို့အဝင်နားမှာ တပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားပြီး အရပ်သား ၅ ဦး လက်နက်ကြီးကျည်ထိမှန်

စက်တင်ဘာ ၇၊ ၂၀၂၂
Shy V(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အဝင် တိုးဂိတ်အနီးမှာ တပ်နဲ့ KIA တပ်မဟာ ၄ တို့အကြား မနေ့ စက်တင်ဘာ ၆ ရက်ည ၇ နာရီ ၄၅ ခန့်က လက်နက်ကြီး/ငယ် တွေနဲ့ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားပြီး မော်ဟစ်ရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၅ ဦး လက်နက်ကြီးကျည်ထိမှန်​ခဲ့တယ်လို့ ကာယကံရှင် မိသားစုဝင် ၁ ဦး ဆီက သိရပါတယ်။

“ကျနော်တို့အိမ်မှာကို လာထိတယ်။ ရွာကလူတွေကို မြန်မြန်ရှောင်ဖို့ လိုက်ပြောနေတဲ့ အချိန်မှာပဲ ကျနော်တို့ အိမ်မှာ မီးခိုးတလူလူ ဖြစ်နေပြီ၊ မောင်နော်ဆန့်နန်က တင်ပါးနားထိသွားပြီး ညီဖြစ်သူရဲ့ သား မောင်ဘရန်ထွယ်နန်က ညိုသကျည်းမှာ နည်းနည်း ထိသွားတယ်၊ ကျန်တဲ့ မိသားစုဝင်တွေက နည်းနည်းစီပဲ စင်ထိသွားပြီး တအာင်း အမျိုးသား ၁ ဦးနဲ့ တိုးဂိတ် ဝန်ထမ်း ၁ ဦးလည်း ဦးခေါင်းရှပ်ထိ ဒဏ်ရာရတယ်။” လို့ လက်နက်ကြီးထိမှန်တဲ့ ကာယကံရှင်မိသားစုဝင် ၁ ဦးက ပြောပါတယ်။

အဲဒီ ပစ်ခတ်တိုက်ခိုက်မှုမှာ ကွတ်ခိုင်စစ်ဗျူဟာကနေ လက်နက်ကြီးနဲ့ ၁၀ ချက်ကျော် ပြန်လည်ပစ်ခတ်ရာက မော်ဟစ်ရွာထဲ လက်နက်ကြီးကျည် ၂ လုံးခန့် ကျရောက်ပေါက်ကွဲပြီး ပထမအကြိမ်မှာ နေအိမ် နဲ့ ကလေးငယ် ၃ ဦး ထိခိုက်မှုရှိခဲ့ပြီး ဒုတိအကြိမ်မှာ အသက် ၃၃ နှစ်အရွယ် အမျိုးသားတဦး နဲ့အသက် ၁၁ နှစ် အရွယ် မခေါန်ဆိုင်းနန်လည်း ထိခိုက်ဒဏ်ရာရာခဲ့​တာဖြစ်တယ်လို့ မော်ဟစ်ရွာခံ ၁ ဦးက ပြောပါတယ်။

၂၀၁၉ ခုနှစ်ကလည်း လက်နက်ကိုင်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာကြောင့် မော်ဟစ်ရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲရာက ရွာခံ ၅ ဦး သေဆုံးတာ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မူဆယ်မြို့ ခိုမုန်းရွာအနီးနားဖိုင်ရွာအနီးမှာလည်း တနေကုန် တပ် နဲ့ KIA တပ်မဟာ ၆ တပ်ရင်း ၉ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာ လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ဒေသခံ တဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo-မိသားစု
#voiceofmyanmar #VOM #ကွတ်ခိုင်

Related posts

Leave a Comment

VOM News

FREE
VIEW