၀ါရှင်တန်၊ စက်တင်ဘာ-၈-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်ဟာ ယခုလနှောင်းပိုင်းမှာ တိုကျိုမှာ ကျင်းပမယ့် ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်စျာပနကို တက်ရောက်ဖို့ ဂျပန်ကိုသွားမယ်လို့ အမေရိကန်က ကြေညာလိုကပါတယ်။ မစ္စဟားရစ်ဟာ စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်ထိ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို သွားရောက်မှာဖြစ်ကြောင်း အိမ်ဖြူတော်က စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။ သူဟာ စက်တင်ဘာ ၂၇ ရက်မှာပြုလုပ်မယ့် ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးရဲ့ စျာပနအခမ်းအနားသို့ သမ္မတဂျိုးဘိုင်ဒင်နဲ့ အမေရိကန်အစိုးရကိုယ်စား တက်ရောက်မှာဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုပါတယ်။ မစ္စဟားရစ်ဟာ ယမန်နှစ်ဇန်နဝါရီလမှာ အမေရိကန်ဒုတိယသမ္မတအဖြစ် တာ၀န်ယူပြီးနောက် ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ဖို့ စီစဉ်တာဖြစ်ပါတယ်။ သူဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသနဲ့ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဂျပန်၊ တောင်ကိုရီးယားအစိုးရ ထိပ်တန်းတာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။…
Read MoreDay: September 8, 2022
အူရီဒူးမြန်မာကို ဒေါ်လာ ၅၇၆ သန်းနဲ့ စင်ကာပူကုမ္ပဏီထံ ရောင်းချ
ဒိုဟာ၊ စက်တင်ဘာ-၈-၂၀၂၂ မျိုးဆက်(VOM) ကာတာအခြေစိုက် အူရီဒူးကုမ္ပဏီဟာ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းစုကို စင်ကာပူကုမ္ပဏီဖြစ်တဲ့ Nine Communications Pte. Ltd ထံရောင်းချဖို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပြီလို့ အူရီဒူးက စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံက အူရီဒူးလုပ်ငန်းစုကို ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ကြောင်း ကာတာအခြေစိုက် အူရီဒူးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီလိုရောင်းချဖို့ကိစ္စနဲ့ပတ်သက်ပြီး အူရီဒူးဟာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ယခင်ကတည်းက အကြောင်းကြားခဲ့ကြောင်း ရိုက်တာက ရေးသားထားပါတယ်။ ပြည်ပဆက်သွယ်ရေးကုမ္ပဏီတခုဖြစ်တဲ့ တယ်လီနောဟာလည်း မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းစုကို လက်ဘနွန်အခြေစိုက် M1 Group ထံရောင်းချခဲ့ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပါတယ်။ Ref: Reuters Photo:Reuters #voiceofmyanmar #VOM #ဒိုဟာ
Read Moreတာလံ အထကကျောင်းမှာ ကျောင်းသား/သူ ၂၀ ကျော် ကိုဗစ်ပိုးတွေ့လို့ အရေးပေါ် ကျောင်းပိတ်ထားရ
စက်တင်ဘာ ၈ – ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ နာဂအုပ်ချုပ်ခွင့်ရဒေသ ၊ လဟယ်မြို့ ၊ တာလံရပ်ကွက်မှာရှိတဲ့ တာလံ အခြေခံပညာအထက်တန်းကျောင်းက ကျောင်းသား/သူ ၂၀ ကျော်ဟာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရတာကြောင့် မနေ့ စက်တင်ဘာ ၇ ရက် မနက်ပိုင်းကစပြီး အရေးပေါ်ကျောင်းပိတ်လိုက်ရတယ်လို့ ခန္တီးခရိုင် ပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ကလေးတချို့ ဖျားနာကြတယ် ၊ အစကတော့ ရာသီပေါ် တုပ်ကွေးဖြစ်တယ်လို့ ထင်ခဲ့တာ ၊ တက်စကစ်နဲ့ စစ်ဆေးလိုက်တဲ့အခါ ကျောင်းသား ၇ ယောက်နဲ့ ၊ ကျောင်းသူ ၁၈ ယောက်ဆီက ကိုဗစ်-၁၉ ကူးစက်ခံထားရတာ အဖြေသိရတယ် ၊ အဲ့ဒါကြောင့် မနေ့က မနက်ပိုင်းကစပြီး အရေးပေါ် ကျောင်းပိတ်လိုက်ရတာဖြစ်တယ် “လို့…
Read Moreအုတ်တွင်း အထကကျောင်းက ဆရာမနဲ့ ကျောင်းသားး/သူအချို့ ကိုဗစ်ပိုးထပ်တွေ့ပေမယ့် ကျောင်းကိုမပိတ်သေး
စက်တင်ဘာ ၈-၂၀၂၂ VOM (GG) ပဲခူးတိုင်း အရှေ့ပိုင်း၊ အုတ်တွင်းမြို့ အထက်တန်းကျောင်းက ၇ တန်းကျောင်းသူ ၁ ဦး စက်တင်ဘာလ ၆ ရက်နေ့က ကိုဗစ်ရောဂါနဲ့သေဆုံးပြီးနောက်ပိုင်း အုတ်တွင်း အထက ကျောင်းနဲ့ ဗောဓိကုန်းအထက်တန်းကျောင်းက ဆရာ၊ဆရာမနဲ့ ကျောင်းသူကျောင်းသားတွေကို ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးခဲ့ရာ ဆရာမ ၃ ယောက်နဲ့ ကျောင်းသား၊ကျောင်းသူ ၂ ယောက်မှာ ရောဂါပိုးရှိကြောင်းတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ရောဂါပိုးတွေ့ ဆရာမတွေနဲ့ ကျောင်းသားတွေဟာ သေဆုံးကျောင်းသူတက်ရောက်ခဲ့တဲ့ အုတ်တွင်းအထက်တန်းကျောင်းကဖြစ်ပြီး လက်ရှိမှာ ပိုးတွေ့ရှိသူ ၅ ယောက်လုံးကို ဟုမ်းကွာရန်တင်းထားရှိပြီး စာသင်ကျောင်းကိုတော့ ပိတ်ထားတာမျိုးမရှိဘဲ ဆက်ဖွင့်ထားတယ်လို့သိရပါတယ်။ စာသင်ကျောင်းကို မပိတ်ဘဲ ကျောင်းတကျောင်းလုံးကိုတော့ မနေ့က စက်တင်ဘာလ ၇ ရက်နေ့မှာ ဆေးဖြန်းတာတွေ လုပ်ဆောင်ခဲ့ပြီး ကျောင်းသား ကျောင်းသူတွေကို မက်စ်တပ်တာ၊ လက်ဆေးတာတွေလုပ်စေပြီး ကျောင်းဆက်ဖွင့်နေတာဖြစ်တယ်လို့သိရပါတယ်။ “တကျောင်းလုံး…
Read Moreမအူပင်မှာ မီးလောင်မှုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
စက်တင်ဘာ-၈-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ မအူပင်မြို့ အမှတ် ၁၀ ရပ်ကွက် ၊ ၁၀ လမ်း ရေခဲစက်အနီးမှာ မနေ့ စက်တင်ဘာ ၇ ရက် ည ၉ နာရီကျော်က နေအိမ် ၁ လုံးကနေ လျှပ်စစ်ဝါယာရှောခ့်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားလို့ လေဖြတ်ဝေဒနာသည် အမျိုးသား ၁ ယောက် မီးလောင်သေဆုံးကာ ၃ ယောက်ကလည်း မီးလောင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မအူပင်မြို့ခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေ ဆီကနေသိရပါတယ်။ ” ၁၁ရပ်ကွက် ၁၀လမ်းမှာ ည ၉ နာရီ ၃၀ လောက်က ဝါယာရှောခ့်ကနေ မီးလောင်မှု ဖြစ်ပွားခဲ့တာ ၊ လေဖြတ်နေတဲ့ အမျိုးသားတဦး မီးလောင်ပြင်မှာပဲ သေဆုံးခဲ့တယ် ၊ နောက်ထပ် အမျိုးသမီးကြီးတဦး နဲ့ အမျိုးသား ၂ဦးလည်း မီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံပို့ထားရတယ် ၊…
Read Moreမုံရွာ၊ အလုံတပ်မြို့က ကားဝပ်ရှော့မှာ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိ
စက်တင်ဘာ ၊ ၈-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ အလုံတပ်မြို့ ၊ ချင်းတွင်းမြစ်ကူးတံတားနားမှာရှိတဲ့ ကားဝပ်ရှော့ ကို မနေ့ စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်းက သက်ဆိုင်ရာမှ ၀င်ရောက်ရှာဖွေတဲ့အခါ လက်နက်ခဲယမ်းတွေနဲ့အတူ လူတချို့ ဖမ်းဆီးရမိတယ်လို့ အလုံတပ်မြို့ ဒေသခံတွေဆီက သိရပါတယ်။ ” ချင်းတွင်းမြစ်ကူးတံတားနားက ဇော်ဝင်း ကားပြုပြင်ရေးအလုပ်ရုံကို စစ်တပ်နဲ့ ရဲတွေ ဝင်ပြီး ဖမ်းတာပါ ၊ လူ ၄ ယောက်နဲ့ သေနတ်တွေ ဖမ်းမိသွားတာ ” လို့ အဲ့ဒီ ဖမ်းဆီးနေတာကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ အလုံ ဒေသခံတယောက်က ပြောပါတယ်။ မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဇော်ဝင်း ကားဝပ်ရှော့ကို သတင်းပေးတာကြောင့် သွားရောက်စစ်ဆေးရှာဖွေတဲ့အခါ မျက်နှာစိမ်း ဧည့်သည် ၃…
Read Moreဝယ်လို့ မရ သူနဲ့ မ၀ယ်နိုင်လို့ လက်မှိုင်ချနေရတဲ့ ဘ၀များ
KK(VOM) “ကုန်စျေးနှုန်းကကြီး အလုပ်ကမရှိ ဆေးတွေကစျေးတက် ကျွန်မလေ တခါတလေ အမြန်သေပါစေလို့ဆုတောင်းမိတယ် “လို့ နာတာရှည်ရောဂါဖြစ်လို့ ဆေးစွဲသောက်နေသူတဦးက သူရဲ့အခက်အခဲကို ပြောပါတယ်။ အခက်အခဲကို ပြောပြနေပေမယ့် မောပန်းလာလို့ ခဏအနားယူပြီး သူမရဲ့အိတ်ထဲက လူပျံတော်ပတ္တမြားသွေးဆေးကိုဖောက် ရေနွေးနဲ့ရောကာ သောက်သုံးနေပါတယ်။ ရန်ကုန်မြို့ရဲ့ဆင်ခြေဖုန်းရပ်ကွက်လေးက လိုင်းခန်းတစ်ခုမှာနေထိုင်တဲ့ သူမအဖို့ မွန်းကျပ်ပိတ်လှောင်ပြီး လေမရတာကြောင့် လမ်းမအပြင်ဘက်ကို တခါတရံထွက်ထိုင်နေရတာကိုလည်း တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူက ကယ်ရီဆွဲပြီး သားနဲ့သမီးတယောက်ရှိပြီး အိမ်စရိတ်နဲ့အဆောင်လခ ဖယ်ကာ ရောဂါအတွက် ဆေးဝယ်ဖို့ဖယ်ရတာဟာ မလောက်တာကြောင့် အကြွေးများပင် တင်နေတယ်လို့ သူမကပြောပါတယ်။ “အရင်က တစ်ရာဆိုတဲ့ ဆေးက အခုဆို နှစ်ရာ နှစ်ရာငါးဆယ်၊ အရင်က ငါးဆယ်ဆိုတဲ့ဆေးက အခုဆို တစ်ရာငါးဆယ် ဖြစ်နေပြီ၊ ဒါတောင် ဆေးခန်းမပြဘူး ဆေးစာအုပ်နဲ့ဆေးဝယ်တာ တစ်ခါဝယ်ရင် အနိမ့်ဆုံးဆေးဖိုး လေးသောင်းရှိတယ်”လို့ ပြောပါတယ်။ ကုန်စျေးနှုန်းကြီးမြှင့်ခြင်း အလုပ်အကိုင်ရှားပါးခြင်းအပြင် အိမ်သုံးဆေးဝါးတွေ…
Read More