တာလံ အထကကျောင်းမှာ ကျောင်းသား/သူ ၂၀ ကျော် ကိုဗစ်ပိုးတွေ့လို့ အရေးပေါ် ကျောင်းပိတ်ထားရ

စက်တင်ဘာ ၈ – ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ နာဂအုပ်ချုပ်ခွင့်ရဒေသ ၊ လဟယ်မြို့ ၊ တာလံရပ်ကွက်မှာရှိတဲ့ တာလံ အခြေခံပညာအထက်တန်းကျောင်းက ကျောင်းသား/သူ ၂၀ ကျော်ဟာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရတာကြောင့် မနေ့ စက်တင်ဘာ ၇ ရက် မနက်ပိုင်းကစပြီး အရေးပေါ်ကျောင်းပိတ်လိုက်ရတယ်လို့ ခန္တီးခရိုင် ပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ကလေးတချို့ ဖျားနာကြတယ် ၊ အစကတော့ ရာသီပေါ် တုပ်ကွေးဖြစ်တယ်လို့ ထင်ခဲ့တာ ၊ တက်စကစ်နဲ့ စစ်ဆေးလိုက်တဲ့အခါ ကျောင်းသား ၇ ယောက်နဲ့ ၊ ကျောင်းသူ ၁၈ ယောက်ဆီက ကိုဗစ်-၁၉ ကူးစက်ခံထားရတာ အဖြေသိရတယ် ၊ အဲ့ဒါကြောင့် မနေ့က မနက်ပိုင်းကစပြီး အရေးပေါ် ကျောင်းပိတ်လိုက်ရတာဖြစ်တယ် “လို့ တာလံ အထကကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။

လဟယ်မြို့နယ် ကိုဗစ်၁၉ အရေးပေါ် တုန့်ပြန်ထိန်းချုပ်တိုက်ဖျက်ရေး ကော်မတီအဖွဲ့ဝင်တယောက်က ” လတ်တလောတော့ အသွားအလာ ကန့်သတ်ထားပြီး စောင့်ကြပ်ကုသပေးနေပါတယ်၊ ကျောင်းသားမိဘတွေနဲ့ ကွန်တက်တွေလည်း ဖော်ထုတ်ပြီး ကွာရန်တင်ဝင်ခိုင်းထားတယ် ၊ မြို့ကိုတော့ lock down ချတဲ့ အဆင့်ထိတော့ မရောက်သေးဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပဲခူးတိုင်းအရှေ့ပိုင်း အုတ်တွင်းမြို့က အခြေခံပညာအထက်တန်းကျောင်းမှာ ၇ တန်းကျောင်းသား ၁ ဦး ကိုဗစ် ၁၉ ရောဂါနဲ့ ရုတ်တရက် သေဆုံးသွားတာ ဖြစ်ခဲ့ပါသေးတယ်။

လဟယ်မြို့ဟာ အအေးပိုင်းဒေသ တောင်ပေါ်မြို့ဖြစ်ပြီး နှစ်စဥ် ရာသီပေါ်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ မကြာခဏ ဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #လဟယ်

Related posts

Leave a Comment

VOM News

FREE
VIEW