အူရီဒူးမြန်မာကို ဒေါ်လာ ၅၇၆ သန်းနဲ့ စင်ကာပူကုမ္ပဏီထံ ရောင်းချ

ဒိုဟာ၊ စက်တင်ဘာ-၈-၂၀၂၂
မျိုးဆက်(VOM)

ကာတာအခြေစိုက် အူရီဒူးကုမ္ပဏီဟာ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းစုကို စင်ကာပူကုမ္ပဏီဖြစ်တဲ့ Nine Communications Pte. Ltd ထံရောင်းချဖို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပြီလို့ အူရီဒူးက စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံက အူရီဒူးလုပ်ငန်းစုကို ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ကြောင်း ကာတာအခြေစိုက် အူရီဒူးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလိုရောင်းချဖို့ကိစ္စနဲ့ပတ်သက်ပြီး အူရီဒူးဟာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ယခင်ကတည်းက အကြောင်းကြားခဲ့ကြောင်း ရိုက်တာက ရေးသားထားပါတယ်။

ပြည်ပဆက်သွယ်ရေးကုမ္ပဏီတခုဖြစ်တဲ့ တယ်လီနောဟာလည်း မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းစုကို လက်ဘနွန်အခြေစိုက် M1 Group ထံရောင်းချခဲ့ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #ဒိုဟာ

Related posts

Leave a Comment

VOM News

FREE
VIEW