အမေရိကန်ဒုသမ္မတ ကမလာဟားရစ် ဂျပန်နဲ့ တောင်ကိုရီးယားသွားဖို့ စီစဉ်

၀ါရှင်တန်၊ စက်တင်ဘာ-၈-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်ဟာ ယခုလနှောင်းပိုင်းမှာ တိုကျိုမှာ ကျင်းပမယ့် ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်စျာပနကို တက်ရောက်ဖို့ ဂျပန်ကိုသွားမယ်လို့ အမေရိကန်က ကြေညာလိုကပါတယ်။

မစ္စဟားရစ်ဟာ စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်ထိ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို သွားရောက်မှာဖြစ်ကြောင်း အိမ်ဖြူတော်က စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သူဟာ စက်တင်ဘာ ၂၇ ရက်မှာပြုလုပ်မယ့် ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးရဲ့ စျာပနအခမ်းအနားသို့ သမ္မတဂျိုးဘိုင်ဒင်နဲ့ အမေရိကန်အစိုးရကိုယ်စား တက်ရောက်မှာဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုပါတယ်။

မစ္စဟားရစ်ဟာ ယမန်နှစ်ဇန်နဝါရီလမှာ အမေရိကန်ဒုတိယသမ္မတအဖြစ် တာ၀န်ယူပြီးနောက် ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ဖို့ စီစဉ်တာဖြစ်ပါတယ်။

သူဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသနဲ့ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဂျပန်၊ တောင်ကိုရီးယားအစိုးရ ထိပ်တန်းတာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

Ref: NHK
Photo:NHK
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW