မန္တလေးက နေရာ ၂ခုမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၄လောင်း တွေ့

စက်တင်ဘာ ၁၁-၂၀၂၂
Voice Of Myanmar

မန္တလေးမြို့မှာ ဒီကနေ့ မနက်ပိုင်းက သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်း ၄လောင်းကို နေရာ ၂ခုမှာ တွေ့ရှိရတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်က ချိတ်ပိတ်သိမ်းဆည်းခံထားရတဲ့ ပန်တော်ဦး ဟိုတယ်ရှေ့မှာ ဓားထိုးခံရပြီးသေဆုံးနေတဲ့ အမျိုးသား အလောင်း၁လောင်းကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

နောက်ပြီး စစ်ကိုင်း – မန္တလေး ကားလမ်း၊ တံတားဖြူ ရေထိန်းတံခါးအနီးမှာ လည်ပင်း လှီးဖြတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အမျိုးသား ၃ဦးရဲ့အလောင်းတွေကို တွေ့ရှိခဲ့ရပြီး အလောင်းတွေပေါ်မှာ သွေးသောက်အဖွဲ့ ဆိုတဲ့ စာတန်းတွေ ချိတ်ဆွဲထားတယ်လို့လည်း သိရပါတယ်။

“ဖြစ်စဥ်တွေကတော့ ဟုတ်တယ်၊ အသေးစိတ် ဘာမှပြောမရလို့ပါ၊ အလောင်းက ၄လောင်း ၊ ၃လောင်းမှာက သွေးသောက်စာတန်းချိတ်ထားတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကနေ ပြောပါတယ်။

အဲ့ဒီ့ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကို VOMအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ရက် မနက်ပိုင်းက မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာမှာ ဗုံပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး တဦး သေဆုံးကာ အမျိုးသမီး တဦး ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာ ၉ရက် ညပိုင်းမှာပဲ ချမ်းမြသာစည်မြို့နယ်၊ အမှတ် ၁၀ရဲစခန်းက ရဲတပ်ကြပ်(နယ်ထိန်း)တဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တာလည်း ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW