ညောင်ဖြူပင်ရဲကင်းစခန်းက ရဲ ၂ ဦး ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၁၂ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ညောင်ဖြူကျေးရွာ ၊ မုံရွာ-အမြင့် တောကျောင်းကားလမ်းမှာ ဒီကနေ့မနက် အစောပိုင်းက ညောင်ဖြူပင်ရဲကင်းစခန်းကနေ စျေးဝယ်ထွက်လာတဲ့ ရဲ ၂ ဦး ပစ်သတ်ခံရတယ်လို့ ညောင်ဖြူပင်ရွာခံတွေဆီက သိရပါတယ်။

” ဖြစ်တာက ဒီမနက် ၇ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ရဲကင်းစခန်းကနေ တာရိုးစျေးကို စျေးဝယ်ဖို့ထွက်လာတဲ့ ရဲ ၂ ဦးပစ်သတ်ခံရတာဖြစ်တယ် ၊ သေဆုံးသူ ရဲ ၂ ဦးထဲက ဦးသန်းလှိုင်ဆိုသူဟာ ညောင်ဖြူပင်ရဲကင်းမှာ အနေကြာပြီ ၊ ညောင်ဖြူပင်ရွာသားလိုဖြစ်နေတာပါ ၊ နောက်တယောက်ကတော့ ပြောင်းလာတာ မကြာသေးဘူး “လို့ ညောင်ဖြူပင်ရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ညောင်ဖြူပင်ရဲကင်းစခန်းက ရဲတပ်ကြပ်ကြီး သန်းလှိုင်နဲ့ ရဲတပ်သား ကယားဆိုတဲ့သူ ကျတယ် “လို့ ပြောပါတယ်။

ညောင်ဖြူပင် တာရိုးစျေးသည် တယောက်ကလည်း” အပြန်အလှန် ပစ်ခတ်ကြတယ် ၊ သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေလည်းကြားရတယ် ၊ စျေးဝယ်လာတဲ့ ရဲ ၂ ဦးသေတယ် ၊ အရပ်သား တချို့လည်း ထိခိုက်ဒဏ်ရာရတာရှိတယ် ၊ ညောင်ဖြူပင် တရွာလုံးကို ပိတ်ဆို့ထားတာကြောင့် အပြင်မထွက်ရဲကြဘူး ၊ အဲ့ဒါကြောင့် အရပ်သားတွေထဲက ဘယ်သူတွေ ထိခိုက်သေဆုံးတယ်ဆိုတာ အခုထိ မသိရသေးဘူး “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းကလည်း အဲ့ဒီ ညောင်ဖြူပင် ရဲကင်းစခန်းမှူး ရဲအုပ် အောင်မျိုးနဲ့ အဖွဲ့ဟာ ညောင်ဖြူပင်ရွာ တာရိုးလမ်းမှာ ပိတ်ဆို့စစ်ဆေးရေး လုပ်နေချိန် ပစ်ခတ်မှုဖြစ်ပြီး စခန်းမှူး ရဲအုပ် အောင်မျိုး နေရာမှာတင် သေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့ ၊ စျေးနားက လက်ဘက်ရည်ဆိုင်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လက စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး ပစ်သတ်ခံရတာဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW