နိုင်ငံတကာသကြားစျေး မြင့်တက်လာတာနဲ့အတူပြည်တွင်းသကြားဈေး တပိဿာ၂၄၅၀ ထိ စံချိန်တင်မြင့်တက်

စက်တင်ဘာ ၁၃-၂၀၂၂ SM နိုင်ငံတကာသကြားစျေး မြင့်တက်လာတာနဲ့အတူပြည်တွင်းသကြားဈေး ရက်ပိုင်းအတွင်း တစ်ပိဿာ ကျပ်၂၄၅၀ ထိ စံချိန်တင်မြင့်တက်လာတယ်လို့ သကြားကုန်သည်တွေဆီက သိရပါတယ်။ ပြည်တွင်းသကြားဈေးကွက်မှာ ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် စက်တင်ဘာလအတွင်းမှာ တည်ငြိမ်နေတဲ့ သကြားစျေးဟာ ရက်ပိုင်းအတွင်း သကြားတပိဿာကို ကျပ် ၂၀၀ ဈေးမြင့်တက်လာခဲ့ရာ လက်ရှိပေါက်စျေးမှာ တပိဿာ ၂၄၅၀ ကျပ်ဖြစ်​လာပါတယ်။ စက်တင်ဘာ ၉ ရက်ထိ သကြား တပိဿာ၂၂၅၀ ကျပ်ဖြင့် တည်ငြိမ်နေပေမယ့်လည်း စက်တင်ဘာ ၁၃ ရက်နေ့မှာ နိုင်ငံတကာသကြားစျေးမြင့်တက်လာတာကြောင့် တပိဿာ ၂၄၅၀ ကျပ်ပေါက်ဈေးရှိတဲ့အတွက် ၄ ရက်အတွင်း ကျပ် ၂၀၀ မြင့်တက်လာတာ ဖြစ်ပါတယ်။ “ကမ္ဘာဈေး ပြန်ကြည့်ရင်လည်းFOBဈေးက သကြားတစ်တန်ကို ဒေါ်လာ ၆၀၀ ကျော်သွားပြီ။အဲဒီလို မြင့်လာတော့ ပြည်တွင်းသကြား လက်ကျန်ရှိနေပေမယ့်ကုန်သည်တွေကလည်း သကြားဈေးဆွဲတင်လာတယ်။ပြည်တွင်းသကြားဈေးက နိုင်ငံတကာသကြားဈေးတက်တာနဲ့အတူ ပြည်တွင်းငွေလဲနူန်းတွေကြောင့် ဈေးတက်လာပါတယ်”လို့ မန္တလေးတိုင်း…

Read More

လာမယ့်နှစ်မှာ ကမ္ဘာ့စားနပ်ရိက္ခာရှားပါးပြတ်လပ်မှု ပိုမိုဆိုးရွားနိုင်ကြောင်း ကုလသတိပေး

ကုလသမဂ္ဂ၊ စက်တင်ဘာ-၁၃-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းရဲ့ ကောက်ပဲသီးနှံတင်ပို့မှုတွေကို လွန်ခဲ့တဲ့လမှာ ပြန်လည်စတင်ခဲ့ပေမယ့်လည်း ကမ္ဘာ့စားနပ်ရိက္ခာပြတ်လပ်မှုဟာ လာမယ့်နှစ်မှာ ပိုမိုဆိုးရွားလာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ယူကရိန်းနိုင်ငံမှ လယ်ယာထွက်ကုန်တွေ ပြန်လည်တင်ပို့နိုင်တာဟာ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း ဒါပေမယ့် စားနပ်ရိက္ခာရှားပါးပြတ်လပ်မှုဟာ လာမယ့်နှစ်မှာ ပိုမိုဆိုးရွားနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနဲ့ အရှေ့ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကော်ရင်းဖလီချာက စက်တင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။ လာမယ့်ရာသီမှာ ယူကရိန်းရဲ့ ကောက်ပဲသီးနှံရိတ်သိမ်းမှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၃၀ ရာခိုင်နှုန်းကျဆင်းဖွယ်ရှိပြီး တန်ချိန်သန်း ၁၀၀ ရိတ်သိမ်းနိုင်မယ်လို့ သူကမျှော်လင့်ထားပြီး ကမ္ဘာလုံးဆိုင်ရာ လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘာတ၀န်းရှိ လယ်သမားတွေဟာ ဓါတ်မြေသြဇာထိပ်တန်းထုတ်လုပ်သူ ရုရှားက တင်ပို့မှုတွေကို ရပ်ဆိုင်းလိုက်ပြီးနောက် စျေးနှုန်းများကြီးမြင့်လာတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေရကြောင်း သူကပြောပါတယ်။ ပါကစ္စတန်မှာ ရေကြီးမှု၊ တရုတ်နဲ့ ဥရောပဒေသတို့မှာ မိုးခေါင်ရေရှားမှုတွေအပါအ၀င်…

Read More

မူဆယ် ကမ္ဘောဇဘဏ်ခွဲ ၃မှာ ပစ်ခတ်မှုဖြစ်ပွားပြီးပြည်သူ့စစ် ၂ ဦး အပါအဝင် ၃ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၊ ၁၃ ၊ ၂၀၂၂ SP (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်ခရိုင် ၊ မူဆယ်မြို့ ၊ သိန်းသန်းချီကားကွင်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ ၃ မှာ ဒီကနေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူစစ် ၂ဦးအပါအ၀င် ၃ဦး သေဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မူဆယ်မြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဘဏ်ကို လာပစ်တာပါ ၊ ဓားပြတိုက်တာ မဟုတ်ဘူး ၊ ဘဏ်လုံခြုံရေး ပြည်သူ့စစ် ၂ ဦးသေ ၊ ၁ ဦး ဒဏ်ရာရတယ် ၊ နောက်ပြီး အရပ်သား ၁ ယောက်လည်း ကျည်ဆံထိမှန် သေတယ် ၊ ဘဏ်က မှန်ခန်း တချို့ပျက်စီးသွားတယ် ” လို့ ဒေသခံ ပရဟိတသမား…

Read More

လူ ၁၅၀ မှာ တဦးနှုန်း ခေတ်သစ်ကျွန်ပြုခံနေရ

ကုလသမဂ္ဂ၊ စက်တင်ဘာ-၁၃-၂၀၂၂ မျိုးဆက်(VOM) ခေတ်သစ်ကျွန်ပြုမှုတွေဟာ လက်နက်ကိုင်ပဋိပက္ခ၊ ရာသီဥတုပြောင်းလဲမှုနဲ့ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုတို့နဲ့ အတူ ကြီးထွားလာတဲ့စိန်ခေါ်မှုတရပ်ဖြစ်နေကြောင်း စက်တင်ဘာ ၁၂ ရက်မှာထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတရပ်မှာ သတိပေးထားပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ကမ္ဘာ့လူဦးရေ သန်း ၅၀ သို့မဟုတ် အသက်ရှင်နေထိုင်သူ လူ ၁၅၀ ဦးမှာ တဦးနှုန်းအဓမ္မခိုင်းစေမှု သို့မဟုတ် အဓမ္မလက်ထပ်မှုတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ကိန်းဂဏန်းဟာ လွန်ခဲ့တဲ့ငါးနှစ်ကထက် ၁၀ သန်းနီးပါးမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး အခြေအနေတွေ ပိုမိုဆိုးရွားလာတာဟာ တုန်လှုပ်ဖွယ်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ကပြောပါတယ်။ ကလေးသူငယ် ၃ ဒသမ ၃ သန်းအပါအ၀င် လူပေါင်း ၂၇ ဒသမ ၆ သန်းဟာ အဓမ္မခိုင်းစေခံနေရပြီး အခြား ၂၂ သန်းကတော့ အဓမ္မတလက်ထပ်ခံနေရကြောင်းပြီး သူတို့ထဲက အများစုမှာ အသက် ၁၅…

Read More

စစ်ကိုင်းမှာ အသတ်ခံထားရတဲ့ အမျိုးသမီး ၂ ဦးရဲ့ အလောင်းနဲ့အတူ ကလေးငယ် ၁ ဦးကို အသက်ရှင်လျက်တွေ့

စက်တင်ဘာ ၊ ၁၃ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့၊ နီလာရပ်ကွက် ၊ စစ်ကိုင်းရှိမ္မကား ကျောက်မြှောင်း ရွှေဘို အမှတ် ၃ ခရိုင်ချင်း ချိတ်ဆက်ကားလမ်းမှာ မနေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက အမည်မသိ အမျိုးသမီး ၂ ဦး အသတ်ခံထားရတဲ့နေရာမှာ ရုပ်အလောင်းတွေနဲ့အတူ အသက်ရှင်လျက် ကလေးငယ် ၁ ဦးပါ စွန့်ပစ်ထားတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာ တွေ့ခဲ့ရတာပါ ၊ အသတ်ခံထားရတဲ့ အမျိုးသမီး ၂ ဦးက အသက် ၃၅ နဲ့ ၄၀ ဝန်းကျင်အရွယ်တွေဖြစ်တယ် ၊ မျက်နှာတွေကို အဝတ်စီးပြီး သတ်ခံထားရတာ…

Read More

မုံရွာမြို့မှာ ၂ ရက်အတွင်း ၃ ကြိမ်ဓားပြတိုက်ခံရပြီး သိန်းပေါင်း ၃ သောင်းကျော်ဖိုးပါသွား

စက်တင်ဘာ ၊ ၁၃ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ ဓားပြတိုက်မှုတွေ ၃ ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကာလခန့်မှန်းတန်ဖိုး ငွေကျပ် သိန်းပေါင်း ၃ သောင်းကျော် ပါသွားတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ၁၁ ရက်နေ့က မုံရွာမြို့ပေါ်မှာ ဓားပြတိုက်ခံရတာ ၂ ကြိမ် ဆက်တိုက်ဖြစ်တယ် ၊ မနက်ပိုင်းမှာက ဘုရားကြီးရပ်ကွက် ဗိုလ်ချုပ်လမ်းနဲ့တရုတ်တန်းလမ်းဒေါင့်က သိန်းတရာရွှေဆိုင် တိုက်ခံရတယ် ၊ ရွှေ ၁၀ ပိသာဆိုတော့ သိန်းပေါင်း ၃ သောင်းကျော်ပါသွားတယ် ၊ အဲ့ဒီနေ့ ညနေပိုင်းမှာ နန္ဒဝန်ရပ်ကွက် ၊ သမစိတ္တလမ်း ၊ ဂန့်ဂေါကျောင်းလမ်းက ကွမ်ရွက် အဝယ်ဒိုင်အိမ်မှာ ဒုတိယအကြိမ်တိုက်ခံရတယ် ၊…

Read More

ပြည်ပခရီးသွားတွေအတွက် ကန့်သတ်ချက်တွေ ထပ်မံဖြေလျော့ဖို့ ဂျပန်အစိုးရ စီစဉ်နေ

တိုကျို၊ စက်တင်ဘာ-၁၂-၂၀၂၂ မျိုးဆက်(VOM) ဂျပန်တာ၀န်ရှိသူတွေဟာ နိုင်ငံစီးပွားရေးကို မြှင့်တင်ဖို့အားထုတ်မှုအဖြစ် ပြည်ပခရီးသွားတွေအတွက် နယ်စပ်ကန့်သတ်ချက်တွေကို ထပ်မံဖြေလျော့ဖို့ စီစဉ်နေပါတယ်။ ဂျပန်ယန်းငွေဟာ အမေရိကန်ဒေါ်လာနဲ့နှိုင်းယှဉ်ပါက လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ၁ ဒသမ ၇ ရာခိုင်နှုန်းထိ ကျဆင်းသွားပြီး ဒါဟာ ၂၄ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ အစီအမံတွေကြောင့် လွန်ခဲ့တဲ့နှစ်နှစ်အတွင်း နိုင်ငံခြားခရီးသွားလာမှုအများစုကို ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့် ယခုလအစောပိုင်းမှာ နိုင်ငံတွင်းသို့ ၀င်ရောက်ခွင့်ပြုတဲ့ နိုင်ငံခြားခရီးသွားဦးရေသည် တရက်ကို နှစ်သောင်းမှ ငါးသောင်းထိ တိုးလာခဲ့ပြီး ဧည့်လမ်းညွှန်နဲ့အတူ လာရောက်ဖို့ ကန့်သတ်ချက်ကို လည်းဖျက်သိမ်းခဲ့ပါတယ်။ ဂျပန်နိုင်ငံသို့ ပြီးနှစ်အတွင်းက နိုင်ငံခြားခရီးသွားဧည့်သည် ၂၄၆၀၀၀ သာလာရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ စံချိန်တင်ခဲ့တဲ့ ၃၁ ဒသမ ၉ သန်းထက် များစွာလျော့နည်းခဲ့ပါတယ်။ Ref: BBC Photo:Getty Images…

Read More

ကိုဗစ်ကြောင့် လော့ခ်ဒေါင်းချထားတဲ့ တရုတ်နိုင်ငံ့ဒေသတွေမှာ စားနပ်ရိက္ခာနဲ့ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေ ပြတ်လပ်နေ

ပေကျင်း၊ စက်တင်ဘာ-၁၂-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံတ၀န်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် လော့ခ်ဒေါင်းချထားတဲ့ဒေသတွေမှာ စာနပ်ရိက္ခာနဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေပြတ်လပ်နေပြီး ဒီကိစ္စအပေါ် ဒေသခံတွေက မကျေမနပ်ဖြစ်နေကြပါတယ်။ အနည်းဆုံး ဒေသ ၃၀ ထက်မနည်းက သန်းနဲ့ချီတဲ့ဒေသခံတွေဟာ တစိတ်တပိုင်းလော့ခ်ဒေါင်း သို့မဟုတ် အလုံးစုံလော့ခ်ဒေါင်းချတဲ့အောက်မှာ နေထိုင်နေကြရပါတယ်။ ဂျုံ၊ ဆန်နဲ့ ဥတွေကုန်သွားတာ ၁၅ ရက်လောက်ရှိပြီဖြစ်ကြောင်း ကလေးငယ်တွေအတွက် နို့မှုန့်တွေလည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကုန်သွားပြီလို့ ရှင်ကျန်းအနောက်ပိုင်းက ဒေသခံတဦးကပြောပါတယ်။ တရုတ်အာဏာပိုင်တွေဟာ အောက်တိုဘာလမှာကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့ ကွန်ဂရက်အစည်းအဝေး မတိုင်မီ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေကို အပြင်းအထန် ထိန်းချုပ်နေပါတယ်။ တရုတ်နိုင်ငံဟာ ကိုဗစ်ကူးစက်မှုလုံး၀မရှိစေရေး မူဝါဒကို ဆက်လက်ကျင့်သုံးနေပြီး ကူးစက်မှုနှုန်းများပြားတဲ့ ဒေသတွေကို လော့ခ်ဒေါင်းချမှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမယ့်လည်း စက်တင်ဘာ ၁၂ ရက်မှာ နိုင်ငံတ၀န်း ကိုဗစ်ကူးစက်မှု ၉၄၉ ဦးထိရှိနေပါတယ်။…

Read More

မုံရွာ ကျောက္ကာလမ်း ပစ်ခတ်မှုမှာ အိမ်ထဲအိပ်နေတဲ့ အမျိုးသမီး ၁ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၊ ၁၂ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မြဝတီရပ်ကွက် ၊ ကျောက္ကာလမ်းမှာရှိတဲ့ မြဝတီရပ်ကွက်ရုံးနဲ့ Mytel ဆက်သွယ်ရေးကုမ္မဏီရုံးအကြား ၊ မိုဃ်းကောင်းဘုရားနားမှာ မနေ့ စက်တင်ဘာ ၁၁ ရက်ည ၈ နာရီဝန်းကျင်က ပစ်ခတ်တာတွေဖြစ်ပွားပြီး အဲ့ဒီအနီးက နေအိမ်တခုမှာ အိပ်နေတဲ့ အမျိုးသမီး ၂ ယောက် ကျည်ဆံထိမှန်တာကြောင့် ၁ ဦးသေဆုံးပြီး ၊ ၁ ဦး ဒဏ်ရာရခဲ့တာလို့ မုံရွာမြို့ ၊ မြဝတီရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။ ” မြဝတီရပ်ကွက်ရုံးမှာလည်း ကင်းအဖွဲ့တွေရှိတယ် ၊ Mytel ဆက်သွယ်ရေးကုမ္မဏီရုံးမှာလည်း ကင်းအဖွဲ့တွေရှိတယ် ၊ အဲ့ဒီ ကင်းအဖွဲ့ ၂ ခုကြားမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့နဲ့ ပစ်ခတ်ကြတာဖြစ်တယ် ၊ အဲ့ဒီ…

Read More

ညောင်ဖြူပင်ရဲကင်းစခန်းက ရဲ ၂ ဦး ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၁၂ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ညောင်ဖြူကျေးရွာ ၊ မုံရွာ-အမြင့် တောကျောင်းကားလမ်းမှာ ဒီကနေ့မနက် အစောပိုင်းက ညောင်ဖြူပင်ရဲကင်းစခန်းကနေ စျေးဝယ်ထွက်လာတဲ့ ရဲ ၂ ဦး ပစ်သတ်ခံရတယ်လို့ ညောင်ဖြူပင်ရွာခံတွေဆီက သိရပါတယ်။ ” ဖြစ်တာက ဒီမနက် ၇ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ရဲကင်းစခန်းကနေ တာရိုးစျေးကို စျေးဝယ်ဖို့ထွက်လာတဲ့ ရဲ ၂ ဦးပစ်သတ်ခံရတာဖြစ်တယ် ၊ သေဆုံးသူ ရဲ ၂ ဦးထဲက ဦးသန်းလှိုင်ဆိုသူဟာ ညောင်ဖြူပင်ရဲကင်းမှာ အနေကြာပြီ ၊ ညောင်ဖြူပင်ရွာသားလိုဖြစ်နေတာပါ ၊ နောက်တယောက်ကတော့ ပြောင်းလာတာ မကြာသေးဘူး “လို့ ညောင်ဖြူပင်ရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ညောင်ဖြူပင်ရဲကင်းစခန်းက ရဲတပ်ကြပ်ကြီး…

Read More
VOM News

FREE
VIEW