လူ ၁၅၀ မှာ တဦးနှုန်း ခေတ်သစ်ကျွန်ပြုခံနေရ

ကုလသမဂ္ဂ၊ စက်တင်ဘာ-၁၃-၂၀၂၂
မျိုးဆက်(VOM)

ခေတ်သစ်ကျွန်ပြုမှုတွေဟာ လက်နက်ကိုင်ပဋိပက္ခ၊ ရာသီဥတုပြောင်းလဲမှုနဲ့ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုတို့နဲ့ အတူ ကြီးထွားလာတဲ့စိန်ခေါ်မှုတရပ်ဖြစ်နေကြောင်း စက်တင်ဘာ ၁၂ ရက်မှာထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတရပ်မှာ သတိပေးထားပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ကမ္ဘာ့လူဦးရေ သန်း ၅၀ သို့မဟုတ် အသက်ရှင်နေထိုင်သူ လူ ၁၅၀ ဦးမှာ တဦးနှုန်းအဓမ္မခိုင်းစေမှု သို့မဟုတ် အဓမ္မလက်ထပ်မှုတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်ကိန်းဂဏန်းဟာ လွန်ခဲ့တဲ့ငါးနှစ်ကထက် ၁၀ သန်းနီးပါးမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး အခြေအနေတွေ ပိုမိုဆိုးရွားလာတာဟာ တုန်လှုပ်ဖွယ်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ကပြောပါတယ်။

ကလေးသူငယ် ၃ ဒသမ ၃ သန်းအပါအ၀င် လူပေါင်း ၂၇ ဒသမ ၆ သန်းဟာ အဓမ္မခိုင်းစေခံနေရပြီး အခြား ၂၂ သန်းကတော့ အဓမ္မတလက်ထပ်ခံနေရကြောင်းပြီး သူတို့ထဲက အများစုမှာ အသက် ၁၅ နှစ်အောက်တွေဖြစ်ပါတယ်။

ဒီကိစ္စတွေကိုတိုက်ဖျက်ရေးမှာ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတခုလိုအပ်ကြောင်း ၊ အလုပ်သမားသမဂ္ဂတွေ၊ လုပ်ငန်းရှင်အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူအားလုံးဟာ အရေးပါတဲ့ကဏ္ဍမှာ ပါ၀င်နေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် ဂိုင်းရိုက်ဒါက ပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW