ပြည်ပခရီးသွားတွေအတွက် ကန့်သတ်ချက်တွေ ထပ်မံဖြေလျော့ဖို့ ဂျပန်အစိုးရ စီစဉ်နေ

တိုကျို၊ စက်တင်ဘာ-၁၂-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်တာ၀န်ရှိသူတွေဟာ နိုင်ငံစီးပွားရေးကို မြှင့်တင်ဖို့အားထုတ်မှုအဖြစ် ပြည်ပခရီးသွားတွေအတွက် နယ်စပ်ကန့်သတ်ချက်တွေကို ထပ်မံဖြေလျော့ဖို့ စီစဉ်နေပါတယ်။

ဂျပန်ယန်းငွေဟာ အမေရိကန်ဒေါ်လာနဲ့နှိုင်းယှဉ်ပါက လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ၁ ဒသမ ၇ ရာခိုင်နှုန်းထိ ကျဆင်းသွားပြီး ဒါဟာ ၂၄ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ အစီအမံတွေကြောင့် လွန်ခဲ့တဲ့နှစ်နှစ်အတွင်း နိုင်ငံခြားခရီးသွားလာမှုအများစုကို ပိတ်ပင်ခဲ့ပါတယ်။

ဒါပေမယ့် ယခုလအစောပိုင်းမှာ နိုင်ငံတွင်းသို့ ၀င်ရောက်ခွင့်ပြုတဲ့ နိုင်ငံခြားခရီးသွားဦးရေသည် တရက်ကို နှစ်သောင်းမှ ငါးသောင်းထိ တိုးလာခဲ့ပြီး ဧည့်လမ်းညွှန်နဲ့အတူ လာရောက်ဖို့ ကန့်သတ်ချက်ကို လည်းဖျက်သိမ်းခဲ့ပါတယ်။

ဂျပန်နိုင်ငံသို့ ပြီးနှစ်အတွင်းက နိုင်ငံခြားခရီးသွားဧည့်သည် ၂၄၆၀၀၀ သာလာရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ စံချိန်တင်ခဲ့တဲ့ ၃၁ ဒသမ ၉ သန်းထက် များစွာလျော့နည်းခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW