နိုင်ငံတကာသကြားစျေး မြင့်တက်လာတာနဲ့အတူပြည်တွင်းသကြားဈေး တပိဿာ၂၄၅၀ ထိ စံချိန်တင်မြင့်တက်

စက်တင်ဘာ ၁၃-၂၀၂၂
SM

နိုင်ငံတကာသကြားစျေး မြင့်တက်လာတာနဲ့အတူပြည်တွင်းသကြားဈေး ရက်ပိုင်းအတွင်း တစ်ပိဿာ ကျပ်၂၄၅၀ ထိ စံချိန်တင်မြင့်တက်လာတယ်လို့ သကြားကုန်သည်တွေဆီက သိရပါတယ်။

ပြည်တွင်းသကြားဈေးကွက်မှာ ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် စက်တင်ဘာလအတွင်းမှာ တည်ငြိမ်နေတဲ့ သကြားစျေးဟာ ရက်ပိုင်းအတွင်း သကြားတပိဿာကို ကျပ် ၂၀၀ ဈေးမြင့်တက်လာခဲ့ရာ လက်ရှိပေါက်စျေးမှာ တပိဿာ ၂၄၅၀ ကျပ်ဖြစ်​လာပါတယ်။

စက်တင်ဘာ ၉ ရက်ထိ သကြား တပိဿာ၂၂၅၀ ကျပ်ဖြင့် တည်ငြိမ်နေပေမယ့်လည်း စက်တင်ဘာ ၁၃ ရက်နေ့မှာ နိုင်ငံတကာသကြားစျေးမြင့်တက်လာတာကြောင့် တပိဿာ ၂၄၅၀ ကျပ်ပေါက်ဈေးရှိတဲ့အတွက် ၄ ရက်အတွင်း ကျပ် ၂၀၀ မြင့်တက်လာတာ ဖြစ်ပါတယ်။

“ကမ္ဘာဈေး ပြန်ကြည့်ရင်လည်းFOBဈေးက သကြားတစ်တန်ကို ဒေါ်လာ ၆၀၀ ကျော်သွားပြီ။အဲဒီလို မြင့်လာတော့ ပြည်တွင်းသကြား လက်ကျန်ရှိနေပေမယ့်ကုန်သည်တွေကလည်း သကြားဈေးဆွဲတင်လာတယ်။ပြည်တွင်းသကြားဈေးက နိုင်ငံတကာသကြားဈေးတက်တာနဲ့အတူ ပြည်တွင်းငွေလဲနူန်းတွေကြောင့် ဈေးတက်လာပါတယ်”လို့ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းဥက္ကဌ ဦးဝင်းဌေးကပြော ပါတယ်။

ပြည်တွင်းသကြားဈေးကွက်အရ စက်တင်ဘာလဆန်းရက်က တပိဿာ ၂၂၅၀ ကျပ်ရှိခဲ့ပြီး တစ်ရက်ကို ၁၀၀ ကျပ်နူန်း မြင့်တက်လာခဲ့ရာ စက်တင်ဘာ ၁၀ ရက်မှာ၂၃၀၀ ကျပ်၊၁၂ ရက်မှာ ၂၃၅၀ ကျပ်၊၁၃ ရက်မှည ၂၄၅၀ ကျပ်ဖြစ်ခဲ့တာကြောင့် ၄ရက်အတွင်း သကြားတပိဿာ ကျပ် ၂၀ဝမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

“သကြားစက်ရုံတွေက လေလံပစ်ပြီးသား သကြားတွေကို နိုဝင်ဘာလထိပဲ ထားခွင့်ပေးထားတာဆိုတော့ အဲဒီနောက်ပိုင်းမှာ ဈေးကျသွားနိုင်တယ်။အခုလို ဈေးတက်လာတာကလည်း ပြည်တွင်းစားသုံးမှု မလုံလောက်လို့မဟုတ်ဘဲ ကမ္ဘာ့ဈေးကွက်နဲ့ ငွေလဲနူန်းတွေကြောင့်ပါ”လို့ ဦးဝင်းဌေးက သုံးသပ်ထားပါတယ်။

သကြားစက်တွေက သကြားထုတ်လုပ်မှုအတွက် ကြံတောင်သူတွေဆီကနေ သြဂုတ်လက ကြံတစ်တန်ကို စက်ရုံအရောက် ကျပ် ၈၀၀၀၀ ဈေးပေးခဲ့ရာကနေ စက်တင်ဘာ ၃ ရက်နေ့မှာ ရှမ်း/မြောက်ဒေသမှ သကြားစက်တွေက ကျပ် ၉၀၀၀၀ ထိ ဈေးပေးဝယ်ယူမှာဖြစ်​တယ်လို့လည်း ငွေရည်ပုလဲသကြားစက်ရုံကထုတ်ပြန်ထားပါတယ်။

ကြံစိုက်တောင်သူတွေအနေနဲ့လည်း သွင်းအားစုတွေ စက်သုံးဆီတွေ စျေးမြင့်နေတာဖြစ်လို့ ကြံတစ်တန် ကို ကျပ် ၁သိန်းကျော် ရရှိဖို့ မျှော်လင့်နေကြ​တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်တွင်းသကြားစျေး #စံချိန်တင်မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW