ထိုင်းစစ်တပ်မှာ စစ်သားချင်းပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံး

ဘန်ကောက်၊ စက်တင်ဘာ-၁၄-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိစစ်စခန်းတခုမှာ စက်တင်ဘာ ၁၄ ရက်ကဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရရှိသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ထိုင်းဘုရင့်တပ်မတော် စစ်ကောလိပ်မှတပ်ကြပ်ကြီး Yongyuth Mungkornkim ဟာ ဒီနေ့မနက် ဒေသစံတော်ချိန် ၈ နာရီ ၄၅ မိနစ်မှာ အခြားစစ်သားသုံးဦးကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။

အသက် ၅၉နှစ်အရွယ် အဲဒီအမျိုးသားဟာ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် မနက် ၁၀ နာရီလောက်မှာ လက်နက်ချခဲ့ကြောင်း အမျိုးသားရဲဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Kissana Phathanacharoen က သတင်းထောက်တွေကိုပြောပါတယ်။

သေဆုံးသွားတဲ့ စစ်သားတွေနဲ့ ဒဏ်ရာရရှိသူတွေအတွက် ၀မ်းနည်းကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ထားပြီး မိသားစုနှင့် အဖွဲ့အစည်းအတွက် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်ကာ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံမှာ သေနတ်ကိုင်ဆောင်မှုနှုန်းမြင့်မားပေမယ့်လည်း အစုလိုက်အပြုံလိုက်သေနတ်ပစ်ခတ်မှုကတော့ ဖြစ်ခဲလှပါတယ်။

Ref: CNA
Photo: AFP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW