ဒေးဒရဲမှာ စည်ပင်ရုံးနဲ့အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရပြီး ဝန်ထမ်း ၁ ဦးဒဏ်ရာရတဲ့ကိစ္စနဲ့ စည်ပင်ဝန်ထမ်း ၄ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၊၁၄-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်က စည်ပင်ရုံးနဲ့ အုပ်ချုပ်ရေးမှူးရုံးဟာ မနေ့ စက်တင်ဘာ ၁၃ ရက် ညပိုင်းက ဗုံးခွဲခံရပြီး စာရေး ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် စည်ပင်ဝန်ထမ်း ၄ ဦးအဖမ်းခံထားရတယ်လို့ ဝန်ထမ်းတွေနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ အမှတ်(၂) ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးနဲ့ ဒေးဒရဲမြို့ စည်ပင်ရုံးဗုံးခွဲတိုက်ခိုက်ခံရတာဖြစ်ပြီး အမှတ် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲရာမှာ စာရေး ၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စည်ပင်ရုံးဗုံးခွဲခံရတာနဲ့ ပတ်သက်လို့ စည်ပင်ဝန်ထမ်း ၄ ယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။ ”စည်ပင်ရုံး ပေါက်ကွဲတာနဲ့ပတ်သက်လို့ အစောင့် ဝန်ထမ်း ၄ ယောက်အဖမ်းခံရတယ် ၊ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲတာက စာရေး တဦး ဒဏ်ရရာရှိသွားတာ၊ စစ်တပ်နဲ့ရဲက လာပြီးစစ်ဆေးတာတွေလုပ်တယ် ၊ ပြီးတော့ အစောင့်စည်ပင်ဝန်ထမ်း ကောင်လေး ၄…

Read More

ကန်ပိုင်တည်လမ်းမှာ မြေပြိုလာတာကြောင့် ကားတွေသွားလာလို့မရတဲ့ထိ လမ်းပိတ်

စက်တင်ဘာ ၁၄၊ ၂၀၂၂ Shy V(VOM) တရုတ်-မြန်မာနယ်စပ်လမ်းကြောဖြစ်တဲ့ ကန်ပိုင်တည်လမ်း၊ ဆဒုံးမြို့နဲ့ လုကြည်ရွာကြားမှာ ပြီးခဲ့တဲ့ရက်ပိုင်း မိုးရွာထားတာကြောင့် ဒီနေ့ စက်တင်ဘာ ၁၄ ရက် နေ့ခင်းပိုင်းမှာ မြေပြိုပြီး ကျောက်တုံးတွေကျလာတာကြောင့် ကားတွေသွားလာလို့မရတဲ့ထိ လမ်းပိတ်သွား​တယ်လို့ ကုန်တင်ယာဉ်မောင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “အခုက ကားကြီးရော ကားလေးရော သွားလို့ မရတော့ဘူးဗျ၊ အခုနှစ် မိုးတွင်း အစပိုင်းကနေ တောင်တွေ ပြိုနေတာဖြစ်ပြီး တရက် နည်းနည်းစီ ပြိုကျလာရာကနေ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ မိုးထပ်ရွာထားလို့ ဒီနေ့မှာတော့ မြေထပ်ပြိုလာကာ ကျောက်တုံးကြီးပါ ပြိုကျပါလာပြီး လမ်းပိတ်သွားတာ” လို့ အဲဒီ လမ်းကြောမှ ကုန်တင်ယာဉ်မောင်း ၁ ဦး က ပြောပါတယ် အဲဒီ ဒေသခံ ဆိုင်ရှင် ၁ ဦးကလည်း “ဟုတ်တယ် အခုပိတ်နေတာ မရသေးဘူး။ ကျောက်တုံး…

Read More

ထိုင်းစစ်တပ်မှာ စစ်သားချင်းပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံး

ဘန်ကောက်၊ စက်တင်ဘာ-၁၄-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိစစ်စခန်းတခုမှာ စက်တင်ဘာ ၁၄ ရက်ကဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရရှိသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ထိုင်းဘုရင့်တပ်မတော် စစ်ကောလိပ်မှတပ်ကြပ်ကြီး Yongyuth Mungkornkim ဟာ ဒီနေ့မနက် ဒေသစံတော်ချိန် ၈ နာရီ ၄၅ မိနစ်မှာ အခြားစစ်သားသုံးဦးကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။ အသက် ၅၉နှစ်အရွယ် အဲဒီအမျိုးသားဟာ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် မနက် ၁၀ နာရီလောက်မှာ လက်နက်ချခဲ့ကြောင်း အမျိုးသားရဲဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Kissana Phathanacharoen က သတင်းထောက်တွေကိုပြောပါတယ်။ သေဆုံးသွားတဲ့ စစ်သားတွေနဲ့ ဒဏ်ရာရရှိသူတွေအတွက် ၀မ်းနည်းကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ထားပြီး မိသားစုနှင့် အဖွဲ့အစည်းအတွက် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်ကာ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံမှာ သေနတ်ကိုင်ဆောင်မှုနှုန်းမြင့်မားပေမယ့်လည်း အစုလိုက်အပြုံလိုက်သေနတ်ပစ်ခတ်မှုကတော့ ဖြစ်ခဲလှပါတယ်။ Ref:…

Read More

ပခုက္ကူ ကန်တော်ရွာအနောက်ကျောင်းဆရာတော် ကားလုယူပြီး အသတ်ခံရ

စက်တင်ဘာ ၊ ၁၄ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ ကန်တော်ကျေးရွာ ၊ အနောက်ကျောင်းတိုက်မှာ ဒီကနေ့မနက်ပိုင်းက ကျောင်းထိုင်ဆရာတော် အသတ်ခံရပြီး ကား ၁ စီး လုယူခံရတယ်လို့ ပခုက္ကူမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၁၀ နာရီခွဲဝန်းကျင်မှာဖြစ်တာပါ ၊ ကန်တော်ရွာအနောက်ကျောင်းဆရာတော် ဥူးတေဇောဘာသ သက်တော် ၄၆ နှစ် ၊ဝါတော် ၂၆ ဝါရှိပြီဖြစ်တယ် ၊ဆရာတော်ကိုသတ်မယ်လို့ ခြိမ်းခြောက်ခံထားရလို့ လွန်ခဲ့တဲ့ ၁ လကျော်လောက်က တခြားမှာ ပုန်းအောင်း ဝါဆိုနေတာဖြစ်တယ် ၊ အရင်နေ့ကမှ ရပ်ရွာအေးချမ်းသာယာနေပြီဆိုပြီး ကျောင်းကိုပြန်ကြွလာတာ ရက်ပိုင်းပဲရှိသေးတယ် ၊ ဒီမနက် ကျောင်းထဲမှာ သတ်ခံရပြီး ဘုန်းကြီးကားကို လုယူသွားတာ “လို့ ကန်တော်ရွာခံ ပရဟိတသမားတယောက်က…

Read More

ပြည်ပက နိုင်ငံရေးသမားတွေကို သြဇာလွှမ်းမိုးနိုင်ဖို့ ရုရှားက ဒေါ်လာသန်း ၃၀၀ ကျော် လျှို့ဝှက်သုံးစွဲခဲ့

၀ါရှင်တန်၊ စက်တင်ဘာ-၁၄-၂၀၂၂ မျိုးဆက်(VOM) ရုရှားဟာ နိုင်ငံပေါင်း ၂၄ နိုင်ငံကျော်ရှိ နိုင်ငံရေးသမားတွေကို လွှမ်းမိုးဖို့အတွက် ၂၀၁၄ ခုနှစ်ကပြီး ဒေါ်လာ သန်း ၃၀၀ ကျော်ကို လျှိုဝှက်သုံးစွဲခဲ့တယ်လို့ အမေရိကန်က စွပ်စွဲလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ အဲဒီစွပ်စွဲချက်ဟာ အင်္ဂါနေ့ကထုတ်ပြန်ခဲ့တဲ့ အမေရိကန်ထောက်လှမ်းရေးရဲ့ အကဲဖြတ်ချက်အပေါ် အခြေခံပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လူသိရှင်ကြားမှတ်ချက်မပေးပါဘူး။ ရုရှားနိုင်ငံကလည်း အမေရိကန်ဟာ ပြည်ပနိုင်ငံတွေအပေါ် သြဇာလွှမ်းမိုးဖို့ လုပ်ဆောင်နေတယ်လို့ အကြိမ်ကြိမ်စွပ်စွဲထားပါတယ်။ ရုရှားက ပြည်ပနိုင်ငံတွေမှာရှိတဲ့ နိုင်ငံရေးသမားတွေကို လွှမ်းမိုးဖို့ကြိုးစားနေတယ်လို့ ယူဆရတဲ့ နိုင်ငံနဲ့ လူပုဂ္ဂိုဟ်တွေကို အမေရိကန်က ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် တိုက်ကြီးလေးတိုက်မှာ ဖြန့်ကြက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ၂၀၁၇ ခုနှစ်ရွေးကောက်ပွဲမှာ အယ်လ်ဘေးနီးယားရဲ့ ဗဟိုလက်ယာယိမ်းဒီမိုကရက်တစ်ပါတီကို ကျောထောက်နောက်ခံပြုဖို့ ရုရှားဟာ ဒေါ်လာငါးသိန်း အသုံးပြုခဲ့ပြီး ဘော့စနီးယား၊ မွန်တီနီဂရိုး၊ မာဒါဂတ်စကာတို့ရှိ ပါတီတွေ သို့မဟုတ် ကိုယ်စားလှယ်တွေအတွက် ငွေကြေးသုံးစွဲခဲ့ကြောင်း…

Read More

ကမာကြည်တံတားပေါ်ကနေ အမျိုးသားတဦးခုန်ချသွားလို့ ရှာဖွေမှုတွေပြုလုပ်နေရ

စက်တင်ဘာ ၁၄-၂၀၂၂ VOM (GG) ရန်ကုန်မြို့ ၊ သာကေတမြို့နယ်၊ ကမာကြည်တံတားပေါ်ကနေ အမျိုးသား တဦး ခုန်ချမှု ဒီကနေ့ စက်တာဘာ ၁၄ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ရှာဖွေရေးလုပ်နေတဲ့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းဆီက သိရပါတယ်။ ” ၁၁ ခွဲလောက်မှာ သတင်းရပြီး သိသိချင်းပဲသွားကြည့်ပြီး ရှာဖွေရေးစလုပ်တယ်၊အခုထိလည်း ရှာဖွေနေဆဲပါ။ကယ်ဆယ်ရေးက အခုချိန်ထိရှာလို့မတွေ့သေးဘူး။ အမျိုးသားကတော့ အသက် ၄၅ လောက်ရှိမယ်လို့ သိရတယ်။ “လို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။ ကမာ​ကြည် တံတားပေါ်ကနေ ခုန်ချသူအမျိုးသားဟာ သူရဲ့စက်ဘီး ၊ ဖိနပ်တရံ၊ ဆေးလိပ်ဘူး၊မီးခြစ် ၊ဦးထုပ်နဲ့ အချိုရည်ဘူးခွံတွေကို ချန်ထားခဲ့တာကိုတွေ့ရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အမျိုးသားရဲ့ နောက်ကြောင်းရာဇဝင်ကိုမသိရှိရသေးကြောင်း ၊ ကယ်ဆယ်ရေးဆက်လုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကမာကြည်တံတားပေါ်ကနေ လူခုန်ချမှုဟာ ဒီနှစ်ထဲမှာတော့ ပထမဆုံးအကြိမ်ဖြစ်စဥ်ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့…

Read More

ကြည့်မြင်တိုင် ပန်းပင်နီလမ်း ဆန္ဒပြပွဲမှာ လူငယ် ၁၅ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရ

စက်တင်ဘာ ၁၄-၂၀၂၂ VOM (GG + KK) ရန်ကုန်မြို့ ၊ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်နီလမ်းမှာ မနေ့ စက်တင်ဘာ ၁၃ရက် ညနေပိုင်းကပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတခုမှာ သတင်းထောက်အချို့ အပါအဝင် ဆန္ဒပြသူ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေဆီက သိရပါတယ်။ သပိတ်လူစုဖို့ စောင့်ဆိုင်းနေချိန်မှာ အသင့်ရပ်ထားတဲ့ အိမ်စီးကားတွေထဲကနေ အရပ်ဝတ်တွေနဲ့လူတွေဆင်းလာပြီး ရိုက်နှက်၊ ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “ကလေးတွေက ဆန္ဒပြဖို့ လုပ်နေတုန်းပဲ ရှိသေးတယ် အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းတာ၊ သူတို့က အသင့်စောင့်နေတာ”လို့ သူကပြောပါတယ်။ အရပ်ဝတ်နဲ့ဖမ်းဆီးသူတွေဟာ ဆန္ဒပြတဲ့လူငယ်တွေကို အိမ်စီးကားတွေနဲ့ကြိုတင်စောင့်ဆိုင်းနေပြီး လူအင်အားများတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ရှင်းပြပါတယ်။ ” ၄ နာရီခွဲကျော်လောက်မှာ ပွဲစဖို့လုပ်ပေမယ့် တချို့မရောက်သေးလို့ ခဏစောင့်နေချိန် ရပ်ထားတဲ့ကားပေါ်ကနေ ဆင်းလာတယ်၊ရိုက်တယ်၊လုံးဝမလွတ်ဘူး ပန်းပင်လမ်းမှာ စျေးလမ်းရှိတယ် အဲ့ဒီလမ်းထဲဝင်ပြေးတယ်၊ လိုက်ရိုက်တယ် သေနတ်နဲ့ပစ်တယ် အကွက်ကျကျစီစဥ်ပြီးဖမ်းတာ”…

Read More

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွား၊ တပ်ဖွဲ့၀င် ၁၀၀ နီးပါးသေဆုံး

ယဲ့ရီဗန်၊ စက်တင်ဘာ-၁၄-၂၀၂၂ မျိုးဆက်(VOM) အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား စက်တင်ဘာ ၁၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နှစ်နိုင်ငံတပ်ဖွဲ့၀င် ၁၀၀ နီးပါးသေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက စက်တင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။ တိုက်ပွဲတွေအတွင်း အာမေးနီးယားတပ်ဖွဲ့၀င် ၄၉ ဦးသေဆုံးခဲ့ကြောင်း အာမေးနီးယား၀န်ကြီးချုပ် နီကိုးလ်ပါရှင်ယန်က ထုတ်ဖော်ပြောဆိုထားပြီး အဇာဘိုင်ဂျန်တပ်ဖွဲ့၀င် ၅၀ ဦးသေဆုံးခဲ့တယ်လို့ အဇာဘိုင်ဂျန်ကာကွယ်ရေး၀န်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့သည် စစ်ပွဲနှစ်ပွဲဆင်နွှဲခဲ့ဖူးပြီး ဆယ်စုနှစ်သုံးခုအတွင်း အသေးစားတိုက်ပွဲတွေကတော့ ပုံမှန်ဖြစ်ပွားနေခဲ့ပါတယ်။ အငြင်းပွားမှု အဓိကအချက်ကတော့ နာဂေါ်နို-ခါရာဘတ်ဒေသကြောင့်ဖြစ်ပြီး နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ နယ်နိမိတ်အရ အဲဒီဒေသဟာ အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းတခုဖြစ်ပေမယ့် အာမေးနီးယားလူမျိုးတွေ နေထိုင်နေကြပါတယ်။ နောက်ဆုံးဖြစ်ပွဲနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးက အပြန်အလှန်ပြစ်တင်ပြောဆိုထားကြကာ နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေးအတွက် စက်တင်ဘာ ၁၃ ရက်မှာ ရုရှားက ကြား၀င်စေ့စပ်ခဲ့ကြောင်း သိရပါတယ်။ Ref:…

Read More

ပွဲတော်ကြို ပြည်ဖုံးကား အဖွင့်

ဆူးငှက် ဒို့ မန္တလေးမြို့ကြီးရဲ့ ပတ်လည်တခို မှိုင်းပြာပြာ မှုန်ဝေဝေ ရေဇလာနဒီ မြစ်ညို ဧရာဝတီပါ လျှံဝင်းပြောင်ညီးတဲ့ ရန်ကင်းတောင်ကြီး အမြဲဆိုသာဆို ဆရာရွှေနန်းတော်ရှေ့ တစ်ခါရှေ့ခေါင်းဆောင်တဲ့ ဗမာရွှေဒေါင်းတောင်တွေ ကိုင်ကာဆို… တကယ်ခေတ်ပြောင်းတော့မယ် အမှန်ဧဝကံမ သဖြန်ရေမြနန္ဒာ သန်းတဲ့ မန်းရိပ်ခို…. (နန်းတော်ရှေ့ဆရာတင်- မြနန္ဒာသီချင်းမှ) မကြာမီဘုရား ပွဲတော်တွေ လာချေတော့မည်။သို့သော် ဒီနှစ်လည်း ကိုဗစ်ကပ်ရောဂါဘေးဆိုးကြီးနှင့် အခြားအခြေအနေ အရပ်ရပ်ကြောင့် အစဉ်အလာမပျက်ကျင်းပခဲ့ကြသော ဘုရားပွဲတော် အများစုက ကျင်းပဖြစ်မှာ မဟုတ်တော့ပေ။ မန္တလေးတွင် သီတင်းကျွတ်လဆန်းကတည်းက ရှေ့တော်ပြေးဝင်း ဓမ္မာရုံ၊ ကြက်သွန်တန်းဓမ္မာရုံပွဲများအပါအဝင် ဂေဇက်ဘုရားပွဲများကို စတင်ကျင်းပခဲ့၏။ ဘုရားပွဲကြီးများ ဆက်တိုက်ကျင်းပသောကြောင့် တစ်မြို့လုံးမီးရောင်စုံ မိုးဘဝဂ်လျှံကာ ဆိုင်းသံဗုံသံ ညံခဲ့သည်။ ထို့ကြောင့် မန္တလေး၏ ဝါကျွတ်ဆီမီးရောင်စုံသည် သီတင်းကျွတ်လပြည့်မှသာ မဟုတ်ဘဲ သီတင်းကျွတ်တစ်လလုံး မြိုင်ဆိုင်ခဲ့ကြသည်မှာ သေချာလှ၏။ မန္တလေးဘုရားပွဲ အစဉ်အလာကား ဘုရားပွဲအဝင် ပထမနေ့တွင်…

Read More
VOM News

FREE
VIEW