ကမာကြည်တံတားပေါ်ကနေ အမျိုးသားတဦးခုန်ချသွားလို့ ရှာဖွေမှုတွေပြုလုပ်နေရ

စက်တင်ဘာ ၁၄-၂၀၂၂
VOM (GG)

ရန်ကုန်မြို့ ၊ သာကေတမြို့နယ်၊ ကမာကြည်တံတားပေါ်ကနေ အမျိုးသား တဦး ခုန်ချမှု ဒီကနေ့ စက်တာဘာ ၁၄ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ရှာဖွေရေးလုပ်နေတဲ့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

” ၁၁ ခွဲလောက်မှာ သတင်းရပြီး သိသိချင်းပဲသွားကြည့်ပြီး ရှာဖွေရေးစလုပ်တယ်၊အခုထိလည်း ရှာဖွေနေဆဲပါ။ကယ်ဆယ်ရေးက အခုချိန်ထိရှာလို့မတွေ့သေးဘူး။ အမျိုးသားကတော့ အသက် ၄၅ လောက်ရှိမယ်လို့ သိရတယ်။ “လို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။

ကမာ​ကြည် တံတားပေါ်ကနေ ခုန်ချသူအမျိုးသားဟာ သူရဲ့စက်ဘီး ၊ ဖိနပ်တရံ၊ ဆေးလိပ်ဘူး၊မီးခြစ် ၊ဦးထုပ်နဲ့ အချိုရည်ဘူးခွံတွေကို ချန်ထားခဲ့တာကိုတွေ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အမျိုးသားရဲ့ နောက်ကြောင်းရာဇဝင်ကိုမသိရှိရသေးကြောင်း ၊ ကယ်ဆယ်ရေးဆက်လုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကမာကြည်တံတားပေါ်ကနေ လူခုန်ချမှုဟာ ဒီနှစ်ထဲမှာတော့ ပထမဆုံးအကြိမ်ဖြစ်စဥ်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နယ်က နဝဒေးတံတားပေါ်ကနေ အသက်၃ နှစ်အရွယ် ကလေးနဲ့ မိခင်ဖြစ်သူတို့ ခုန်ချမှုဖြစ်ပွားခဲ့ပါတယ်။

Photo- သာကေတ လူမှုကယ်ဆယ်ရေးအဖွဲ့
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW