ပခုက္ကူ ကန်တော်ရွာအနောက်ကျောင်းဆရာတော် ကားလုယူပြီး အသတ်ခံရ

စက်တင်ဘာ ၊ ၁၄ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ ကန်တော်ကျေးရွာ ၊ အနောက်ကျောင်းတိုက်မှာ ဒီကနေ့မနက်ပိုင်းက ကျောင်းထိုင်ဆရာတော် အသတ်ခံရပြီး ကား ၁ စီး လုယူခံရတယ်လို့ ပခုက္ကူမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဒီမနက် ၁၀ နာရီခွဲဝန်းကျင်မှာဖြစ်တာပါ ၊ ကန်တော်ရွာအနောက်ကျောင်းဆရာတော် ဥူးတေဇောဘာသ သက်တော် ၄၆ နှစ် ၊ဝါတော် ၂၆ ဝါရှိပြီဖြစ်တယ် ၊ဆရာတော်ကိုသတ်မယ်လို့ ခြိမ်းခြောက်ခံထားရလို့ လွန်ခဲ့တဲ့ ၁ လကျော်လောက်က တခြားမှာ ပုန်းအောင်း ဝါဆိုနေတာဖြစ်တယ် ၊ အရင်နေ့ကမှ ရပ်ရွာအေးချမ်းသာယာနေပြီဆိုပြီး ကျောင်းကိုပြန်ကြွလာတာ ရက်ပိုင်းပဲရှိသေးတယ် ၊ ဒီမနက် ကျောင်းထဲမှာ သတ်ခံရပြီး ဘုန်းကြီးကားကို လုယူသွားတာ “လို့ ကန်တော်ရွာခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ရွာခံတွေက သက်ဆိုင်ရာကို အကြောင်းကြားထားပေမယ့် အခုချိန်ထိတော့ ရောက်လာတာ မရှိသေးဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ လူသတ်လုယက်မှုနဲ့ ပတ်သက်ပြီး ၊ ပခုက္ကူမြိူ့နယ် လုံခြုံရေးကို VOM က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

မနေ့ စက်တင်ဘာ ၁၃ ရက်ကလည်း မန္တလေးတိုင်း ၊ မြစ်သားမြို့နယ် ၊ တွင်းကျေးရွာ ၊ ရွှေစေတီကျောင်းတိုက် ဆရာတော် ဥူးအဂ္ဂဓမ္မ သက်တော် ၅၄ နှစ် ၊ ဝါတော် ၃၄ ဝါ ဟာ ကျောင်းတိုက်အတွင်း သီတင်းသုံးနေချိန် အသတ်ခံရတာဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက် မနက်ပိုင်းကလည်း မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ပုဂံမြို့ ၊ ကမ်းနားကျောင်း မြသီတာကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ၁ ပါးနဲ့ စံလွှတ်ကျောင်းတိုက် ၊ ကျောင်းထိုင်ဆရာတော်တို့ ၂ ပါးဟာ CRV ကား ၁ စီး ဆင်စွယ်ရောင် ယာဥ်အမှတ် 5C/5445 နဲ့ ချောက်မြို့ ၊ဧရာဝတီမြစ်ကူးတံတားကို ကျော်ဖြတ်ပြီး ဆိပ်ဖြူ- ဆော ကားလမ်းအတိုင်း ခရီးကြွသွားရာကနေ ကားရော ဘုန်းကြီး ၂ ပါးပါ ဒီကနေ့အထိ ဆက်သွယ်မရ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW