ထိုင်း၀န်ကြီးချုပ် ပရာယွတ်ကို တာ၀န်ဆက်လက်ထမ်းဆောင်ခွင့်ပြုမပြု စီရင်ချက်ချဖို့ ရက်သတ်မှတ်

ဘန်ကောက်၊ စက်တင်ဘာ-၁၅-၂၀၂၂
မျိုးဆက်(VOM)

ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ရာထူးသက်တမ်း ဆက်လက်ထမ်းဆောင်ခွင့်နဲ့ပတ်သက်ပြီး ထိုင်းတရားရုံးကနေ စီရင်ချက်ချမှတ်မယ့်နေ့ကို သတ်မှတ်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စီရင်ချက်ချဖို့ လုံလောက်တဲ့အကြောင်းအချင်းအရာတွေ တရားသူကြီးတွေမှာရှိနေပြီဖြစ်တဲ့အတွက် စက်တင်ဘာ ၃၀ ရက်မှာ စီရင်ချက်ချသွားမှာဖြစ်ပါတယ်။

၀န်ကြီးချုပ်ပရာယွတ်ဟာ သူ့ရဲ့ရာထူးသက်တမ်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း ထိုင်းအတိုက်အခံပါတီတွေက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကို တင်သွင်းခဲ့ပြီးနောက် သူ့ကို ၀န်ကြီးချုပ်ရာထူးတာ၀န်တွေကနေ ရပ်ဆိုင်းထားခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀န်ကြီးချုပ်တစ်ဦးရဲ့ ရာထူးသက်တမ်းကို ရှစ်နှစ်သာကန့်သတ်ထားပြီး ၂၀၁၄ ခုနှစ်အာဏာသိမ်းပြီးနောက်မှာ ပရာယွတ်ဟာ ၀န်ကြီးချုပ်တာ၀န်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာလည်း ရွေးကောက်ပွဲကျင်းပကာ ၀န်ကြီးချုပ်အဖြစ် ဆက်လက်တာ၀န်ယူခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့၀န်ကြီးချုပ်သက်တမ်းဟာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ စတင်သက်၀င်တဲ့ ၂၀၁၇ ခုနှစ် သို့မဟုတ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ၂၀၁၉ ခုနှစ်မှစတင်ရမှာဖြစ်တယ်လို့ ၀န်ကြီးချုပ်ကို ထောက်ခံသူတွေက ပြောပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW