ရေဘေးဖြစ်ပွားပြီးနောက် ပါကစ္စတန်နိုင်ငံမှာ ကျန်းမာရေးအကျပ်အတည်း ဖြစ်လာနိုင်ခြေရှိနေ

အစ္စလာမ္မာဘတ်၊ စက်တင်ဘာ-၁၅-၂၀၂၂ မျိုးဆက်(VOM) မကြာသေးမီအချိန်အတွင်းက ရေဘေးသင့်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်း ဖြစ်လာနိုင်ကြောင်း ပါကစ္စတန်ကျန်းမာရေးတာ၀န်ရှိသူတွေက စက်တင်ဘာ ၁၄ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ နိုင်ငံမှာ ဇွန်လလယ်ကတည်းကဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် လူ ၁၅၀၀ နီးပါးသေဆုံးခဲ့ပြီး ပြည်သူ ၃၃ သန်းကျော် ရေဘေးသင့်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ နိုင်ငံတ၀န်းမှာ ကယ်ဆယ်ရေးနဲ့ ရွှေ့ပြောင်းနေရာချထားရေးတွေဆက်လက်လုပ်ဆောင်နေချိန်မှာ ရေဘေးသင့်ဒေသတွေမှာ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါကူးစက်မှုတွေနဲ့ ၀မ်းပျက်၀မ်းလျှောဖြစ်ပွားမှုတွေ တိုးပွားနေတယ်လို့ ကျန်းမာရေးတာ၀န်ရှိသူတွေက ပြောပါတယ်။ ရေဘေးသင့်သူတွေဟာ ရေ၀ပ်ရာနေရာတွေမှာ အများဆုံးနေထိုင်နေကြရတာကြောင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှု ယခင်ကတည်းက ကြုံတွေနေရတဲ့ အခြေအနေမှာ နေ့စဉ်ပိုမိုဆိုးရွားလာနေပြီး သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့လည်း အခက်အခဲတွေရှိနေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတက်ရက်စ်ဟာ ရေဘေးသင့်ပါကစ္စတန်နိုင်ငံသို့ လွန်ခဲ့တဲ့သီတင်းပတ်မှာ သွားရောက်ခဲ့ပြီး အခြေအနေတွေအပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ အကူအညီတွေပေးအပ်ကြဖို့ နိုင်ငံတကာကို တိုက်တွန်းပြောဆိုထားပါတယ်။ Ref: BBC…

Read More

BBC အစီအစဉ်တခုတင်တက်သူ မထက်ထက်ခိုင်ကို အလုပ်နဲ့ထောင် ၃ နှစ်အမိန့်ချ၊ နောက်ထပ်အမှုတခုလည်း မကြာခင်အမိန့်ချမယ်လို့ သိရ

စက်တင်ဘာ ၁၅-၂၀၂၂ VOM (GG) BBC အစီအစဉ်တခု တင်ဆက်သူ မထက်ထက်ခိုင်ကို ဒီနေ့စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဗဟန်းတရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ် အမိန့်ချလိုက်တယ်လို့သိရပါတယ်။ မထက်ထက်ခိုင်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ မှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅-က ၊ ပုဒ်မ ၁၇(၁) နဲ့အမှုဖွင့်တရားစွဲဆိုခဲ့ကာ တနှစ်ကျော်အကြာမှာ ပုဒ်မ ၅၀၅ ကအတွက် ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ် ။ ” ထက်ထက်ခိုင် ကို ပုဒ်မ ၅၀၅ နဲ့ ဗဟန်းတရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၃နှစ်ချလိုက်ပါတယ်။နောက်ထပ်လည်း အမှုရင်ဆိုင်ဖို့ရှိသေးတယ် ။စိတ်မကောင်းဘူး ပေါ့ ” လို့ မထက်ထက်ခိုင်ရဲ့မိတ်ဆွေသတင်းသမားတဦးကပြောပါတယ်။ မင်္ဂလာတောင်ညွန်မြို့နယ်မှာ စွဲဆိုခံထားရတဲ့ မတရားအသင်းဆက်သွယ်တဲ့ ပုဒ်မ ၁၇/၁ အတွက်လည်း စစ်ဆေးမှုပြီးစီးသွားတာကြောင့် အပြီးသတ်လျှောက်လဲချက်ပေးပြီးရင် အမိန့်ချမှာဖြစ်တယ်လို့သိရပါတယ်။ မထက်ထက်ခိုင်ဟာ…

Read More

ကုလအကြီးအကဲနဲ့ ရုရှားသမ္မတပူတင် ဖုန်းဆက်ဆွေးနွေး၊ ယခုနှစ်နှောင်းပိုင်းမှာ ကမ္ဘာ့စားနပ်ရိက္ခာ ပြတ်လပ်နိုင်ကြောင်း သတိပေး

ကုလသမဂ္ဂ၊ စက်တင်ဘာ-၁၅-၂၀၂၂ မျိုးဆက်(VOM) ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ဟာ ရုရှားသမ္မတပူတင်နဲ့ တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့ပြီး ရုရှားရဲ့ စားနပ်ရိက္ခာနဲ့ ဓါတ်မြေသြဇာတွေ တင်ပို့မှုဆိုင်ရာ အတားအဆီးတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ ကုလအကြီးအကဲကပြောပါတယ်။ ယူကရိန်းကို ရုရှားကတိုက်ခိုက်မှုပြုပြီးနောက် ကမ္ဘာ့စျေးကွက်မှာ ဓါတ်မြေသြဇာစျေးတွေ မြင့်တက်လာတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ မြေသြဇာအကျပ်အတည်းကြောင့် ယခုနှစ်နှောင်းပိုင်းအတွင်း ကမ္ဘာ့စားနပ်ရိက္ခာ ရှားပါးပြတ်လပ်သွားနိုင်တယ်လို့ ဂူတာရက်စ်က ပူတင်ကို သတိပေးပြောဆိုပါတယ်။ ရုရှားရဲ့ ဓါတ်မြေသြဇာတင်ပို့ခြင်းနဲ့ပတ်သက်ပြီး လက်ရှိအတားအဆီးတွေကို ဖယ်ရှားဖို့ မရှိမဖြစ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်က ပြောပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်ဖြစ်မှုကို ရှောင်ရှားဖို့ ရုရှားရဲ့စားနပ်ရိက္ခာနဲ့ ဓါတ်မြေသြဇာတင်ပို့မှုတွေကို လွယ်ကူချောမွေ့စေဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။ ဂူတာရက်စ်နဲ့ ပူတင်တို့ဟာ ယူကရိန်းရှိ Zaporizhzhia နျူကလီးယားဓါတ်အားပေးစက်ရုံနဲ့ ပတ်သက်တဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပြီး စက်ရုံလုံခြုံရေးသေချာစေဖို့ နိုင်ငံတကာအနျုမြူစွမ်းအင် အေဂျင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရုရှားသမ္မတနန်းတော်က ထုတ်ပြန်ထားပါတယ်။ Ref: NHK…

Read More

သင်ဇာဝင့်ကျော်နဲ့ နန်းမွှေ့စံကို မရမ်းကုန်းနဲ့​မြောက်ဒဂုံတရားရုံးမှာ ရုံးထုတ်ရမာန်ယူ

ရန်ကုန်၊စက်တင်ဘာ ၁၅၊၂၀၂၂ KK(VOM) ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွှေစံတို့နှစ်ဦးကို မနေ့ စက်တင်ဘာ ၁၄ရက်က မရမ်းကုန်းမြို့နယ်တရားရုံးနဲ့မြောက်ဒဂုံမြို့နယ်တရားရုံးမှာ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က) နဲ့ ရုံးထုတ်ရမာန်ယူခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ မရမ်းကုန်းမြို့နယ်တရားရုံးမှာ မနေ့ မနက်ပိုင်းက ရုပ်ရှင်သရုပ်ဆောင်သင်ဇာဝင့်ကျော်(ခ)သင်ဇာ ကိုအီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က)နဲ့ ရုံးထုတ်ရမာန်ယူခဲ့တယ်လို့ တရားလွှတ်တော်ရှေနေတစ်ဦးက ပြောပါတယ်။ “သူတို့ကို အင်းစိန်ထောင်မှာ အရင်စစ်ဆေးပြီးမှ ရုံးတင်တာ၊ အကျဥ်းထောင်ထဲက တရားရုံးမှာ စစ်ဖို့အတွက် သက်ဆိုင်ရာမြို့နယ်မှာ ရုံးထုတ်တာ ပြီးတော့အ င်းစိန်ပြန်ပို့တယ်”လို့ ပြောပါတယ်။ အလားတူ မော်ဒယ်နန်းမွှေ့စံကိုလည်း မနေ့ မနက်ပိုင်းက မြောက်ဒဂုံမြို့နယ်တရားရုံးမှာ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က)နဲ့ ရုံးထုတ်ရမာန်ယူခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ သင်ဇာဝင့်ကျော်နဲ့နန်းမွှေ့စံတို့နှစ်ဦး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး တရားမျှတမှုမရှိဘူးလို့ အမည်မဖော်လိုသူအနုပညာရှင်တဦးက ပြောပါတယ်။ “ဖော်ချွတ်တွေ ဖမ်းကြေးဆို လိုင်းပေါ်မှာ ဖမ်းလို့တောင် ကုန်မှာမဟုတ်ဘူး၊ ပြောချင်တာက ဥပဒေအရလုပ်မယ်ဆို…

Read More

ထိုင်း၀န်ကြီးချုပ် ပရာယွတ်ကို တာ၀န်ဆက်လက်ထမ်းဆောင်ခွင့်ပြုမပြု စီရင်ချက်ချဖို့ ရက်သတ်မှတ်

ဘန်ကောက်၊ စက်တင်ဘာ-၁၅-၂၀၂၂ မျိုးဆက်(VOM) ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ရာထူးသက်တမ်း ဆက်လက်ထမ်းဆောင်ခွင့်နဲ့ပတ်သက်ပြီး ထိုင်းတရားရုံးကနေ စီရင်ချက်ချမှတ်မယ့်နေ့ကို သတ်မှတ်လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စီရင်ချက်ချဖို့ လုံလောက်တဲ့အကြောင်းအချင်းအရာတွေ တရားသူကြီးတွေမှာရှိနေပြီဖြစ်တဲ့အတွက် စက်တင်ဘာ ၃၀ ရက်မှာ စီရင်ချက်ချသွားမှာဖြစ်ပါတယ်။ ၀န်ကြီးချုပ်ပရာယွတ်ဟာ သူ့ရဲ့ရာထူးသက်တမ်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း ထိုင်းအတိုက်အခံပါတီတွေက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကို တင်သွင်းခဲ့ပြီးနောက် သူ့ကို ၀န်ကြီးချုပ်ရာထူးတာ၀န်တွေကနေ ရပ်ဆိုင်းထားခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀န်ကြီးချုပ်တစ်ဦးရဲ့ ရာထူးသက်တမ်းကို ရှစ်နှစ်သာကန့်သတ်ထားပြီး ၂၀၁၄ ခုနှစ်အာဏာသိမ်းပြီးနောက်မှာ ပရာယွတ်ဟာ ၀န်ကြီးချုပ်တာ၀န်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာလည်း ရွေးကောက်ပွဲကျင်းပကာ ၀န်ကြီးချုပ်အဖြစ် ဆက်လက်တာ၀န်ယူခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့၀န်ကြီးချုပ်သက်တမ်းဟာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ စတင်သက်၀င်တဲ့ ၂၀၁၇ ခုနှစ် သို့မဟုတ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ၂၀၁၉ ခုနှစ်မှစတင်ရမှာဖြစ်တယ်လို့ ၀န်ကြီးချုပ်ကို ထောက်ခံသူတွေက ပြောပါတယ်။ Ref: NHK Photo:AP #voiceofmyanmar #VOM #ဘန်ကောက်

Read More

ဘိုကလေးမှာ ဖမ်းမိတဲ့ အထောက်အထားမဲ့သူ ၅၈ ဦးကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချ

စက်တင်ဘာ၊ ၁၅-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အနီး ပင်လယ်ပြင်မှာ အဖမ်းခံခဲ့ရပြီး အသက်မပြည့်သေးတဲ့ ကလေး ၂၅ ယောက် အပါအဝင် နိုင်ငံသားအထောက်အထားမဲ့သူ ၅၈ ယောက် ကို ဒီနေ့ စက်တင်ဘာ ၁၅ ရက်မှာ ထောင်ဒဏ် ၂ နှစ်စီအမိန့်ချမှတ်လိုက်ပြီဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်း အဝိုင်းကနေသိရပါတယ်။ ဘိုကလေးမြို့အနီးက ဂယက်ကြီးကျွန်းအနားကို ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်က စက်လှေပျက် မျှောပါလာလို့ ရေတပ်က ဖမ်းဆီးခဲ့ရပြီး ၁၄ ရက်လောက် စစ်ဆေးပြီးနောက် အသက်မပြည့်တဲ့ ကလေး ၂၅ ယောက် အပါအဝင် နိုင်ငံသား အထောက်အထာမဲ့သူ ၅၈ ယောက်ကို လဝက မှတ်ပုံတင်အက်ဥပဒေ ပုဒ်မ- ၆ ၃ နဲ့ထောင်ဒဏ်(၂)နှစ်စီအမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ “ရခိုင်ပြည်နယ်ဘက်ကနေ လာတာ ၊ဘိုကလေးမြို့အနီး ဂယက်ကြီးကျွန်းအနီးမှာ ပျက်နေတဲ့…

Read More

အင်းတော်မြို့က ဖမ်းခံရတဲ့ ပရဟိတသမားတွေ အသတ်ခံရ

စက်တင်ဘာ ၊ ၁၅ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့ အခြေစိုက် ဖြူစင်မေတ္တာ သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေးအဖွဲ့က ပရဟိတသမား ၅ ဦးရဲ့ အသတ်ခံထားရတဲ့ အလောင်းတွေကို မနေ့ စက်တင်ဘာ ၁၄ ရက်က တွေ့ခဲ့ရတယ်လို့ အင်းတော်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အင်းတော်နဲ့ ကသာကြားက နဘားလမ်းခွဲအလွန် တောထဲမှာ ရုပ်အလောင်းတွေ တွေ့ခဲ့ရတာပါ ၊ သေဆုံးသူ ၅ ဦးကတော့ ဦးကောင်းမြတ်ဇော် ၊ ဦးလုံးထော် ၊ ဦးဝင်းဦး ၊ ဦးဇော်ထွန်းနဲ့ ဦးကျော်ဆွေဦး တို့ဖြစ်တယ် ၊ သူတို့ကို ဘယ်သူတွေက သတ်တယ်ဆိုတာ မသိဘူး ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ…

Read More

ပေါက်မြို့နယ် ဆင်ဇာကျေးရွာနားမှာ ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၅ လောင်းတွေ့

စက်တင်ဘာ ၊ ၁၅ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ဆင်ဇာကျေးရွာရဲ့ ရွာလမ်းထိပ်နေရာမှာ မနေ့ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက ပစ်သတ်ခံထားရတဲ့ လူ ၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ “သေဆုံးသူတွေက ၊ ပင်တောင်ကျေးရွာမှာနေတဲ့ ဦးမောင်အေး (၅၄) နှစ်၊ သစ်ချိုကုန်း ကျေးရွာက ဦးနိုင်ဇော်(၄၇)နှစ် နဲ့မောင်မင်းထက်ဦး (၁၈) နှစ်၊ ​​နောက်ပြီး ဝါတောကျေးရွာမှာနေတဲ့ ဦးအောင်မြင့် (၅၂) နှစ် နဲ့ မောင်ထန်းမောင် (၁၇) နှစ် ၊ အဲ့ဒီ ၅ ဦးဖြစ်တယ် ၊ သူတို့က ပေါက်မြို့ကနေ စျေးဝယ်ပြီးရွာကို ပြန်အလာ ဆင်ဇာရွာထိပ်မှာ ပစ်သတ်ခံရတာ…

Read More

ကျောက်ပန်းတောင်း မိတ္ထီလာကားလမ်းမှာ ခရီးသည်တင်ကား ၂ စီးတိုက်မိ ၊ လူ ၁၃ ဦးသေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

စက်တင်ဘာ ၊ ၁၅ ၊ ၂၀၂၂ SP (VOM) မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့နယ် ၊ ဇီးဖြူကုန်းကျေးရွာအနီး ၊ ကျောက်ပန်းတောင်း မိတ္ထီလာကားလမ်းပေါ်မှာ မနေ့ စက်တင်ဘာ ၁၄ ရက် ည ၉ နာရီကျော် ဝန်းကျင်က ခရီးသည်တင်ကား ၂ စီး တိုက်မိပြီး သေဆုံး ဒဏ်ရာရတာတွေရှိတယ်လို့ ကျောက်ပန်းတောင်းမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” တန်းကျိုးထားတဲ့ကားကို ပုဂံမင်းသား Express ကကျော်တက်လိုက်တဲ့အချိန် တဖက်ယာဥ်ကြောကနေလာတဲ့ သန်မြန်သူ Express ကားနဲ့ မျက်နှာချင်းဆိုင် တိုက်မိတာပါ ၊ ၂ စီးလုံးပေါ်က ခရီးသည်တွေ သေဆုံးဒဏ်ရာရတာပါ ” လို့ အခင်းဖြစ်နေရာကို သွားရောက်ကူညီလုပ်ကိုင်ပေးခဲ့သူ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ယာဥ်တိုက်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကျောက်ပန်းတောင်းမြို့နယ်…

Read More

ရေကြည်မှာ အုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၁၄-၂၀၂၂ မင်းမြတ် (VOM) ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာရဲ့ အုပ်ချုပ်ရေးမှူး ၁ ဦး ဒီကနေ့ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်မောင်းလာချိန် သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့လူမှုကူညီရေးအဖွဲ့တွေဆီကနေသိရပါတယ်။ ဇရပ်လှကျေးရွာက အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးတာဘူးဆိုသူဟာ ငါသိုင်းချောင်းမြို့ကနေ ဆိုင်ကယ်မောင်းပြီး ထွက်လာတဲ့အချိန် ကျုံတာကျေးရွာအနီးမှာ ဆိုင်ကယ်နဲ့ သေနတ်သမားတွေက ပစ်သတ်သွားတာလို့ သိရပါတယ်။ ”ဘေးချင်းကပ် ပစ်သတ်သွားတာ ၊ အခင်းဖြစ်တဲ့ နေရာမှာပဲ သေသွားတယ် ၊ ဆိုင်ကယ်နဲ့လာတာ ဘယ်သွားတာလည်းတော့မသိဘူး၊ ကျုံတာကျေးရွာအနီးမှာ ပစ်သတ်ခံရတာ ၊ စုံစမ်းကြည့်တော့ ရေကြည်မြို့နယ် ၊ဇရပ်လှကျေးရွာ အုပ်ချုပ်ရေးမှူးဆိုတာကိုသိရတာ၊ သူနာမည်က ဦးတာဘူးလို့သိရတယ် ၊ တာဝန်ရှိသူတွေက စစ်ဆေးနေတယ် ၊ မျက်မြင်တွေ့တဲ့သူတွေပြောတာက သေနတ်သမား တွေက မျက်နှာဖုံးတွေနဲ့တဲ့ ။”လို့ ရေကြည်မြို့ခံ…

Read More
VOM News

FREE
VIEW