သင်ဇာဝင့်ကျော်နဲ့ နန်းမွှေ့စံကို မရမ်းကုန်းနဲ့​မြောက်ဒဂုံတရားရုံးမှာ ရုံးထုတ်ရမာန်ယူ

ရန်ကုန်၊စက်တင်ဘာ ၁၅၊၂၀၂၂
KK(VOM)

ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွှေစံတို့နှစ်ဦးကို မနေ့ စက်တင်ဘာ ၁၄ရက်က မရမ်းကုန်းမြို့နယ်တရားရုံးနဲ့မြောက်ဒဂုံမြို့နယ်တရားရုံးမှာ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က) နဲ့ ရုံးထုတ်ရမာန်ယူခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မရမ်းကုန်းမြို့နယ်တရားရုံးမှာ မနေ့ မနက်ပိုင်းက ရုပ်ရှင်သရုပ်ဆောင်သင်ဇာဝင့်ကျော်(ခ)သင်ဇာ ကိုအီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က)နဲ့ ရုံးထုတ်ရမာန်ယူခဲ့တယ်လို့ တရားလွှတ်တော်ရှေနေတစ်ဦးက ပြောပါတယ်။

“သူတို့ကို အင်းစိန်ထောင်မှာ အရင်စစ်ဆေးပြီးမှ ရုံးတင်တာ၊ အကျဥ်းထောင်ထဲက တရားရုံးမှာ စစ်ဖို့အတွက် သက်ဆိုင်ရာမြို့နယ်မှာ ရုံးထုတ်တာ ပြီးတော့အ င်းစိန်ပြန်ပို့တယ်”လို့ ပြောပါတယ်။

အလားတူ မော်ဒယ်နန်းမွှေ့စံကိုလည်း မနေ့ မနက်ပိုင်းက မြောက်ဒဂုံမြို့နယ်တရားရုံးမှာ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က)နဲ့ ရုံးထုတ်ရမာန်ယူခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

သင်ဇာဝင့်ကျော်နဲ့နန်းမွှေ့စံတို့နှစ်ဦး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး တရားမျှတမှုမရှိဘူးလို့ အမည်မဖော်လိုသူအနုပညာရှင်တဦးက ပြောပါတယ်။

“ဖော်ချွတ်တွေ ဖမ်းကြေးဆို လိုင်းပေါ်မှာ ဖမ်းလို့တောင် ကုန်မှာမဟုတ်ဘူး၊ ပြောချင်တာက ဥပဒေအရလုပ်မယ်ဆို တပြေးညီလုပ်သင့်တယ်”ဝေဖန်ပြောဆိုပါတယ်။

သူတို့နှစ်ဦးကို သြဂုတ်လ ၅ ရက်က ဖမ်းဆီးခဲ့ပြီး အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ-၃၃(က)နဲ့အမှုဖွင့်ကာ အင်းစိန်အကျဥ်းထောင်ကို ပို့ဆောင်ပြီး စစ်ဆေးနေတာဖြစ်ပါတယ်။

သရုပ်ဆောင်သင်ဇာဝင့်ကျော်ဟာ အခုလို အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က)နဲ့ ဖမ်းဆီးမခံရခင်က ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ဌာနချုပ်မှာ ရုပ်သံရိုက်ကူးမှုအစီအစဉ်တစ်ခု လက်ခံရိုက်ကူးခဲ့လို့ ဇူလိုင်လအတွင်းက ဖမ်းဆီးခံခဲ့ရတာလည်းရှိပါတယ်။

လက်တလော တရားစွဲဆိုထားတဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ဟာပြစ်မှုထင်ရှားပါက အလုပ်နဲ့ ထောင်ဒဏ် (၇)နှစ်ချမှတ်ခံရမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #သင်ဇာ၀င့်ကျော် #နန်းမွေစံ

Related posts

Leave a Comment

VOM News

FREE
VIEW