ကုလအကြီးအကဲနဲ့ ရုရှားသမ္မတပူတင် ဖုန်းဆက်ဆွေးနွေး၊ ယခုနှစ်နှောင်းပိုင်းမှာ ကမ္ဘာ့စားနပ်ရိက္ခာ ပြတ်လပ်နိုင်ကြောင်း သတိပေး

ကုလသမဂ္ဂ၊ စက်တင်ဘာ-၁၅-၂၀၂၂
မျိုးဆက်(VOM)

ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ဟာ ရုရှားသမ္မတပူတင်နဲ့ တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့ပြီး ရုရှားရဲ့ စားနပ်ရိက္ခာနဲ့ ဓါတ်မြေသြဇာတွေ တင်ပို့မှုဆိုင်ရာ အတားအဆီးတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ ကုလအကြီးအကဲကပြောပါတယ်။

ယူကရိန်းကို ရုရှားကတိုက်ခိုက်မှုပြုပြီးနောက် ကမ္ဘာ့စျေးကွက်မှာ ဓါတ်မြေသြဇာစျေးတွေ မြင့်တက်လာတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ မြေသြဇာအကျပ်အတည်းကြောင့် ယခုနှစ်နှောင်းပိုင်းအတွင်း ကမ္ဘာ့စားနပ်ရိက္ခာ ရှားပါးပြတ်လပ်သွားနိုင်တယ်လို့ ဂူတာရက်စ်က ပူတင်ကို သတိပေးပြောဆိုပါတယ်။

ရုရှားရဲ့ ဓါတ်မြေသြဇာတင်ပို့ခြင်းနဲ့ပတ်သက်ပြီး လက်ရှိအတားအဆီးတွေကို ဖယ်ရှားဖို့ မရှိမဖြစ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်က ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်ဖြစ်မှုကို ရှောင်ရှားဖို့ ရုရှားရဲ့စားနပ်ရိက္ခာနဲ့ ဓါတ်မြေသြဇာတင်ပို့မှုတွေကို လွယ်ကူချောမွေ့စေဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။

ဂူတာရက်စ်နဲ့ ပူတင်တို့ဟာ ယူကရိန်းရှိ Zaporizhzhia နျူကလီးယားဓါတ်အားပေးစက်ရုံနဲ့ ပတ်သက်တဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပြီး စက်ရုံလုံခြုံရေးသေချာစေဖို့ နိုင်ငံတကာအနျုမြူစွမ်းအင် အေဂျင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရုရှားသမ္မတနန်းတော်က ထုတ်ပြန်ထားပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW