အင်းတော်မြို့က ဖမ်းခံရတဲ့ ပရဟိတသမားတွေ အသတ်ခံရ

စက်တင်ဘာ ၊ ၁၅ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့ အခြေစိုက် ဖြူစင်မေတ္တာ သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေးအဖွဲ့က ပရဟိတသမား ၅ ဦးရဲ့ အသတ်ခံထားရတဲ့ အလောင်းတွေကို မနေ့ စက်တင်ဘာ ၁၄ ရက်က တွေ့ခဲ့ရတယ်လို့ အင်းတော်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” အင်းတော်နဲ့ ကသာကြားက နဘားလမ်းခွဲအလွန် တောထဲမှာ ရုပ်အလောင်းတွေ တွေ့ခဲ့ရတာပါ ၊ သေဆုံးသူ ၅ ဦးကတော့ ဦးကောင်းမြတ်ဇော် ၊ ဦးလုံးထော် ၊ ဦးဝင်းဦး ၊ ဦးဇော်ထွန်းနဲ့ ဦးကျော်ဆွေဦး တို့ဖြစ်တယ် ၊ သူတို့ကို ဘယ်သူတွေက သတ်တယ်ဆိုတာ မသိဘူး ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ အသတ်ခံထားရတဲ့ လူ ၅ ယောက်နဲ့ ပတ်သက်ပြီး အင်းတော်မြို့ခံတယောက်က ” အသတ်ခံရတဲ့ ၅ ယောက်စလုံးက ပရဟိတသမားတွေဖြစ်တယ် ၊ အရင်က သူတို့ဘဝရပ်တည်မှုက ပုံသဏ္ဍန်မျိုးစုံပေါ့ ၊ ဦးကောင်းမြတ်ဇော်က ရုရှားပြန် စစ်သည်ဟောင်း တယောက်ဖြစ်တယ် ၊ ဦးလုံးထော်က ပြည်ခိုင်ဖြိုး အမာခံ ၊ ကျော်ဆွေဦးကတော့ အင်းတော်မြို့နယ် စာရေးဆရာအသင်း ၊ သတင်းစာဆရာအသင်း ၊ အရန်မီးသတ် ၊ မြို့နယ်ကြက်ခြေနီ အဖွဲ့ဝင်အဖြစ်ပါတဲ့သူပါ ၊ သူတို့နောက်ကြောင်းက ရပ်တည်မှုတွေကြောင့် အခုလို အသတ်ခံရတာ ဖြစ်နိုင်တယ် ၊ ပရဟိတလုပ်ငန်းကြောင့်ဆိုတာ မသေခြာဘူး၊ လတ်တလောကတော့ သူတို့ ၅ ဦးဟာ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေကြသူတွေဖြစ်တယ်
” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက် ညနေပိုင်းက အင်းတော်မြို့အခြေစိုက် ဖြူစင်မေတ္တာသက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေးပရဟိတအဖွဲ့က ဦးကောင်းမြတ်ဇော် ၊ ဦးဝင်းဦး ၊ ဦးကျော်ဆွေဦးနဲ့ ဦးဇော်ထွန်းအောင်တို့ ၄ ယောက်တို့ဟာ အသင်းတာဝန်လုပ်ငန်းတွေနဲ့ လိုက်ထရပ်ကားနဲ့ ကသာမြို့ကိုသွားရင်း လမ်းမှာပျောက်ဆုံးနေတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီနောက် မနေ့ကမှ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ရတာဖြစ်ပြီး ကသာခရိုင်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

ဒါ့အပြင် ကသာမြို့နယ် သတင်းစာဆရာအသင်းက အလွတ်တန်း သတင်းထောက် ဦးမြင့်လွင်ဆိုသူလည်း လွန်ခဲ့တဲ့ ၂ လကျော်က အမည်မသိ လူတစုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီကနေ့အထိ ပျောက်ဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အင်းတော်

Related posts

Leave a Comment

VOM News

FREE
VIEW