BBC အစီအစဉ်တခုတင်တက်သူ မထက်ထက်ခိုင်ကို အလုပ်နဲ့ထောင် ၃ နှစ်အမိန့်ချ၊ နောက်ထပ်အမှုတခုလည်း မကြာခင်အမိန့်ချမယ်လို့ သိရ

စက်တင်ဘာ ၁၅-၂၀၂၂
VOM (GG)

BBC အစီအစဉ်တခု တင်ဆက်သူ မထက်ထက်ခိုင်ကို ဒီနေ့စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဗဟန်းတရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ် အမိန့်ချလိုက်တယ်လို့သိရပါတယ်။

မထက်ထက်ခိုင်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ မှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅-က ၊ ပုဒ်မ ၁၇(၁) နဲ့အမှုဖွင့်တရားစွဲဆိုခဲ့ကာ တနှစ်ကျော်အကြာမှာ ပုဒ်မ ၅၀၅ ကအတွက် ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ် ။

” ထက်ထက်ခိုင် ကို ပုဒ်မ ၅၀၅ နဲ့ ဗဟန်းတရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၃နှစ်ချလိုက်ပါတယ်။နောက်ထပ်လည်း အမှုရင်ဆိုင်ဖို့ရှိသေးတယ် ။စိတ်မကောင်းဘူး ပေါ့ ” လို့ မထက်ထက်ခိုင်ရဲ့မိတ်ဆွေသတင်းသမားတဦးကပြောပါတယ်။

မင်္ဂလာတောင်ညွန်မြို့နယ်မှာ စွဲဆိုခံထားရတဲ့ မတရားအသင်းဆက်သွယ်တဲ့ ပုဒ်မ ၁၇/၁ အတွက်လည်း စစ်ဆေးမှုပြီးစီးသွားတာကြောင့် အပြီးသတ်လျှောက်လဲချက်ပေးပြီးရင် အမိန့်ချမှာဖြစ်တယ်လို့သိရပါတယ်။

မထက်ထက်ခိုင်ဟာ ဘီဘီစီ သတင်းဌာနရဲ့ ခံစားကြည့်အစီအစဥ်မှာ သတင်းတင်ဆက်သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ ဩဂုတ်လနဲ့ ဇူလိူင်လထဲမှာလည်း သတင်းထောက်အချို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာတွေရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်​ေန့ကစပြီး တစ်နှစ်ကျော်ကာလအတွင်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ သတင်းသမား ၁၀၀ ကျော်ရှိခဲ့ပြီး အဲ့ဒီထဲကမှ ပြန်လည်လွတ်မြောက်လာသူတွေရှိသလို ဆက်လက်ဖမ်းဆီးခံရသူတွေရှိတဲ့အပြင်ထောင်ဒဏ်ချမှတ်ခံထားရသူတွေနဲ့ အမှုဖွင့်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့သတင်းသမားတွေလည်း ရှိနေပါတယ်။

နောက်ပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲအကြားနဲ့စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ သတင်းသမား သုံးဦး ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဘီဘီစီသတင်းထောက်မထက်ထက်ခိုင် #ထောင်ဒဏ်ချမှတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW