ရုရှားသမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်

မော်စကို၊ စက်တင်ဘာ-၁၆-၂၀၂၂
မျိုးဆက်(VOM)

ရုရှားသမ္မတပူတင်ဟာ သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတခုကနေ အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ Euro Weekly News သတင်းဌာနက စက်တင်ဘာ ၁၅ ရက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဘယ်အချိန်က ဒီလုပ်ကြံမှုဖြစ်ပွားခဲ့တယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ သမ္မတပူတင်စီးနှင်းလာတဲ့ကားရဲ့ ဘယ်ဘက်ရှေ့ဘီးဟာ ကျယ်လောင်စွာပေါက်ကွဲသွားခဲ့ပြီး အဲဒီနောက် မီးခိုးတွေထွက်လာခဲ့ပေမယ့် အဲဒီနေရာကနေ ဘေးကင်းရာကို အလျင်အမြန်မောင်းနှင်သွားခဲ့တယ်လို့ Euro Weekly News ကဖော်ပြထားပါတယ်။

ဒီဖြစ်မှာ သမ္မတပူတင် တစုံတရာထိခိုက်ဒဏ်ရာရတာမျိုးမရှိပေမယ့် လူအများအပြား ဖမ်းဆီးခံခဲ့ရတယ်လို့ Euro Weekly News ကဖော်ပြထားပါတယ်။ news.co.au အခြားသတင်းဌာနတွေကလည်း အဲဒီဖြစ်စဉ်ကို ရေးသားဖော်ပြထားပါတယ်။ ပူတင်ဟာ သူနေထိုင်ရာကို ပြန်ရာလမ်းမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ပြီးနောက်မှာ ရုရှားသမ္မတပူတင်ရဲ့ ကျန်းမာရေး၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

လက်ရှိချိန်ထိ အသက်အန္တရာယ်စိုးရိမ်စရာကောင်းလောက်တဲ့ လုပ်ကြံမှုမျိုး ငါးကြိမ်ထက်မနည်း ခံခဲ့ရပြီး လွန်မြောက်ခဲ့တယ်လို့ ပူတင်က ၂၀၁၇ ခုနှစ်မှာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

Ref: NDTV

#voiceofmyanmar #VOM #ပူတင်လုပ်ကြံခံရ

Related posts

Leave a Comment

VOM News

FREE
VIEW