ရုရှားသမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်

မော်စကို၊ စက်တင်ဘာ-၁၆-၂၀၂၂ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်ဟာ သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတခုကနေ အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ Euro Weekly News သတင်းဌာနက စက်တင်ဘာ ၁၅ ရက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဘယ်အချိန်က ဒီလုပ်ကြံမှုဖြစ်ပွားခဲ့တယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ သမ္မတပူတင်စီးနှင်းလာတဲ့ကားရဲ့ ဘယ်ဘက်ရှေ့ဘီးဟာ ကျယ်လောင်စွာပေါက်ကွဲသွားခဲ့ပြီး အဲဒီနောက် မီးခိုးတွေထွက်လာခဲ့ပေမယ့် အဲဒီနေရာကနေ ဘေးကင်းရာကို အလျင်အမြန်မောင်းနှင်သွားခဲ့တယ်လို့ Euro Weekly News ကဖော်ပြထားပါတယ်။ ဒီဖြစ်မှာ သမ္မတပူတင် တစုံတရာထိခိုက်ဒဏ်ရာရတာမျိုးမရှိပေမယ့် လူအများအပြား ဖမ်းဆီးခံခဲ့ရတယ်လို့ Euro Weekly News ကဖော်ပြထားပါတယ်။ news.co.au အခြားသတင်းဌာနတွေကလည်း အဲဒီဖြစ်စဉ်ကို ရေးသားဖော်ပြထားပါတယ်။ ပူတင်ဟာ သူနေထိုင်ရာကို ပြန်ရာလမ်းမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ပြီးနောက်မှာ ရုရှားသမ္မတပူတင်ရဲ့ ကျန်းမာရေး၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိချိန်ထိ အသက်အန္တရာယ်စိုးရိမ်စရာကောင်းလောက်တဲ့ လုပ်ကြံမှုမျိုး…

Read More

ဗဟိုဘဏ်အနေနဲ့ ရည်ညွန်းနိုင်ငံခြားငွေ လဲလှယ်နူန်း ၂၁၀၀ ကျပ်ကို ပြင်ဆင်စရာမရှိဘူးလို့ပြော

စက်တင်ဘာ ၁၆-၂၀၂၂ KT(VOM) သတင်းဌာနတခုကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြည်ပအလုပ်သမားတွေရဲ့လစာကို KBZဘဏ်က တဒေါ်လာ၃ထောင်နဲ့လဲပေးတယ်ဆိုတဲ့ သတင်းအပေါ် ဗဟိုဘဏ်အနေနဲ့ ရည်ညွန်းနိုင်ငံခြားငွေ လဲလှယ်နူန်း ၂၁၀၀ ကျပ်ကို ပြင်ဆင်စရာမရှိဘူးလို့ ပြောပါတယ်။ “ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ရည်ညွန်းလဲလှယ်နူန်း၂၁၀၀ဟာ ပြင်ဆင်စရာအကြောင်းမရှိပါဘူးဗျ၊ ဘာအစီအစဉ်မှလည်း မရှိပါဘူး၊ အဲ့ဒါကို ကောလဟလ တွေနဲ့လှုံဆော်နေတာလေးတွေ ရှိနေပါတယ်”လို့ ဗဟိုဘဏ်ညွန်ကြားရေးမှူးချုပ် ဦးအောင်အောင်ကVOMကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ရက်ညနေပိုင်းက ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေလဲလှယ်နူန်း ၁၈၅၀ကျပ်အစား ၂၁၀၀ကျပ်အဖြစ် စတင်ပြောင်းလဲလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ ဒေါ်လာပေါက်စျေးဟာ ဗဟိုဘဏ်ရောင်းစျေးနဲ့ ပြင်ပပေါက်စျေးလဲလှယ်မှုက စျေးနူန်းကွာဟမှုရှိနေတယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #ဗဟိုဘဏ်

Read More

လာမယ့်နှစ်မှာ ကမ္ဘာ့စီးပွားရေးကျဆင်းမှု ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်သတိပေး

၀ါရှင်တန်၊ စက်တင်ဘာ-၁၆-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာတ၀န်းရှိ ဗဟိုဘဏ်တွေက အတိုးနှုန်းမြှင့်တင်နေကြတာဟာ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က စက်တင်ဘာ ၁၅ ရက်မှာ သတိပေးလိုက်ပါတယ်။ ဗဟိုဘဏ်တွေဟာ မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ ဆယ်စုနှစ်ငါးခုအတွင်း မကြုံစဖူး အတိုးနှုန်းများကို မြှင့်တင်နေကြကြောင်း ကမ္ဘာ့ဘဏ်ကပြောပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ သတိပေးချက်ဟာ လာမယ့်သီတင်းပတ်မှာ အဓိကအတိုးနှုန်းတွေကို မြှင့်တင်သွားဖွယ်ရှိနေတဲ့ အမေရိကန်ဗဟိုဘဏ်နဲ့ အင်္ဂလန်ဗဟိုဘဏ်တို့ရဲ့ ငွေကြေးမူဝါဒဆိုင်ရာ အစည်းအဝေးမတိုင်ခင်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ကမ္ဘာ့စီးပွားရေးဟာ ၂၉၇၀ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးနှေးကွေးနေကြောင်း ကမ္ဘာဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီးတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ ဥရောပဒေသတွေမှာ စီးပွားရေးတိုးတက်မှု နှုန်းဟာ သိသိသာသာနှေးကွေးနေတယ်လို့ ဆိုပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ဝါရှင်တန်

Read More

ဖားကန့်မြို့က ဝေဖြိုးအောင်ရွှေဆိုင် သိန်း ၅ရာကျော် ဓားပြတိုက်ခံရ

စက်တင်ဘာ ၊ ၁၆ ၊ ၂၀၂၂ SP( VOM) ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့ ၊ လုံးခင်းလမ်းမကြီးမှာရှိတဲ့ ဝေဖြိုးအောင် ရွှေဆိုင်ဟာ မနေ့ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက ဓားပြတိုက်ခံရတယ်လို့ ဖားကန့်မြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း စျေးသိမ်းချိန် ၄ နာရီဝန်းကျင်မှာ မိုးတွေက အရမ်းသည်းနေတယ် ၊ အဲ့ဒီအချိန်မှာ လင်ခရုဇာ ကား ၁ စီးနဲ့ လက်နက်ကိုင် လူ ၅ ယောက်က ဝေဖြိုးအောင် ရွှေဆိုင်ကို ဓားပြဝင်တိုက်သွားတာပါ ၊ ငွေသား သိန်း ၅ ရာကျော် ပါသွားတယ် ” လို့ ဖားကန့်မြို့ခံ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ အဲ့ဒီ ဝေဖြိုးအောင် ရွှေဆိုင် ဓားပြတိုက်ခံရတာနဲ့…

Read More

ရုရှားဆုတ်ခွာသွားတဲ့ ယူကရိန်းမြို့မှာ လူ ၄၀၀ ကျော် အစုလိုက်အပြုံလိုက် မြုပ်နှံထားတဲ့ နေရာတွေတွေ့ရှိ

ကိယက်ဗ်၊ စက်တင်ဘာ-၁၆-၂၀၂၂ မျိုးဆက်(VOM) ရုရှားသိမ်းပိုက်မှုကနေ မကြာသေးမီက လွတ်မြောက်ခဲ့ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းက Izyum မြို့မှာ အစုလိုက်အပြုံလိုက်မြှပ်နှံထားတဲ့ သက်သေအထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ ယူကရိန်းကပြောပါတယ်။ အဲဒီနေရာမှာ လူ ၄၀၀ ကျော်ကို မြုပ်နှံထားတယ်လို့ ယူဆရကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ Volodymyr Tymoshko ကပြောပါတယ်။ ရုရှားတွေ ငါးလကြာသိမ်းပိုက်ထားတဲ့ မြို့မှာတွေ့ရတဲ့ ဒီလိုအစုလိုက်အပြုံလိုက်မြုပ်နှံထားတာကို စက်တင်ဘာ ၁၆ ရက်မှ စတင်တူးဖောက်မယ်လို့ သူကပြောပါတယ်။ ရုရှားတွေဆုတ်ခွာသွားတဲ့ ယူကရိန်းဒေသတွေမှာလည်း အခြားသော အစုလိုက်အပြုံလိုက် မြုပ်နှံထားတာတွေတွေ့ရှိခဲ့ရပါတယ်။ သေဆုံးမှုတွေဟာ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာ ရှင်းလင်းစွာမသိရပေမယ့် အချို့က ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးတာနဲ့ အချို့ကတော့ကျန်းမာရေး စောင့်ရှောက်မှု နည်းပါးတာတွေကြောင့်လို့ ယူဆရပါတယ်။ ရုရှားတွေဟာ နေရာတိုင်းမှာ သေခြင်းတရားတွေ ထားရစ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကတော့ ရုရှားတပ်တွေဟာ စစ်ရာဇ၀တ်မှုတွေ…

Read More

ဟင်္သာတမှာ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေကို ကူညီအမှုလိုက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေတဦး ထောင်၂ နှစ်ချမှတ်ခံရ

စက်တင်ဘာ၊ ၁၆-၂၀၂၂ မင်းမြတ်(VOM) ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်က နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေရဲ့အမှုတွေကို ကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတဦးကို မနေ့ စက်တင်ဘာ ၁၅ ရက်က ထောင်ဒဏ် ၂နှစ် အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်ခံရတဲ့ တရားလွှတ်တော်ရှေ့နေဟာ အသက် ၃၉ နှစ်ရှိ ဒေါ်ဧရာလင်းထွန်းဖြစ်ပြီး သူ့ကိုပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်မေလ ၂၇ ရက်က ဟင်္သာတခရိုင်တရားရုံးကနေနိုင်ငံရေး တတ်ကြွလှုပ်ရှားသူတွေရဲ့ အမှုကိစ္စလုပ်ငန်းတွေကို ဆောင်ရွက်ပြီးအပြန် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ အဖမ်းခံရပြီးနောက် ဒေါ်ဧရာလင်းထွန်းကို ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ပြီး ၂ နှစ်နီးပါး စစ်ဆေးအပြီးမှာ အကျဉ်းထောင်တွင်းတရားရုံးကနေ အမိန့်ချမှတ်လိုက်တာလို့သိရပါတယ်။ လက်ရှိ ဒေါ်ဧရာလင်းထွန်းဟာ ကျန်းမာရေးမကောင်းဖြစ်နေပြီး အဖမ်းမခံရခင်အချိန်ကတည်း သားအိမ်ခွဲစိတ်ကုသထားရတဲ့အပြင် သွေးအား နည်းဂေါရှိတဲ့အတွက် ပုံမှန်ဆေးခန်းပြနေရတဲ့သူဖြစ်တယ်လို့ သိရပါတယ်။ “၂နှစ်နီးပါး စစ်ဆေးပြီး နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှု…

Read More

ရန်ကုန်မှာ ပေါက်ကွဲမှုနဲ့ပစ်ခတ်မှုဖြစ်ပြီး တတိယနှစ်ကျောင်းသား သေဆုံး၊ ၅ ယောက်ဒဏ်ရာရခဲ့

စက်တင်ဘာ ၁၆-၂၀၂၂ VOM (GG) ရန်ကုန်မြို့၊ သာကေတနဲ့ ကမာရွတ်မြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုဖြစ်ပြီး ၁ ယောက်သေဆုံးကာ ၅ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ သာကေတမြို့နယ် ပစ်ခတ်မှုမှာ ဒီနေ့ မနက် ၁၀ နာရီခွဲလောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး ရပ်ကွက်အတွင်းစကားပြောနေတဲ့ တတိယနှစ် ဓာတုဗေဒကျောင်းသားတယောက် နဲ့ ဆယ်တန်းကျောင်းသား တို့နှစ်ယောက် သေနတ်နဲ့ပစ်ခံရတာဖြစ်ကြောင်း၊ သေနတ်နဲ့ ပစ်ခံရတဲ့ဒဏ်ရာကြောင့် တက္ကသိုလ်ကျောင်းသားကတော့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။ “သာကေတမြို့နယ် ၂/ တောင်ရပ်ကွက်၊ ဇောတရုံလမ်းနဲ မာန်ပြေ ၁ လမ်းအနောက်လမ်းဆုံမှာဖြစ်တာ။တယောက်က ခေါင်းနဲ့မျက်နှာ သေနတ် ၅ချက်မှန်ပြီး နေရာမှာပဲသေတယ်။ဆယ်တန်းကလေးက ကျတော့ ပေါင်ကိုပဲမှန်တော့ မစိုးရိမ်ရဘူးလို့သိရတယ်။ ” လို့ သာကေတမြို့နယ် နေထိုင်သူတဦးကပြောပါတယ်။ နောက်ပြီး ကမာရွတ်မြို့နယ်မှာ ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ ၇ ရပ်ကွက်၊ ဗဟိုလမ်းမပေါ်က စည်ပင်ရဲတပ်ဖွဲ့ဝန်းအရှေ့မှာ…

Read More

ရေဦးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး သူ့ကိုယ်သူ သတ်သေမှုဖြစ်ပွား

စက်တင်ဘာ ၊ ၁၆ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့မှာ ခရိုင်ရဲတပ်ဖွဲ့မှူး တာဝန်ထမ်းဆောင်နေတဲ့ ယာယီ ဒုရဲမှူးကြီးဟာ မနေ့ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ရေဦးမြို့ခံတွေဆီက သိရပါတယ်။ ” ခရိုင်ရဲမှူးက သူ့ကိုယ်သူ သေနတ်နဲ့ပစ်သတ်ပြီး သေသွားတာပါ ၊ ဒီမနက် ရဲတွေအလုပ်များနေတာကို မြင်ရတယ် “လို့ ရေဦးမြို့ခံ တယောက်က ပြောပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက “မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ သူ့နေအိမ်ထဲ အပေါက်ပိတ်ပြီး သူ့ကိုင်နေကြ 32သေနတ်နဲ့ သူ့ကိုယ်သူ ပစ်သတ်သွားတာပါ ၊ ရဲအပတ်စဥ် ရမ်ဂါ ၁၆ က ၊…

Read More

မုံရွာ အလုံတပ်မြို့ဘက်မှာ ပိုင်ရှင်မဲ့ ရုပ်အလောင်း ၃ လောင်းတွေ့

စက်တင်ဘာ ၊ ၁၆ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အလုံတပ်မြို့နယ် ကောရဗျကျေးရွာနားမှာ မနေ့ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက ပိုင်ရှင်မဲ့ လူသေ ရုပ်အလောင်း ၃ လောင်းတွေ့ခဲ့ရတယ်လို့ အလုံနယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ကောရဗျရွာရဲ့ အရှေ့ဘက်မှာ မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်မှာ တွေ့ရတာဖြစ်တယ် ၊ သေဆုံးသူက အမျိုးသား ၃ ယောက်ဖြစ်တယ် ၊ မျက်နှာမှာ ကျည်ဆံဖောက်ဝင်ဒဏ်ရာတွေနဲ့ ဖြစ်ပြီး ရုပ်ရည်က မပီပြင်တော့ဘူးဆိုတော့ ဘယ်သူ ဘယ်ဝါဆိုတာ ခွဲခြားမရဘူး ၊ ဒီမနက်အထိတော့ ပိုင်ရှင်မဲ့တွေဖြစ်နေဆဲ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ပိုင်ရှင်မဲ့ ရုပ်အလောင်း ၃…

Read More
VOM News

FREE
VIEW