ဗဟိုဘဏ်အနေနဲ့ ရည်ညွန်းနိုင်ငံခြားငွေ လဲလှယ်နူန်း ၂၁၀၀ ကျပ်ကို ပြင်ဆင်စရာမရှိဘူးလို့ပြော

စက်တင်ဘာ ၁၆-၂၀၂၂
KT(VOM)

သတင်းဌာနတခုကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြည်ပအလုပ်သမားတွေရဲ့လစာကို KBZဘဏ်က တဒေါ်လာ၃ထောင်နဲ့လဲပေးတယ်ဆိုတဲ့ သတင်းအပေါ် ဗဟိုဘဏ်အနေနဲ့ ရည်ညွန်းနိုင်ငံခြားငွေ လဲလှယ်နူန်း ၂၁၀၀ ကျပ်ကို ပြင်ဆင်စရာမရှိဘူးလို့ ပြောပါတယ်။

“ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ရည်ညွန်းလဲလှယ်နူန်း၂၁၀၀ဟာ ပြင်ဆင်စရာအကြောင်းမရှိပါဘူးဗျ၊ ဘာအစီအစဉ်မှလည်း မရှိပါဘူး၊ အဲ့ဒါကို ကောလဟလ တွေနဲ့လှုံဆော်နေတာလေးတွေ ရှိနေပါတယ်”လို့ ဗဟိုဘဏ်ညွန်ကြားရေးမှူးချုပ် ဦးအောင်အောင်ကVOMကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ရက်ညနေပိုင်းက ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေလဲလှယ်နူန်း ၁၈၅၀ကျပ်အစား ၂၁၀၀ကျပ်အဖြစ် စတင်ပြောင်းလဲလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိ ဒေါ်လာပေါက်စျေးဟာ ဗဟိုဘဏ်ရောင်းစျေးနဲ့ ပြင်ပပေါက်စျေးလဲလှယ်မှုက စျေးနူန်းကွာဟမှုရှိနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဗဟိုဘဏ်

Related posts

✕
VOM News

FREE
VIEW