ရေဦးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး သူ့ကိုယ်သူ သတ်သေမှုဖြစ်ပွား

စက်တင်ဘာ ၊ ၁၆ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့မှာ ခရိုင်ရဲတပ်ဖွဲ့မှူး တာဝန်ထမ်းဆောင်နေတဲ့ ယာယီ ဒုရဲမှူးကြီးဟာ မနေ့ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ရေဦးမြို့ခံတွေဆီက သိရပါတယ်။

” ခရိုင်ရဲမှူးက သူ့ကိုယ်သူ သေနတ်နဲ့ပစ်သတ်ပြီး သေသွားတာပါ ၊ ဒီမနက် ရဲတွေအလုပ်များနေတာကို မြင်ရတယ် “လို့ ရေဦးမြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက “မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ သူ့နေအိမ်ထဲ အပေါက်ပိတ်ပြီး သူ့ကိုင်နေကြ 32သေနတ်နဲ့ သူ့ကိုယ်သူ ပစ်သတ်သွားတာပါ ၊ ရဲအပတ်စဥ် ရမ်ဂါ ၁၆ က ၊ ယာယီ ဒုတိယရဲမှူးကြီး ဝင်းနိုင်ဖြစ်တယ် “လို့ ပြောပါတယ်။

ရေဦးရဲတွေနဲ့ နီးစပ်သူ တယောက်ကလည်း” ရေဦးခရိုင်ဆိုတာ အရင် ရွှေဘိုခရိုင်ထဲကနေ ဒီနှစ်ထဲမှာ နောက်တိုး ခွဲထွက်တဲ့ ခရိုင်သစ်တခုဖြစ်တယ် ၊ စစ်ကိုင်းတိုင်းမှာ အဖြစ်များနေတဲ့ ခရိုင်တွေထဲမှာ ရေဦးခရိုင်လည်းပါတယ်၊ ပြီးခဲ့တဲ့ လတုန်းကလည်း တန့်ဆည်မြို့ဝင် ဂိတ်နားမှာ ရဲတွေအပစ်ခံရပြီး ၅ ယောက်သေတယ် ၊ လက်နက်တွေပါသွားတယ် ၊ ဒေသက မတည်မငြိမ်ဆိုတော့ စိတ်ဖိစီးမှုများပြီး သူ့ကိုယ်သူ သတ်​သေသွားတာ ဖြစ်နိုင်တယ် “လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ခရိုင် ၁၁ ခု ၊ မြို့နယ် ၃၄ မြို့နယ်နဲ့ ဖွဲ့စည်းထားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး အများအပြားရှိတဲ့အနက် ခရိုင်ရဲတပ်ဖွဲ့မှူး တယောက်အနေနဲ့ သူ့ကိုယ်သူ သတ်သေတဲ့ ဖြစ်စဥ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေဦး #ခရိုင်ရဲမှူး #သတ်သေမှု

Related posts

Leave a Comment

VOM News

FREE
VIEW