ဖားကန့်မြို့က ဝေဖြိုးအောင်ရွှေဆိုင် သိန်း ၅ရာကျော် ဓားပြတိုက်ခံရ

စက်တင်ဘာ ၊ ၁၆ ၊ ၂၀၂၂
SP( VOM)

ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့ ၊ လုံးခင်းလမ်းမကြီးမှာရှိတဲ့ ဝေဖြိုးအောင် ရွှေဆိုင်ဟာ မနေ့ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက ဓားပြတိုက်ခံရတယ်လို့ ဖားကန့်မြို့ခံတွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း စျေးသိမ်းချိန် ၄ နာရီဝန်းကျင်မှာ မိုးတွေက အရမ်းသည်းနေတယ် ၊ အဲ့ဒီအချိန်မှာ လင်ခရုဇာ ကား ၁ စီးနဲ့ လက်နက်ကိုင် လူ ၅ ယောက်က ဝေဖြိုးအောင် ရွှေဆိုင်ကို ဓားပြဝင်တိုက်သွားတာပါ ၊ ငွေသား သိန်း ၅ ရာကျော် ပါသွားတယ် ” လို့ ဖားကန့်မြို့ခံ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

အဲ့ဒီ ဝေဖြိုးအောင် ရွှေဆိုင် ဓားပြတိုက်ခံရတာနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာ ၁၄ ရက်က ဖားကန့် မြို့ ၊ လုံးခင်းရပ်ကွက်က ကျောက်ဝိုင်းနားမှာ ရေမဆေးကျောက် ရှာသူတွေဝတ်တဲ့ ဝတ်စုံနဲ့ လူတယောက်က သေနတ်ထောက်ပြီး ကားလုသွားတာ ဖြစ်ပွားခဲ့တယ်။

ဒါ့အပြင် ဖားကန့် ဆယ်ဇင်လမ်းမှာလည်း အလားတူ လုယက်မှုမျိုး အခုလ ၁၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW