ရုရှားဆုတ်ခွာသွားတဲ့ ယူကရိန်းမြို့မှာ လူ ၄၀၀ ကျော် အစုလိုက်အပြုံလိုက် မြုပ်နှံထားတဲ့ နေရာတွေတွေ့ရှိ

ကိယက်ဗ်၊ စက်တင်ဘာ-၁၆-၂၀၂၂
မျိုးဆက်(VOM)

ရုရှားသိမ်းပိုက်မှုကနေ မကြာသေးမီက လွတ်မြောက်ခဲ့ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းက Izyum မြို့မှာ အစုလိုက်အပြုံလိုက်မြှပ်နှံထားတဲ့ သက်သေအထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ ယူကရိန်းကပြောပါတယ်။

အဲဒီနေရာမှာ လူ ၄၀၀ ကျော်ကို မြုပ်နှံထားတယ်လို့ ယူဆရကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ Volodymyr Tymoshko ကပြောပါတယ်။

ရုရှားတွေ ငါးလကြာသိမ်းပိုက်ထားတဲ့ မြို့မှာတွေ့ရတဲ့ ဒီလိုအစုလိုက်အပြုံလိုက်မြုပ်နှံထားတာကို စက်တင်ဘာ ၁၆ ရက်မှ စတင်တူးဖောက်မယ်လို့ သူကပြောပါတယ်။

ရုရှားတွေဆုတ်ခွာသွားတဲ့ ယူကရိန်းဒေသတွေမှာလည်း အခြားသော အစုလိုက်အပြုံလိုက် မြုပ်နှံထားတာတွေတွေ့ရှိခဲ့ရပါတယ်။

သေဆုံးမှုတွေဟာ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာ ရှင်းလင်းစွာမသိရပေမယ့် အချို့က ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးတာနဲ့ အချို့ကတော့ကျန်းမာရေး စောင့်ရှောက်မှု နည်းပါးတာတွေကြောင့်လို့ ယူဆရပါတယ်။

ရုရှားတွေဟာ နေရာတိုင်းမှာ သေခြင်းတရားတွေ ထားရစ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကတော့ ရုရှားတပ်တွေဟာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားပြီး ရုရှားဘက်ကတော့ ငြင်းဆိုထားပါတယ်။

Ref: BBC
Photo: AP
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW