ကံမမှာ ၅၀၀၀ တန်အတု ၂၉၉ ရွက်နဲ့ ၁သောင်းတန်အတု အရွက် ၃၀ ဖမ်းမိ

စက်တင်ဘာ ၁၈-၂၀၂၂
VOM (GG)

မကွေးတိုင်း ၊ကံမမြို့၊ ကံမသား ကားဂိတ်ကနေ မကွေးကိုပို့မယ့် ​ပါဆယ်ထုတ်ထဲကနေ ၅၀၀၀ တန်ငွေအတုနဲ့ ၁သောင်းတန်အတုတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပါဆယ်ထုတ်ပို့သူ အမျိုးသမီးနေအိမ်ကလည်း ၅၀၀၀ တန်ငွေစက္ကူအတုနဲ့ ၁သောင်းတန်အတုတွေ ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

” ဒီနေ့ဖမ်းမိတာ ပါဆယ်ထုတ်ထဲက ငါးထောင်တန်အတု ၈၆ ရွက်၊ တစ်သောင်းတန်က ၅ ရွက် တွေ့ရတယ်၊အဲ့ဒါနဲ့ ပါဆယ်ထုတ်ပို့သူရဲ့အိမ်ကို ဆက်ရှာတော့ ငါးထောင်တန်အတု ၂၁၃ ရွက်၊ တစ်သောင်းတန်အတု ၂၅ ရွက် ထပ်ဖမ်းမိတယ် ၊ ပါဆယ်ထုတ်နဲ့ပတ်သက်ပြီး သတင်းရလို့ လာစစ်တော့ တွေ့တာ လို့သိရတယ်”လို့ ကံမကားဂိတ်တခုမှာ လုပ်ကိုင်နေသူကပြောပါတယ်။

လက်ရှိမှာ ငွေအတုတွေရောင်းဝယ်ဖောက်ကားပြီးလက်ဝယ်တွေ့ရှိသူ အမျိုးသမီးကို ဗဟိုဘဏ်ဥပဒေ ၁၀၅/၁၀၆ အရ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

လက်ရှိမှာ ၁သောင်းတန်နဲ့ ၅၀၀၀ တန်ငွေအတုတွေကို တခြားမြို့နယ်အချို့မှာလည်း ဖမ်းဆီးရမိမှုတွေရှိနေပြီး ငွေအတုတွေကို အင်တာနက်စာမျက်နာကနေ ပေါ်ပေါ်ထင်ထင် ရောင်းဝယ်ဖောက်ကားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်သူလူထုကလည်း ငွေအတုတွေ ပြည်သူတွေကြားပြန့်နှံ့ပြီး ဒုက္ခရောက်မှာကို စိုးရိမ်နေကြပါတယ်။

#voiceofmyanmar #VOM #ကံမ #ငွေစက္ကူအတုတွေဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW