ကံမမှာ ၅၀၀၀ တန်အတု ၂၉၉ ရွက်နဲ့ ၁သောင်းတန်အတု အရွက် ၃၀ ဖမ်းမိ

စက်တင်ဘာ ၁၈-၂၀၂၂ VOM (GG) မကွေးတိုင်း ၊ကံမမြို့၊ ကံမသား ကားဂိတ်ကနေ မကွေးကိုပို့မယ့် ​ပါဆယ်ထုတ်ထဲကနေ ၅၀၀၀ တန်ငွေအတုနဲ့ ၁သောင်းတန်အတုတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ပါဆယ်ထုတ်ပို့သူ အမျိုးသမီးနေအိမ်ကလည်း ၅၀၀၀ တန်ငွေစက္ကူအတုနဲ့ ၁သောင်းတန်အတုတွေ ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ” ဒီနေ့ဖမ်းမိတာ ပါဆယ်ထုတ်ထဲက ငါးထောင်တန်အတု ၈၆ ရွက်၊ တစ်သောင်းတန်က ၅ ရွက် တွေ့ရတယ်၊အဲ့ဒါနဲ့ ပါဆယ်ထုတ်ပို့သူရဲ့အိမ်ကို ဆက်ရှာတော့ ငါးထောင်တန်အတု ၂၁၃ ရွက်၊ တစ်သောင်းတန်အတု ၂၅ ရွက် ထပ်ဖမ်းမိတယ် ၊ ပါဆယ်ထုတ်နဲ့ပတ်သက်ပြီး သတင်းရလို့ လာစစ်တော့ တွေ့တာ လို့သိရတယ်”လို့ ကံမကားဂိတ်တခုမှာ လုပ်ကိုင်နေသူကပြောပါတယ်။ လက်ရှိမှာ ငွေအတုတွေရောင်းဝယ်ဖောက်ကားပြီးလက်ဝယ်တွေ့ရှိသူ အမျိုးသမီးကို ဗဟိုဘဏ်ဥပဒေ ၁၀၅/၁၀၆ အရ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။ လက်ရှိမှာ ၁သောင်းတန်နဲ့ ၅၀၀၀…

Read More

ပြင်ဦးလွင်မှာ အသက် ၁၂ နှစ်အရွယ် ကလေးအပါအဝင် ၅ လောင်းပြိုင်လူသတ်မှုဖြစ်ပွား

စက်တင်ဘာ ၁၈-၂၀၂၂ VOM (GG) ပြင်ဦးလွင်မြို့နယ် ၊စည်းကားရွာကကြက်မွေးမြူရေးခြံတခုမှာ ဒီနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ၅ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အသတ်ခံရသူတွေက မိန်းကလေး ၃ ယောက်နဲ့ ယောကျ်ားလေး ၂ ယောက်ဖြစ်ပြီး ကြက်ခြံထဲမှာ အသတ်ခံထားရတာဖြစ်ကြောင်း၊ အသတ်ခံရသူတွေထဲမှာ အသက် ၁၂ နှစ်အရွယ်ကလေးလည်းပါဝင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပြင်ဦးလွင် နာရေးကူညီမှုအသင်းကနေ သိရပါတယ်။ “၁၁ နာရီလောက်သိရတယ်၊ကြက်ခြံထဲမှာဖြစ်တာပါ။အသတ်ခံရတာက မိသားစုတွေလို့တော့ပြောတယ်။ တယောက်က အသက်ရှိသေးတယ် ဆေးရုံရောက်မှဆုံးတာ။အသတ်ခံထားရတာက ဒီနေ့ မနက်အစောကြီးတို့၊ ညပိုင်းတို့ လူမရှိချိန်အသတ်ခံရတယ်လို့ထင်တယ်။ “လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။ အသတ်ခံရ သူ၅ယောက်လုံးဟာ ကြက်ခြံမှာအလုပ်လုပ်ကိုင်နေသူတွေဖြစ်​ပြီး အားလုံးမှာ ဓားခုတ်ဒဏ်ရာတွေ တွေ့ရှိရတယ်လို့သိရပါတယ်။ လက်ရှိမှာ သေဆုံးသူရုပ်အလောင်း ၅ လောင်းကို ပြင်ဦးလွင် ပြည်သူ့ဆေးရုံကိုပို့ဆောင်ထား​ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကတော့ လောလောဆယ်မှာ တရားခံကိုဖမ်းဆီးရမိရေး အမှုဖွင့်ဆောင်ရွက်နေတယ်လို့်သိရပါတယ်။…

Read More

တောင်ကုတ်မြို့မှာ မှုခင်းရှု့ထောင့်ဂျာနယ်က သတင်းထောက် ၂ ဦး အဖမ်းခံရ

စက်တင်ဘာ ၊ ၁၈ ၊ ၂၀၂၂ SP( VOM) ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်မှာ အခြေစိုက်နေထိုင်တဲ့ မှုခင်းရှု့ထောင့်ဂျာနယ်နဲ့ သတင်းစုံ ဖော်ထုတ်ရေး သတင်းထောက် ၂ ဦးကို ဒီကနေ့မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ သက်ဆိုင်ရာက ဖမ်းဆီးသွားတယ်လို့ တောင်ကုတ်မြို့ခံတွေဆီက သိရပါတယ်။ ” ဖမ်းဆီးခံရတဲ့ သတင်းထောက် ၂ ဦးကတော့ ရှု့ထောင့်ဂျာနယ်က ကိုဦးနဲ့ ကိုစိုးဝင်းချေ တို့ ဖြစ်တယ် ၊ သူတို့ ၂ ယောက်ကို ဂူတာရပ်ကွက် ၊ အေးရိပ်ငြိမ် ကားဝန်းနောက် ၄ လမ်းမှာ ဖမ်းဆီးသွားတာဖြစ်တယ် “လို့ တောင်ကုတ်မြို့ခံ တယောက်က ပြောပါတယ်။ အဲ့ဒီ သတင်းထောက် ၂ ယောက် အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ရန်ကုန် မှုခင်းရှု့ထောင့် ဂျာနယ်ရုံး ၊တာဝန်ရှိသူတယောက်က…

Read More

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့မှု ပြန်များလာပြီး ကျန်းမာရေးဝန်ထမ်းအချို့လည်း ကိုဗစ်ကူးစက်ခံလာရ

စက်တင်ဘာ၊ ၁၈-၂၀၂၂ မင်းမြတ် (VOM) မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ တကျော့ပြန်ဖြစ်ပွားလာပြီး ကျန်းမာရေး၀န်ထမ်းတွေပါကူးစက်မှုဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ” ပြည်တွင်း ကူးစက်ခံရတာတွေများလာတယ် ပြီးခဲ့တဲ့ သြဂုတ်လလောက်ကနေ စတင်ကူးစက်လာတာ၊ ၂၄ နာရီအတွင်းစာရင်းထဲက ၃၀၅ ယောက်ထဲမှာ ပြည်ပကူးစက်မခံရသူက ၅ ယောက်ပဲရှိ တာ ၊ အခုစာရင်းတွေကိုကြည့်ရင် ရန်ကုန်က ကူးစက်ခံရတာ အများဆုံးဖြစ်နေတယ် ၊ ကူးစက်ခံရသူဦးရေ နေ့စဉ် တိုးလာနေတယ် ၊ ဒါက စက်တင်ဘာ ၁၆ ရက် ည ၈ နာရီအထိစာရင်းပဲရှိသေးတာ ၊ မနေ့က စက်တင်ဘာ ၁၈ ရက် ည ၈ နာရီကကလည်း ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၃၆၁ ဦးထပ်မံတွေ့ရှိ တယ်လို့သိရတယ်၊ သေဆုံးသူကတော့ မရှိသေးတာ တွေ့ရတယ် ၊ စာသင်ကျောင်းတွေက…

Read More

ဧရာဝတီတိုင်းက ဟိုတယ်လုပ်ငန်းတွေ နိုင်ငံရေးအခြေအနေတွေကြောင့် ရပ်နားလာရ

စက်တင်ဘာ၊ ၁၈-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းက ဟိုတယ်လုပ်ငန်းတွေဟာ နိုင်ငံရေး အခြေအနေတွေနဲ့ဆက်စပ်ပြီး အရှုံးနဲ့ ဆက်လက်ရင်ဆိုင်နေရတာကြောင့် ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲလာလို့ ရပ်နားလာရတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေဆီကနေသိရပါတယ်။ ဟိုတယ်လုပ်ငန်းတွေဟာ ကိုဗစ်ကန့်သတ်မှုတွေနဲ့အတူ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေကြောင့် လာရောက်တည်းခိုသူ မရှိသလောက် နည်းပါးလာတာ၊ သက်ဆိုင်ရာက တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ဧည့်သည်ဝင်ရောက်မှု နည်းပါးလာတဲ့အတွက် လုပ်ငန်းတွေရပ်နားလာကြရတာဖြစ်တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းအတွင်းက ဟိုတယ်လုပ်ငန်း ၅၅ ရာခိုင်နှုန်းထက်မနည်း ရပ်နားထားပြီး နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်များဖြစ်ပွားပြီးနောက် ပြည်ပဧည့်သည်ဝင်ရောက်မှု မရှိတော့တဲ့အတွက် ပြည်တွင်း ခရီးသွားဧည့်သည်တွေကိုသာ အဓိကမှီခိုအားထားနေရတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ဟိုတယ်လုပ်ငန်း ၄၅ ရာခိုင်နှုန်း လောက်သာ ရှေ့ဆက်လည်ပတ်နိုင်တော့တယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ “အခု ပြည်တွင်းက ဧည့်သည်ကလည်း မဖြစ်မနေနဲ့ ဧရာဝတီတိုင်းဘက်ကို လာရမယ်ဆိုတာလောက်ပဲ ရှိတော့ပါတယ်၊ ကျန်တာတွေကတော့ မရှိသလောက် ရှားသွားပါပြီ၊ အဲ့ဒီလိုဖြစ်တာ လုပ်ငန်းရပ်နားလာတဲ့သူတွေကမနည်းဘူး ၊ကျွန်တော်တို့က…

Read More

အသက်နဲ့ရင်းပြီး ရှာဖွေနေရတဲ့ စားဝတ်နေရေး

KK(VOM) ရန်ကုန်ဟာ စက်ရုံအလုပ်ရုံများပြားပြီး လူဦးရေအထူထပ်ဆုံးမြို့တော်ဖြစ်တဲ့အပြင် နေ့စဥ်စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရသူတွေလည်း များပြားပါတယ်။ ၂၀၂၁ ဖေဖော်၀ါရီလနောက်ပိုင်း ရန်ကုန်တိုင်းက မြို့နယ်အသီးသီးမှာ နေ့စဥ်နဲ့အမျှ လုယက်မှု၊ခိုးမှုနဲ့ခါးပိုက်နိူက်တွေကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေဟာ ကျီးလန့်စာ စား ဘဝတွေလိုဖြစ်နေတယ်လို့ လှိုင်သာယာမြို့ခံတဦးက ပြောပါတယ်။ “တနေကုန်အလုပ်လုပ် အိမ်အပြန်လမ်းမှာ အလုခံရမှာ ကြောက်နေရတယ်၊ ပိုက်ဆံနဲ့ဖုန်းလုသွားတာဆို တော်သေးတယ် လူကိုပါသတ်သွားမှာစိုးရိမ်တာ”လို့ ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှာ နေ့စဥ်နဲ့အမျှ ခိုးမှု၊လုယက်မှု၊ဓားပြတိုက်မှုတွေဖြစ်လာပြီးနောက်ပိုင်း စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားနေရသူတွေဟာ အခက်တွေ့လာပါတယ်။သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေ့စဥ်ရုန်းကန်နေရသူတွေဟာ အိမ်အပြန်ခရီးတွေမှာ နေ့စဥ်လုယက်တာတွေကြုံလာရတာကြောင့် စိုးရိမ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ တောင်ဒဂုံမြို့နယ်မှာ နေသူတဦးက ပြောပါတယ်။ “ကျွန်မဆို အိမ်ကိုယောက်င်္ကျားပြန်ရောက်မှ သက်ပြင်းချလို့ရတယ်၊ တောင်ဒဂုံမှာလည်း လုယက်မှုတွေရှိတာပဲ နည်းနည်းလေးနောက်ကျရင် စိတ်ပူနေရတယ်၊ ဘုရား တနေရတယ်”လို့ ပြောပါတယ်။ ကုန်စျေးနှုန်းကြီးမြှင့်မှု့ ၊အလုပ်အကိုင်ရှားပါးမှုတွေအပြင် တရားဥပဒေစိုးမိုးမှုမရှိတာကြောင့် အခြေခံလူတန်းစားတွေရဲ့ဘဝဟာ ဘေးကျပ်နံကျပ်ဖြစ်နေတယ်လို့ အရှေဒဂုံမြို့နယ်က ဆိုင်ကယ်ကယ်ရီမောင်းနှင်းသူတစ်ဦးက ပြောပါတယ်။…

Read More

ကိုဗစ်ရောဂါကုသဆေးကို ဆရာဝန်ညွှန်ကြားစားပြပြီး ငွေကျပ်၂သိန်းခွဲ နဲ့ဝယ်နိုင်ပြီလို့ သ်ိရ

စက်တင်ဘာ ၁၇-၂၀၂၂ VOM (GG) ကိုဗစ်ရောဂါဖြစ်ပါက သောက်သုံးနိုင်မယ့် ၁၀ လုံးပါ ဆေးကဒ် ၃ ကဒ် ကိုဗစ်ရောဂါကုသဆေး Paclovid ကို ၂၅၀၀၀၀ ( နှစ်သိန်းခွဲ)ကျပ်နဲ့ ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ AA Medical Products Ltd ကုမ္ပဏီကနေ သိရပါတယ်။ ကိုဗစ်ရောဂါကုသဆေး Paclovid ကို ဝယ်ယူဖို့အတွက် ပြည်သူတွေအနေနဲ့က ဆရာဝန် ဆေးညွှန်းစာလိုအပ်သလို ၊ ကိုဗစ်ရောဂါကုသရေးဆရာဝန်၊ဆေးရုံဆေးခန်းနဲ့ ဆေးဆိုင်ကြီးတွေအနေနဲ့လည်း ဝယ်ယူလိုပါက ဆရာဝန်ဆေးညွှန်းစာ၊ဆေးအမှာစာ request letter တွေနဲ့ဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ” Nirmatrelvir 150mgက၂ကဒ်၊ Ritonavir 100mg က ၁ကဒ်၊ဆရာဝန်ညွန်ကြားချက်အတိုင်းသောက်ရမယ်၊ခဲရောင်ကဒ်က၂လုံး၊အပြာကဒ်က ၁လုံး မနက်၃လုံး ည၃လုံးသောက်ရမယ်၊ဆရာဝန်ကမှ အသက်အရွယ်၊ဘော်ဒီဝိတ်ပေါ်မူတည်ပြီးဆရာဝန်ညွှန်ကြား ချက်ပေါ်သောက်ရမှာပေါ့။ ဆရာဝန်နဲ့ပြလို့ဒီဆေးသောက်ရမယ်ဆိုရင် သောက်လို့ရတယ်။ကာကွယ်ဆေးမဟုတ်ဘူး ကုသဆေးပါ။ ” လို့ AA Medical product Ltd…

Read More

ရန်ကုန်မှာ ရဲကင်းစခန်း နဲ့ မြို့နယ်တရားရုံးတခု ဗုံးခွဲခံရပြီး ရာအိမ်မှူးတဦးလည်း ပစ်သတ်ခံရ

စက်တင်ဘာ ၁၇-၂၀၂၂ VOM (GG) ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သာကေတ နဲ့ သင်္ဃန်း ကျွန်းမြို့နယ်မှာ ရာအိမ်မှူးတယောက် ပစ်သတ်ခံရပြီး မြို့နယ်တရားရုံးနဲ့ ရဲကင်းစခန်း တခု အဝေးထိန်းဗုံးနဲ့ဖောက်ခွဲခံရတယ်လို့ သိရပါတယ်။ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက် မှာ ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မနက်အစောပိုင်းက ရပ်ကွက်ရာအိမ်မှူး ဖြစ်တဲ့ ဦးအောင်စိုး ဆိုသူကို နေအိမ်အရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မနက် ၇ နာရီ၅၀ လောက်မှာ ပစ်ခံရတာ၊သေနတ်နဲ့ ၄ ချက်ပစ်ခံရပြီး ပွဲချင်းပြီးပဲ ၊ သူ့အိမ်ရှေ့မှာလမ်းလျှောက်နေချိန် သေနတ်နဲ့အနီးကပ်ပစ်သွားတာလို့သိရတယ် “လို့ လှိုင်မြို့နယ်မှာနေထိုင်သူကပြောပါတယ်။ မနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းကလည်း သင်္ဃန်းကျွန်းမြို့နယ် တရားရုံးကို အဝေးထိန်းဗုံးနဲ့ပစ်ခတ်ဖောက်ခွဲခံခဲ့ရသလို သာကေတမြိုနယ် ၁၀ ရပ်ကွက်၊ အမှတ်…

Read More

လက်ဘနွန်မှာ အပ်ငွေထုတ်ပေးဖို့ ဘဏ်ကိုစီးနှင်းတောင်းဆိုမှုတွေ ဖြစ်ပွားပြီးနောက် ဘဏ်တွေပိတ်ဖို့ စီစဉ်နေ

ဘေရွတ်၊ စက်တင်ဘာ-၁၇-၂၀၂၂ မျိုးဆက်(VOM) လက်ဘနွန်ရှိဘဏ်တွေမှာ အပ်ငွေတွေကို ပြန်ထုတ်ပေးဖို့ တောင်းဆိုမှုတွေနဲ့အတူ ဘဏ်တွေကို ၀င်ရောက်စီးနှင်းမှုတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် လာမယ့်သီတင်းပတ်မှာ ဘဏ်တွေ ၃ ရက်ပိတ်ဖို့ စီစဉ်နေပါတယ်။ မိသားစုအတွက် ဆေးဖိုးပေးချေဖို့ငွေလိုတာကြောင့် ဘဏ်ကအပ်ငွေတွေ ထုတ်ပေးဖို့ အမျိုးသမီးတဦးဟာ ကော်သေနတ်ကိုင်ပြီး ဘဏ်ထဲ၀င်တောင်းဆိုခဲ့မှု စက်တင်ဘာ ၁၄ ရက်ကဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတ၀န်းရှိဘဏ်တွေမှာလည်း အဲဒီလိုဖြစ်စဉ်တွေမြင့်တက်နေပြီး စက်တင်ဘာ ၁၆ ရက်တရက်တည်းမှာပင် ငါးကြိမ်ရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လာမယ့် စက်တင်ဘာ ၁၉ ရက်ကစပြီး ဘဏ်တွေကို သုံးရက်ပိတ်ဆို့ စီစဉ်နေတာဖြစ်ပါတယ်။ လက်ဘနွန်နိုင်ငံဟာ ဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါး၀ယ်ယူဖို့ အခက်အခဲတွေရှိနေပါတယ်။ လက်ဘနွန်ပေါင်ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာပြီးနောက် လက်ဘနွန်ဘဏ်တွေဟာ ၂၀၁၉ ခုနှစ်ကတည်းက ဒေါ်လာငွေ ထုတ်ယူမှုကို ကန့်သတ်ထားခဲ့ပါတယ်။…

Read More

ကိုယ်ရေးအချက်အလက် မှန်ကန်စွာမဖြည့်တဲ့ မိုဘိုင်းငွေကြေးစာရင်းတွေကို အပြီးပိတ်သိမ်းတော့မယ်လို့ ဗဟိုဘဏ်အသိပေး

စက်တင်ဘာ ၁၇-၂၀၂၂ VOM (GG) Kpay ၊ wave အပါအဝင် မိုဘိုင်းငွေရေးကြေးရေးလုပ်ငန်းတွေကို အသုံးပြုပြီး ငွေလွှဲလုပ်နေသူအားလုံး ကိုယ်ရေးအချက်အလက်အားလုံးဖြည့်ရမှာဖြစ်ပြီး အချက်အလက်မပြည့်စုံသူတွေနဲ့ အချက်အလက်မမှန်မကန်သူတွေရဲ့ ငွေကြေးအကောင့်စာရင်းတွေကို အပြီးပိတ်သိမ်းမှာဖြစ်တယ်လို့ ဗဟိုဘဏ်က အသိပေးလိုက်ပါတယ်။ မိုဘိုင်းငွေပေးချေမှု အသုံးပြုသူတွေဟာ မှတ်ပုံတင် ထားတဲ့ ဆင်းမ်ကဒ်၊ အမည်၊ မှတ်ပုံတင် နံပါတ်တွေဖြည့်ရမှာဖြစ်ပြီး အဲ့ဒီအချက်တွေမှန်မမှန်ကို လဝက မှာရှိတဲ့ အချက်အလက်တွေအပြင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်က အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့်ဗဟိုဘဏ်ရဲ့တရားဝင်ခွင့်ပြုချက်နဲ့ ဘဏ်ဦးဆောင်မှုပုံစံ ဆောင်ရွက်နေတဲ့ မိုဘိုင်းပေးဝန် ဆောင်မှုလုပ်ငန်း၊ မိုဘိုင်းဘဏ်လုပ်ငန်းဆောင် ရွက်ခွင့်ရရှိထားတဲ့ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့လုပ်ငန်းတွေ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းတဲ့စနစ်ဝန်ဆောင်မှုလုပ်ငန်း စတဲ့ မိုဘိုင်းငွေပေးချေမှု အသုံးပြုသူတွေအနေနဲ့လည်း နီးစပ်ရာကိုယ်စားလှယ် (Agent)တွေ၊ ဘဏ်တွေမှာ ကိုယ်ရေးအချက်အလက်ကို အဆင့် ၂ (Level 2)ကို အချိန်မီမြှင့်တင်ရမယ်လို့ ဗဟိုဘဏ်…

Read More
VOM News

FREE
VIEW