ရန်ကုန်မှာ ရဲကင်းစခန်း နဲ့ မြို့နယ်တရားရုံးတခု ဗုံးခွဲခံရပြီး ရာအိမ်မှူးတဦးလည်း ပစ်သတ်ခံရ

စက်တင်ဘာ ၁၇-၂၀၂၂
VOM (GG)

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သာကေတ နဲ့ သင်္ဃန်း ကျွန်းမြို့နယ်မှာ ရာအိမ်မှူးတယောက် ပစ်သတ်ခံရပြီး မြို့နယ်တရားရုံးနဲ့ ရဲကင်းစခန်း တခု အဝေးထိန်းဗုံးနဲ့ဖောက်ခွဲခံရတယ်လို့ သိရပါတယ်။

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက် မှာ ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မနက်အစောပိုင်းက ရပ်ကွက်ရာအိမ်မှူး ဖြစ်တဲ့ ဦးအောင်စိုး ဆိုသူကို နေအိမ်အရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” မနက် ၇ နာရီ၅၀ လောက်မှာ ပစ်ခံရတာ၊သေနတ်နဲ့ ၄ ချက်ပစ်ခံရပြီး ပွဲချင်းပြီးပဲ ၊ သူ့အိမ်ရှေ့မှာလမ်းလျှောက်နေချိန် သေနတ်နဲ့အနီးကပ်ပစ်သွားတာလို့သိရတယ် “လို့ လှိုင်မြို့နယ်မှာနေထိုင်သူကပြောပါတယ်။

မနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းကလည်း သင်္ဃန်းကျွန်းမြို့နယ် တရားရုံးကို အဝေးထိန်းဗုံးနဲ့ပစ်ခတ်ဖောက်ခွဲခံခဲ့ရသလို သာကေတမြိုနယ် ၁၀ ရပ်ကွက်၊ အမှတ် ၂ ရဲကင်းစခန်းလည်း လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း၊ တရားရုံး နဲ့ ရဲကင်းစခန်းဗုံးခွဲမှုကိုတော့ ရန်ကုန်အခြေစိုက် PDF အဖွဲ့ တွေကပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ မနေ့ မနက်ပိုင်းကလည်း သာကေတမြို့နယ်မှာ တတိယနှစ် တက္ကသိုလ်ကျောင်းသားတဦး သေနတ်နဲ့ပစ်သတ်ခံရပြီး ဆယ်တန်းကျောင်းသားတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ကမာရွတ်မြို့နယ် စည်ပင်ရဲတပ်ဖွဲ့ဝန်းအရှေ့မှာလည်း ဗုံး၂ကြိမ်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လမ်းမပေါ်သွားလာနေသူ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုပေါင်း ၂၀ ကျော် ရှိခဲ့ပြီး အုပ်ချုပ်ရေးမှူးး၊ ရာအိမ်မှူးနဲ့အရပ်သားသေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW