လက်ဘနွန်မှာ အပ်ငွေထုတ်ပေးဖို့ ဘဏ်ကိုစီးနှင်းတောင်းဆိုမှုတွေ ဖြစ်ပွားပြီးနောက် ဘဏ်တွေပိတ်ဖို့ စီစဉ်နေ

ဘေရွတ်၊ စက်တင်ဘာ-၁၇-၂၀၂၂
မျိုးဆက်(VOM)

လက်ဘနွန်ရှိဘဏ်တွေမှာ အပ်ငွေတွေကို ပြန်ထုတ်ပေးဖို့ တောင်းဆိုမှုတွေနဲ့အတူ ဘဏ်တွေကို ၀င်ရောက်စီးနှင်းမှုတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် လာမယ့်သီတင်းပတ်မှာ ဘဏ်တွေ ၃ ရက်ပိတ်ဖို့ စီစဉ်နေပါတယ်။

မိသားစုအတွက် ဆေးဖိုးပေးချေဖို့ငွေလိုတာကြောင့် ဘဏ်ကအပ်ငွေတွေ ထုတ်ပေးဖို့ အမျိုးသမီးတဦးဟာ ကော်သေနတ်ကိုင်ပြီး ဘဏ်ထဲ၀င်တောင်းဆိုခဲ့မှု စက်တင်ဘာ ၁၄ ရက်ကဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတ၀န်းရှိဘဏ်တွေမှာလည်း အဲဒီလိုဖြစ်စဉ်တွေမြင့်တက်နေပြီး စက်တင်ဘာ ၁၆ ရက်တရက်တည်းမှာပင် ငါးကြိမ်ရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် လာမယ့် စက်တင်ဘာ ၁၉ ရက်ကစပြီး ဘဏ်တွေကို သုံးရက်ပိတ်ဆို့ စီစဉ်နေတာဖြစ်ပါတယ်။

လက်ဘနွန်နိုင်ငံဟာ ဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါး၀ယ်ယူဖို့ အခက်အခဲတွေရှိနေပါတယ်။

လက်ဘနွန်ပေါင်ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာပြီးနောက် လက်ဘနွန်ဘဏ်တွေဟာ ၂၀၁၉ ခုနှစ်ကတည်းက ဒေါ်လာငွေ ထုတ်ယူမှုကို ကန့်သတ်ထားခဲ့ပါတယ်။

Ref: BBC
Photo:BBC
#voiceofmyanmar #VOM #ဘေရွတ်

Related posts

Leave a Comment

VOM News

FREE
VIEW