ကိုဗစ်ရောဂါကုသဆေးကို ဆရာဝန်ညွှန်ကြားစားပြပြီး ငွေကျပ်၂သိန်းခွဲ နဲ့ဝယ်နိုင်ပြီလို့ သ်ိရ

စက်တင်ဘာ ၁၇-၂၀၂၂
VOM (GG)

ကိုဗစ်ရောဂါဖြစ်ပါက သောက်သုံးနိုင်မယ့် ၁၀ လုံးပါ ဆေးကဒ် ၃ ကဒ် ကိုဗစ်ရောဂါကုသဆေး Paclovid ကို ၂၅၀၀၀၀ ( နှစ်သိန်းခွဲ)ကျပ်နဲ့ ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ AA Medical Products Ltd ကုမ္ပဏီကနေ သိရပါတယ်။

ကိုဗစ်ရောဂါကုသဆေး Paclovid ကို ဝယ်ယူဖို့အတွက် ပြည်သူတွေအနေနဲ့က ဆရာဝန် ဆေးညွှန်းစာလိုအပ်သလို ၊ ကိုဗစ်ရောဂါကုသရေးဆရာဝန်၊ဆေးရုံဆေးခန်းနဲ့ ဆေးဆိုင်ကြီးတွေအနေနဲ့လည်း ဝယ်ယူလိုပါက ဆရာဝန်ဆေးညွှန်းစာ၊ဆေးအမှာစာ request letter တွေနဲ့ဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

” Nirmatrelvir 150mgက၂ကဒ်၊ Ritonavir 100mg က ၁ကဒ်၊ဆရာဝန်ညွန်ကြားချက်အတိုင်းသောက်ရမယ်၊ခဲရောင်ကဒ်က၂လုံး၊အပြာကဒ်က ၁လုံး မနက်၃လုံး ည၃လုံးသောက်ရမယ်၊ဆရာဝန်ကမှ အသက်အရွယ်၊ဘော်ဒီဝိတ်ပေါ်မူတည်ပြီးဆရာဝန်ညွှန်ကြား ချက်ပေါ်သောက်ရမှာပေါ့။ ဆရာဝန်နဲ့ပြလို့ဒီဆေးသောက်ရမယ်ဆိုရင် သောက်လို့ရတယ်။ကာကွယ်ဆေးမဟုတ်ဘူး ကုသဆေးပါ။ ” လို့ AA Medical product Ltd wholesale ဆိုင်တခုရဲ့ တာဝန်ရှိသူတဦးကရှင်းပြပါတယ်။

ကိုဗစ်ရောဂါကုသဆေး PACLOVID ဟာ ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ရတဲ့ နှုန်းလျော့နည်းစေခြင်း၊ရောဂါဆိုးရွားစွာ ကူးစက်ခံနေရသူတွေကို စောလျင်စွာကုသနိုင်ရင် သေဆုံးမှုနှုန်း ၉၀ ရာခိုင်နှုန်းအထိလျော့ချပေးနိုင်ခြင်း၊ delta နဲ့ omicron မျိုးစိတ်တွေကို(ဓာတ်ခွဲစမ်းသပ်ချက်အရ) အောင်မြင်စွာကုသနိုင်ခြင်း၊ အသက် ၁၂ နှစ်အ ထက် ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ် အထက် ကလေးတွေကို ကုသမှုပေးနိုင်တယ်လို့ သိရပါတယ်။

PACLOVID ဆေးကို မြန်မာနိုင်မှာပဲ အနောက်တိုင်းဆေးဝါးစက်ရုံ Pacific Medical Industries Ltd ကထုတ်လုပ်တာဖြစ်ကြောင်း၊ WHO အပါအဝင် US FD A ၊ UK MHRA ၊ Korea FDA၊ Singapore FDA အပြင် Myanmar FDA ကလည်း ခွင့်ပြုထားတဲ့ ဆေးဖြစ်တယ်လို့ AA Medical product ကုမ္ပဏီကနေ သိရပါတယ်။

ကိုဗစ်ရောဂါကုသဆေး PACLOVIDကို ရန်ကုန်အပြင် AA medical product Ltd ရုံးခွဲရှိရာဒေသတိုင်းမှာလည်းဝယ်ယူနိုင်တယ်လို့သိရပါတယ်။

အခုလို ကိုဗစ်ကုသဆေးနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဆီ ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ရှိ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ရောဂါကူးစက်မှုတွေ ပြန်လည်ဖြစ်ပွားလာနေပါတယ်။

#voiceofmyanmar #VOM #ကိုဗစ် #ကုသသောက်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW